ကျွန်တော်တို့ မြန်မာနိုင်ငံမှာ INGO လို့ခေါ်တဲ့ အစိုးရ မဟုတ်တဲ့ လူမှုရေး အဖွဲ့အစည်းတွေ ရှိကြတာ သိကြလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ မှာရှိတဲ့ HIV/AIDS ပြန့်ပွားမှုနှုန်းကို ထိန်းချုပ်တဲ့နေရာမှာ ဒီအဖွဲ့အစည်းတွေရဲ့ ပါဝင်ဆောင်ရွက်မှုတွေဟာ အလွန်အရေးကြီးတဲ့ ကဏ္ဍအနေနဲ့ ပါဝင်လာပါတယ်။ HIV ကူးစက်မှုနှုန်းမြင့်မားတဲ့ လူအုပ်စု နှစ်ခုဖြစ်တဲ့ MSM လို့ခေါ်တဲ့ ယောင်္ကျားလေးချင်း လိင်တူစုံမက်သူများနှင့် ကိုယ်ခန္ဓာကို ငွေကြေးနှင့် ဖလှယ်ပြီး အသက်မွေး ဝမ်းကြောင်းမှုပြုတဲ့ မိန်းခလေးတွေဆိုတဲ့ အုပ်စုနှစ်ခု အကြားမှာ မြင့်တက်လျှက်ရှိတဲ့ HIV ကူးစက်မှုနှုန်းကို လျှော့ချနိုင်ဖို့အတွက် INGO အဖွဲ့အစည်းတော်တော် များများ မြန်မာနိုင်ငံအတွင်းမှာ ဆောင်ရွက်လျှက်ရှိပါတယ်။ ၎င်းအဖွဲ့တွေ တော်တော်များများဟာ အုပ်စုတူအချင်းချင်း ပညာပေးစေတဲ့ နည်းလမ်းကို အသုံးပြုပါတယ်။
ဒါကြောင့် လိင်လုပ်သား မိန်းခလေးတွေကို ကျန်းမာရေး ပညာပေးနိုင်ရေးအတွက် အတန်းပညာ အနည်းငယ်တက်မြောက်တဲ့ လိင်လုပ်သားမိန်းကလေးတွေကို လစာပေးပြီး ခန့်ထားပေးတဲ့အတွက် ၎င်းမိန်းခလေးတွေမှာ ကောင်းကောင်းမွန်မွန် လုပ်ကိုင် စားသောက်နိုင်ဖို့ အခွင့်အလမ်းတွေ ပေါ်လာတဲ့အတွက် အလွန်ပဲဝမ်းမြောက်ဖို့ ကောင်းပါတယ်။ စားဝတ်နေရေး ကျပ်တည်းမူကြောင့် လိင်လုပ်ငန်း လုပ်ကိုင်စားသောက် ရသူတွေအတွက် လွတ်လမ်းတစ်ခုပေါ့။ ဒါပေမယ့်ပေါ့ ၈ မိုင်နားမှာရှိတဲ့ INGO တခုမှာမှာတော့ ရာထူးကြီးကြီး ယူထားတဲ့ ကိုယ်တိုင်လည်း လိင်လုပ်ငန်းကို လုပ်ကိုင်ဖူးတဲ့ အမျိုးသမီး တယောက်နှင့် ဘင်္ဂလားဒေ့ နိုင်ငံသား တယောက်တို့ဟာ မိမိတို့ ကိုယ်ကျိုးအတွက် ဒီအမျိုးသမီးလေးတွေကို အသုံးချလျှက် ရှိပါတယ်။ ၎င်းတို့နှစ်ယောက်ဟာ APNSW http://apnswdollhouse.wordpress.com အဖွဲ့မှ အထောက်အပံ့များကို ယူပြီး မြန်မာနိုင်ငံမှာ လိင်လုပ်ငန်းကို တရားဝင်ဖြစ်ရေးအတွက် လုပ်ဆောင်နေပါတယ်။ ပညာပေးလုပ်ငန်းကို အကာအကွယ် ယူပြီး Sex worker Right ဆိုပြီး လုပ်ဆောင်နေကြ ပါတယ်။ ပညာပေး လုပ်ငန်းလုပ်တဲ့ မိန်းခလေး တွေက လိင်လုပ်ငန်းအစား အခြားဝင်ငွေရတဲ့ လုပ်ငန်းကို လုပ်ကိုင်ကြဖို့ အကြံပေးတယ်လို့ ကြားသိရင် ၎င်းမိန်းခလေးတွေကို ဆူပူကြိမ်းမောင်းပြီး တခါတစ်ရံ အလုပ်ကနေ ထုတ်ပစ်လိုက်တယ်လို့ သိရပါတယ်။ ဒါကြောင့် မိန်းခလေးတွေဟာ အလုပ်ပြုတ်မှာ စိုးတဲ့အတွက် ရေငုံ နှုတ်ပိတ်နေကြရတယ်လို့ သိရှိရပါတယ်။ လိင်လုပ်ငန်းကို ဆက်လက်မလုပ်ကိုင်တော့ဘူးလို့ ကြားသိရင်လည်း အလုပ်ဖြုတ်ခံရပါတယ်။ဒါ့အပြင် ၎င်း INGO ရုံးဖွင့်ရာ ဒေသ အသီးသီးမှာလည်း အမျိုးသမီး လေးတွေကို ၎င်း apnsw အဖွဲ့ကို ဝင်ရောက်ခိုင်းပြီး လိင်လုပ်ငန်းကို ပိုမိုကျယ်ပြန့်အောင် စည်းရုံးဆောင်ရွက်စေတယ်လို့လည်း သိရပါတယ်။ တချို့ဝန်ထမ်းအမျိုးသမီး လေးတွေဟာ လိင်လုပ်ငန်းလုပ်ရင်း HIV ပိုးကူးစက်ခံထားရပြီး မိမိနှင့် ဘဝတူသူငယ်ချင်းတွေကို မိမိလို မဖြစ်အောင်နဲ့ ၎င်း INGO ရဲ့ ထောက်ခံမှုနဲ့ HIV ပိုးကိုယ်တွင်း တိုးပွားလာမှုကို ထိန်းချုပ်နိုင်စေတဲ့ ARV ဆေးဝါး သောက်သုံးနိုင်စေဖို့ ဝင်ရောက်လုပ်ကိုင်နေတာ ဖြစ်တာကြောင့် အသက်ဆက်ရှင်ရေးအတွက် အလုပ်ပြုတ် မခံနိုင်ကြောင်း သိရှိရပါတယ်။ HIV ကာကွယ်ရေးလုပ်ငန်းတွေကို အကာအကွယ်ယူပြီး မိမိ ကိုယ်ကျိုးအတွက် တိုင်းတပါးသားတွေနဲ့ ပေါင်းပြီး မိမိလူမျိုး အမျိုးသမီးထုကို ဖျက်ဆီးဖို့ ကျန်နေတဲ့ ဒီအမျိုးသမီးရဲ့ လုပ်ရပ်များကို မြန်မာအမျိုးသမီးများ သိရှိနိုင်ရေးအတွက် ဝိုင်းဝန်း တားဆီးနိုင်ရေးအတွက် နှမချင်း စာနာစွာနဲ့ တင်ပြလိုက်ပါတယ်။
မောင်ချိန်ခွင်ရေးသားသည်။
မန္တလေးဂေဇက်မှ ကူးယူသည်။
1 comment:
ကျွန်တော်တို့ မြန်မာတွေ ဆင်းရဲဒုက္ခရောက်ပြီး အောက်ကြနောက်ကျဖြစ်နေတာ မြန်မာတွေထဲမှာ ဘယ်သူသေသေငတေမါပြီးရောစိတ်နဲ့ အောက်တန်းကျတဲ့သူတွေ နေရာတကာမှာများလွန်းနေ တာကြောင့်လို့ဘဲ ယူဆမိပါတယ်
Post a Comment