စစ်ရေးအရ မြန်မာပြည်ကို ဝင်ရောက်စွက်ဖက်ရန် တောင်းဆိုခြင်း

       အမေရိကန်နိုင်ငံသမတ၊ အထက်လွှတ်တော် (ဆီးနိတ်)။ အောက်လွှတ်တော် (ကွန်ဂရက်) အမတ်များ၊ ဒီမိုကရေစီကို လေးစားမြတ်နိုးသော ကမ္ဘာ့ခေါင်းဆောင်များထံသို့ မြန်မာမျိုးချစ်များမှ တောင်းဆိုချက်။

အကျဉ်းတင်ပြချက်
စစ်အာဏာရှင်စနစ်ကြောင့် မြန်မာပြည်သူများအား လူမှုဒုက္ခမျိုးစုံ ပေးနေခြင်းကို ရပ်တမ်းက ရပ်ဖို့  အချိန်ရောက်ပြီ ဖြစ်သည်။ လစ်ဗျားနိုင်ငံ အရေးအခင်းတွင် ပြည်သူများကို အာဏာရှင်မှ မတရား သတ်ဖြတ်ခြင်းမှ ကာကွယ်သည့်အနေဖြင့် နိုင်ငံတကာမှ ၀င်ရောက်ခဲ့သည့် သာဓကအတိုင်း ကျွန်ုပ်တို့ မြန်မာပြည်သူပြည်သားများကိုလည်း ဒီမိုကရေးကို တန်ဖိုးထားသည့်   နိုင်ငံများမှ အလားတူ အကူစစ်ရေးအရ အကူအညီများပေးရန် တောင်းဆိုလိုက်သည်။

တင်ပြချက်
  • လစ်ဗျားနိုင်ငံ အာဏာရှင် ကဒါဖီ၏ တပ်များကို ကုလသမဂ္ဂ ဆုံးဖြတ်ချက်အရ နိုင်ငံတကာ တပ်များမှ လေကြောင်းမှ တိုက်ခိုက်ခြင်းသည် ကျွန်ုပ်တို့ အားလုံးအတွက် မျှော်လင့်ချက်ကို ပေးလိုက်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့ အနေနှင့်လည်း နိုင်ငံတကာမှ လစ်ဗျားနိုင်ငံအား အရေးယူသကဲ့သို့ မြန်မာနိုင်ငံမှ ပြည်သူများ လွတ်မြောက်ရေးအတွက် ကူညီမှုပေးရန် လိုလားသည်။ မြန်မာပြည်သူများသည် စစ်အာဏာရှင် မျိုးဆက် တဆက်ပြီးတဆက်၏ နှိပ်စက်မှု အောက်တွင် ၁၉၆၂ ခုနှစ် မှ စ၍ ယနေ့ ထက်တိုင် ကျရောက်နေခဲ့သည်။

  • မြန်မာပြည်သူများသည် မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် စစ်အာဏာရှင် စံနစ်အောက်တွင် လွတ်လပ်မှုမရှိ ဆိုးဝါးမှုများစွာကို ခါးစည်းခံစားပြီး ကြောက်ရွံ့စွာ နေထိုင်ခဲ့ကြရသည်။

  • ဆေးဝါးကုသမှု မလုံလောက်ခြင်း၊ နိမ့်ကျသော ပညာရေးစနစ်၊ အစာအဟာရ ချို့တဲ့မှု၊ အဓမ္မ လုပ်အားပေး ခိုင်းစေမှု၊ အဓမ္မ ကလေးစစ်သားများ စုဆောင်းခြင်း၊ လျှင်မြန်စွာ ကူးစက်ပြန့်ပွားနေ သော အေအိုင်ဒီအက်ရောဂါ၊ အပူပိုင်းဒေသ ကူးစက်ရောဂါများ   ပွားများနေခြင်းတို့သည် ယနေ့ ပကတိ အခြေအနေ ဖြစ်သည်။

  • မြန်မာပြည်သူများတွင် လွတ်လပ်စွာ မိမိဆန္ဒကို ထုတ်ဖေါ်ပိုင်ခွင့်၊ လွတ်လပ်စွာ အဖွဲ့အစည်း အသင်းအပင်း ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေပိုင်ခွင့်နှင့် ဥစ္စာပစ္စည်း ပိုင်ဆိုင်ခွင့်တို့သည် စစ်အုပ်ချုပ်မှုအောက်တွင် ခွင့်ပြုထားခြင်း   မရှိချေ၊ မြန်မာနိုင်ငံတွင် တရားမျှတစွာ ဥပဒေနှင့်စိုးမိုး အုပ်ချုပ်မှု အလျဉ်းမျှ မရှိချေ။ ၁၉၈၈ ပြည်လုံးကျွတ် ဆန္ဒပြပွဲကြီးဖြစ်သည့် ရှစ်လေးလုံး လူထုအုံကြွမှုကြီးကို ရက်စက်စွာ နှိမ်နင်းခဲ့ခြင်းတွင် အပြစ်မဲ့ ပြည်သူ (၃၀၀၀) ကျော်တို့ အသက်ဆုံးရှုံးခဲ့ကြရသည်။

  • ၂၀၀၃ ခုနှစ် မေလ (၃၀) ရက်နေ့တွင် ဒီပဲယင်း အရေးအခင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထောက်ခံသူ လူဦးရေ ရာကျော်အား ရက်စက်စွာ သတ်ဖြတ်ခြင်းခံခဲ့ကြရသည်။

  • ၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ရွှေဝါရောင်တော်လှန်ရေးဟု အမည်တွင်သော ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် ရဟန်းသံဃာတော်များနှင့် ပြည်သူများကို ရက်စက်စွာ သတ်ဖြတ်ဖြိုခွဲပြီး ကျောင်းသားပြည်သူများနှင့် ရဟန်းသံဃာတော်များကို ထောင်သွင်း အကျဉ်းချခဲ့သည်။

  • မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ အိန္ဒိယ၊ တရုတ်နှင့် ဘင်္ဂလာဒေ့ရှ် နိုင်ငံများတွင် ဒုက္ခသည်ပေါင်း ၂ သန်းကျော် ရောက်ရှိနေခဲ့ကြပြီး ဆယ်စုနှစ် နှစ်ခုခန့်တိုင်  တနေ့အိမ်ပြန်ရနိုးနှင့် စောင့်ဆိုင်းနေကြရသည်။

  • ၂၀၀၈ ခုနှစ်တွင် နာဂစ်မုန်တိုင်း ဒါဏ်ကြောင့် မြစ်ဝကျွန်းပေါ်ဒေသတွင် နေထိုင်သော ပြည်သူ ၁၃၇၀၀၀ ခန့် သေကြေခဲ့ကြပြီး လူနှစ်သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြရသည်။ သို့ရာတွင် စစ်အစိုးရသည် နိုင်ငံတကာမှ အချိန်ကိုက် အကူအညီပေးမှုကို ငြင်းပါယ်ခဲ့ပြီး ကိုယ့်ပြည်သူများ၏ ဒုက္ခကို မျက်ကွယ်ပြု၍ သတင်းပတ်များစွာ ပိတ်ဆို့ထားခဲ့သည်။ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး ဘားနတ်ကောချနာက ကုလသမဂ္ဂမှ ပြည်သူများကို ကာကွယ်ရန် တာဝန်ရှိသည်ဆိုသည့် ကုလဆုံးဖြတ်ချက်အရ စစ်အာဏာရှင်က ခွင့်ပြုခြင်းမရှိသော်လည်း မိမိသဘောနှင့် ၀င်ပြီး ပြည်သူကို ကယ်တင်သင့်ကြောင်း ပြောကြားခဲ့သည်။

ပြင်သစ်သမတ နီကိုလပ်ဆာကိုဇီက ယနေ့မှစ၍ မည်သည့် အာဏာရှင်မဆို မိမိပြည်သူကို သတ်နေပါက လက်ပိုက်ကြည့်နေတော့မည် မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုပြောကြားချက်သည် ကျွန်ုပ်တို့အား ခွန်အားဖြစ်စေခဲ့ပါသည်။ ကျွန်ုပ်တို့ အနေနှင့်လည်း ပြင်သစ် သမတက ပြောစကားအတိုင်း ပြုလုပ်မည်ကို စောင့်မျှော်ကြည့်နေမည် ဖြစ်သလို အခြား ဒီမိုကရေစီ နိုင်ငံများနှင့် အမေရိကန်နိုင်ငံတို့ကလည်း ပြင်သစ်နိုင်ငံ၏ ရပ်တည်ချက်အတိုင်း ပြုလုပ်ကြရန် တိုက်တွန်းလိုက်သည်။

  • ၂၀၁၀ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဂီရိမုန်တိုင်း ဒါဏ်ကို ဒုတိယအကြိမ် ခံခဲ့ရပြန်သည်။ သို့ရာတွင် စစ်အစိုးရက ပျက်စီးမှုများကို ဖုံးကွယ်၍ ထိခိုက်မှု သိပ်မရှိသယောင် နိုင်ငံတကာကူညီမှုကို မ၀င် ရောက်နိုင်ရန် ပြုလုပ်ခဲ့ပြန်သည်။

  • ကျွန်ုပ်တို့အနေနှင့် မြန်မာနိုင်ငံအရေးကို နိုင်ငံတကာမှ ကိုယ်ထိလက်ရောက် ၀ိုင်းဝန်း ကူညီကြရန် အချန်ရောက်ပြီဟု တိုက်တွန်းချင်သည်။ ကုလသမဂ္ဂမှ လစ်ဗျားနိုင်ငံသို့ ၀င်ရောက်နိုင်ခဲ့လျှင် အဘယ်ကြောင့် မြန်မာနိုင်ငံသို့ မ၀င်ရောက်နိုင်သနည်းဟု မေးချင်ပါသည်။

  • မြန်မာနိုင်ငံသည် အိပ်ပျော်နေသော မီးတောင်နှင့်တူပါသည်၊ အကယ်၍ ပြည်သူများက ၎င်းတို့၏ အခွင့်အရေးများကို အုံကြွတောင်းဆိုလာပါက စစ်အစိုးရမှ ရက်စက်စွာ သတ်ဖြတ်အုံးမည်ဖြစ် သည်။ ကျွန်ုပ်တို့အနေနှင့် နိုင်ငံတကာ အစိုးရများမှ အနာဂတ်ဖြစ်ပေါ်လာမည့် လူထုအုံကြွမှုကို သတိနှင့်စောင့်ကြည့်၍ ငြိမ်းချမ်းစွာ မိမိတို့လိုလားချက်များကို တောင်းဆိုသော ပြည်သူများကို                                                                       အကာအကွယ်ပေးဖို့ လိုပါသည်။ ကျွန်ုပ်တို့ အနေနှင့် တရုပ်နှင့် ရုရှားအစိုးရတို့ကိုလည်း ယင်းကဲ့သို့ ဖြစ်ပေါ်လာပါက ယခင်က ၎င်းတို့ မြန်မာအရေးတွင် ဗီတိုအာဏာသုံး၍ စစ်အစိုးရအား အကာအကွယ် ပေးမှုမျိုးကို ဆက်လက်မပြုလုပ်ရန် တောင်းဆိုလိုက်ပါသည်။

  • ကုလသမဂ္ဂ ဆုံးဖြတ်ချက်များကို စစ်အစိုးရသည် ဘယ်သောအခါကမျှ ဂရုပြု လိုက်နာခဲ့ခြင်း မရှိခဲ့ပါ ထိုဆုံးဖြတ်ချက်များတွင် ထိရောက်သည့် ဖိအားလက်နက် မပါရှိသဖြင့် မြန်မာပြည်သူတို့၏ ဒုက္ခကို လွတ်မြောက်သွားရန် မပြုလုပ်နိုင်ခဲ့ပါ။ မြန်မာပြည်သူများကို စစ်ကျွန်ဘ၀မှ လွတ်မြောက်ရန် ပြုလုပ်နိုင်သော တခုတည်းသော နည်းလမ်းမှာ လစ်ဗျားနိုင်ငံ ကဲ့သို့ ပြည်သူများကို သတ်ဖြတ်မှုမှ ကာကွယ်ရန် စစ်ရေးအရ ၀င်ရောက်စွက်ဖက်မှုပင် ဖြစ်သည်။ ကျွန်ုပ်တို့ မြန်မာပြည်သူများအနေနှင့် မိမိတို့၏ လွတ်မြောက်ရေးအတွက် စစ်ရေးအရ ၀င်ရောက်မှု့  ကို လိုလားပါသည်။

ထိုကဲသို့ စစ်ရေးအရ ၀င်ရောက်မှုသည် မြန်မာနိုင်ငံကို နိုင်ငံခြားတပ်များမှ ကိုလိုနီပြုရန် ၀င်ရောက်ခြင်းဟု မြန်မာပြည်သူများမှ လုံးဝယူဆလိမ့်မည် မဟုတ်ဘဲ မိမိတို့အား စစ်ကျွန်ဘ၀မှ လွတ်လပ်သော  ဂုဏ်သိက္ခာရှိသော လူသားများအဖြစ် ကမ္ဘာ့အလယ်တွင် ရပ်တည်နိုင်ရန် လူသားခြင်းစာနာ ထောက်ထားသော စိတ်ထားဖြင့် ၀င်ရောက်ကူညီသည်ဟု သတ်မှတ်ကာ ထာဝစဉ် ကျေးဇူးတင်ရှိနေမည်ဖြစ်ကြောင်း ကမ္ဘာ့နိုင်ငံ အသီးသီးသို့ ကြိုတင်အသိပေး အကြောင်းကြားအပ်ပါသည်။


စစ်ကျွန်ဘ၀သို့ ရောက်နေကြသော ပြည်သူများကိုယ်စား မြန်မာမျိုးချစ်များ

 

Military Intervention on Burma Petition

OVERVIEW

Burmese people have been suffered enough under military rule and now Libya case proved that we will have the same rights to demand from the democracy loving countries to help us.  Our people have been slaughtered by the military for decades.  We need the world to know that we are human being and we deserve to choose the government we like.  Our destiny for freedom will not come to reality if there is foreign military intervention in Burma.
Burmese people have been suffered enough under military rule and now Libya case proved that we will have the same rights to demand from the democracy loving countries to help us.  Our people have been slaughtered by the military for decades.  We need the world to know that we are human being and we deserve to choose the government we like.  Our destiny for freedom will not come to reality without foreign military intervention in Burma.
To Honorable World Democratic Leaders
An Appeal to the International Communities by Burmese Nationalists

The current attack on Libyan dictator Muammar Gadaffi’s troops by international air strikes gave our people hope. We want the same action from the international communities for our beloved country Burma, which has been under successive military regimes since 1962.
The Burmese people have been living hopelessly in fear under terrible conditions: brutal military regimes that have ruled for more than four decades, lack of medical care, a poor education system; malnutrition, forced labor, the taking of child soldiers, and rapidly spreading AIDS and tropical diseases are indicative of Burma today.

Burmese people have no freedom of expression, organization, or publication, and we lack of property rights under military rule. There is no rule of law in Burma.
Nationwide demonstrations on August 8, 1988, which was known as the Four-Eighths Movement, were crushed by brutal force, with government forces killing more than 3,000 unarmed demonstrators.
On May 30, 2003, the Depeyin Massacre killed more than a hundred members of the opposition political party, the National League for Democracy.
In September 2007, a peaceful demonstration known as the Saffron Revolution was led by Buddhist monks. It was crushed and thousands including monks were put into prisons.

Over two million refugees have been staying in Burma’s neighboring countries (Thailand, China, India, and Bangladesh) for more than two decades and are hoping to go home someday.
In 2008, Cyclone Nergis hit hard Burma’s delta region, killing more than 137,000 people and leaving two and a half million homeless. But the military regime refused foreign aid for weeks and let its people die. The French foreign Minister Bernard Kouchner suggested that the United Nations should invoke its “responsibility to protect” civilians as the basis for a resolution to allow the delivery of international aid even without the Junta’s permission.
We were encouraged by French President Nicolas Sarkozy’s assurance that from now on France will not allow any dictatorial regime to slaughter its own people. We are counting on his words and want to see the USA and other democratic countries take the same stand.
In 2010, Burma was hit again by Cyclone Giri, but still the Junta downplayed the damage and ignored offers of help from international donors.
We think it is time for the international community to act on Burma. If the United Nations can intervene in Libya, why not in Burma?
Burma is like a sleeping volcano; it can erupt any time. When people rise up for their rights, the regime will slaughter thousands of innocent people again. We want the international community to prepare for that moment so that it can help our peaceful demonstrators who want to decide their own destiny. We also request that the Chinese and Russian governments not use their veto again, as they did in the past, if something happens in Burma in the near future.
Many United Nations’ resolutions were never complied with by the Burmese regime and were ignored time after time. The United Nations’ resolutions on Burma never help the suffering people because the resolutions have no teeth. The only thing that can save the Burmese people from the slavery of the military Junta is international intervention just like in Libya. We, the people of Burma, want to see international military intervention in Burma to free us from our suffering.
Burmese people will not see the international military intervention as  occupational forces, we see it as the liberation forces which aim is to free Burma from military yoke.
Burmese Nationalists, 88 Generation and new generations.

No comments: