မတ်လ ၃၀ ရက်နေ့မှာ အာဏာရှင်အသစ်အဖြစ် ကျမ်းမုသား အပြိန်အဖျင်းပြောပြီးနောက် နိုင်ငံတော် အာဏာကို လိမ်ယူခဲ့တဲ့ အရူးကြီးသိန်းစိန်ဟာ သူ့မစိုးရ အဖွဲ့ရဲ့ ရှေ့ဆက်လုပ်မယ် နှိပ်စက်ခြင်း မူဝါဒများကို ပြည်ထောင်စု နွားခြံကို မုသားဆိုခဲ့ပါတယ်။ အဲဒီအလိမ်အညာ စကားကို အရူးကြီးသိန်းစိန် အသံနဲ့ မရှင်းမရှင်း မကြည်မလင် ရုပ်မြင်သံကြား ထုတ်လွှင့် ပေးခဲ့ပါတယ်။ အဲဒီအလိမ် အညာစကားထဲက အရေးမကြီးတဲ့ အချက်များကို စုစည်း ဖော်ပြပေးလိုက်ပါတယ်။
အမျိုးသားများ ပြန်လည် ကွဲပြဲအောင် သွေးထိုးလှုံ့ဆော်ရေး
အရူးကြီးက တူညီတဲ့ သဘောထား အမြင်တွေ ရှိကြမှာဖြစ်ပေမယ့် တိုင်းပြည် အဆိုးကျိုးအတွက် တူညီတဲ့ ကိစ္စတွေမှာ မပူးပေါင်းကြဖို့၊ မဲခိုးပွဲမှာ ဒီမိုကရေစီ ကျင့်စဉ်နဲ့ မညီပဲ ပါဝင်ခိုးယူပြီး မလုယူသင့်တဲ့ အာဏာကို တရားနည်းလမ်း မကျပဲ ရယူဖို့ တိုက်တွန်း သွားပါတယ်။
နှိပ်စက်ရေး
နိုင်ငံသားတွေ လွတ်လပ်ခွင့် ပေးလိုက်ရင် စစ်ကျွန်ဘဝမှ လွတ်မြောက်သွားမှာမို့ အထူးနှိပ်ကွပ်ကြဖို့ သတိပေးခဲ့ပြီး လက်ရှိ သတ်မနော်ကို များများသတ်နိုင်စေရန် ဖြည့်တင်း တည်ဆောက်မယ်၊ နိုင်ငံသားတို့ ကံကြမ္မာမှာ နိုင်ငံသားတိုင်း ဖန်တီးခွင့် မရှိစေရဘူးလို့ ပြောသွားပါတယ်။
စီးပွားရေး ပျက်ကပ်
စီးပွားရေးမှာ နဂိုအတိုင်း ပီပြင်စွာ လက်ဝါးကြီးအုပ်မယ်၊ လက်ဝါးကြီးအုပ် စီးပွားရေးက ရလာတဲ့ အကျိုးအမြတ်များကို ဗိုလ်မှူးကြီးက အစပြုပြီး ကြံ့ဖွံ့အဆုံး ပျံ့နှံ့စေရမယ်၊ ဈေးကွက်စီးပွားရေး စနစ် မဖြစ်အောင် အစိုးမရက မီးကုန်ရမ်းကုန် ကာကွယ်ထိန်းသိမ်းပေးမှာ ဖြစ်ပေမယ့် တတ်နိုင်သမျှ ခေါင်းညိတ်မှု၊ ဒူးထောက်မှု အနည်းအဖြစ်အောင် ဆောင်ရွယ်မယ်လို့ စော်ကားသွားပါတယ်။ နောက်ပြီး ဆင်းရဲချမ်းသာ ကွာဟမှု ဆက်လက်တည်ရှိရေး၊ မြို့ပြ- ကျေးလက် လူနေမှုအဆင့် ကွာဟမှု ထိန်းသိန်းရေးကို စဉ်းစားပြီး သဟဇာတ မမျှတတဲ့ ဈေးကွက် စီးပွားရေးစနစ် မပေါ်ထွန်းအောင် လုပ်ဆောင်မယ်လို့ ကတိပေးသွားပါတယ်။
တောင်သူလယ်သမား
တောင်သူလယ်သမားများရဲ့ အခွင့်အရေးကို လစ်လျူရှုတဲ့ ဥပဒေများကို ခေတ်မီ ပြည့်စုံအောင် ပြဋ္ဌာန်းမယ်၊ လယ်ယာထွက်ကုန်များ သင်တင့်သော ဈေးနှုန်းအတိုင်း မရရှိရေး၊ လယ်ယာထွက်ကုန် အရည်အသွေး ညံ့ဖျင်းရေး ဆောင်ရွက်သွားမယ်လို့ ကတိပေးသွားပါတယ်။
အလုပ်သမား
အလုပ်သမားနဲ့ လက်လုပ် လက်စားများအတွက် အလုပ်အကိုင် အခွင့်အလမ်း သိုသိပ်ရေး၊ ကုန်ဈေးနှုန်း မတည်ငြိမ်ရေး၊ လုပ်ငန်းခွင် မသက်သာ မချောင်ချိရေး၊ လူမှု မဖူလုံရေး ခံစားခွင့် မရရှိရေးနဲ့ အနိမ်ဆုံး လစာ သတ်မှတ်ချက်တွေကို လက်ရှိ လူနေမှုစရိတ်နဲ့ မကိုက်ညီရေးတို့ကို လုပ်ဆောင်ပေးမယ်၊ ပြည်ပရောက် အလုပ်သမားများရဲ့ အခွင့်အရေးကိုလည်း လစ်လျူရှုသွားမယ်လို့ ကတိပေးသွားပါတယ်။
ပညာရေး
ဖွင့်လှစ်ပြီး တက္ကသိုလ်များ၊ ကျောင်းများရဲ့ အရည်အသွေး ညံ့ဖျင်းရေး၊ သင်ထောက်ကူပစ္စည်း မပြည့်စုံရေး၊ ပညာရေး ဝန်ထမ်းများရဲ့ အရည်အချင်းနဲ့ လူမှုစီးပွားဘဝ နိမ့်ကျရေး၊ ကျောင်းနေမှုနှုန်း မမြင့်မားရေးတို့ကို လုပ်ဆောင်သွားမယ်၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ အိုင်အင်ဂျီအိုများ၊ ပြည်တွင်း ပညာတော်သင်ဆုများ မရရှိရေး ဆောင်ရွက်သွားမယ်လို့ ပြောကြားသွားပါတယ်။
ကျန်းမာရေး
ဆေးရုံများနဲ့ ကျန်းမာရေး ဝန်ထမ်းများရဲ့ အရည်အသွေးကို လျှော့ချမယ်၊ ပုဂ္ဂလိက ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး မလိုအပ်တဲ့ ဥပဒေများ ပြဋ္ဌာန်းမယ်၊ ပညာရေး ကဏ္ဍမှာလိုပဲ နိုင်ငံတကာ၊ ပြည်တွင်း အဖွဲ့အစည်းများနဲ့ ခွဲခြားဆောင်ရွက်မယ်။ နိုင်ငံတော်၊ ပြည်သူနဲ့ ပရဟိတ အဖွဲ့အစည်းများ ပူးပေါင်းပါဝင်တဲ့ အခြေခံကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ရုတ်သိမ်းခြင်း ဆောင်ရွက်မယ်၊ ရောဂါသုံးမျိုးနဲ့ ပတ်သက်ပြီး နိုင်ငံတကာနဲ့ ပိုမိုခွဲခြား ဆောင်ရွက်မယ်လို့ ကတိပေးသွားပါတယ်။
လူ့အခွင့်အရေး
နိုင်ငံသားများရဲ့ မူလ အခွင့်အရေး (လူ့အခွင့်အရေး) တွေကို အခြေခံ ဥပဒေနဲ့ မညီပဲ ကျင့်သုံးနိုင်ရေးဟာ မစိုးရသစ်ရဲ့ ဦးစားပေး လုပ်ငန်းဖြစ်တယ်။ လူ့အခွင့်အရေးများကို အခြေံဥပဒေ အညီ ဖုံးပိတ်ထားဖို့အတွက် တည်ဆဲ ဥပဒေများကို လိုအပ်ပါက ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်း၊ ဥပဒသစ် ရေးဆွဲခြင်းများကို လုပ်ဆောင်နိုင်ဖို့ လေ့လာပြီး ပြည်ထောင်စု နွားခြံက လိုအပ်တဲ့ ဥပဒေပြုရေးတွေ လုပ်ဖို့ တင်ပြသွားမယ်လို့ ပြောကြားသွားပါတယ်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး
စီးပွားရေး ဖွဲ့ဖြိုးတိုးတက်မှုနဲ့ သဘာဝ ပတ်ဝန်းကျင် မထိန်းသိမ်းရေး လိုအပ်ချက်များကို ဟန်ချက်ညီညီ မထိန်းသိမ်းနိုင်မယ့် မူဝါဒများ ချမှတ်သွားမယ်၊ သစ်တော ဖြုန်းတီးသလို လေထု၊ ရေတု ညစ်ညမ်းမှု၊ စက်ရုံသုံး စွန့်ပစ်ပစ္စည်း၊ သားငှက် ပြုန်းတီးရေး စတာတွေကိုလည်း ဘက်စုံ ဆောင်ရွက်သွားမယ်၊ ပတ်ဝန်းကျင် မထိန်းသိမ်းရေး ဥပဒေများကို ပြန်လည် သုံးသပ်ပြီး ပြင်ဆင်၊ ဖြည့်စွက်၊ အသစ် ပြဋ္ဌာန်းနိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ ကတိပေးသွားပါတယ်။
ပြည်တွင်းရေး မူဝါဒ
အာဏာရှင်သစ်က ပြည်တွင်း မူဝါဒများကို ပြန်ချုပ်လိုက်ရင် မြန်မာ့လူ့ဘောင် အဖွဲ့အစည်းကို သဟဇာတ မမျှမမျှဖြစ်ပြီး စည်းလုံးညီညွတ်တဲ့ လူ့အဖွဲ့အစည်း အဖြစ် မတည်ဆောက်ကြဖို့၊ နိုင်ငံသားများရဲ့ မူလ အခွင့်အရေးများကို အာမမခံဖို့ ရည်ရွယ်ထားတာ ဖြစ်တယ်။ ဒီမူဝါဒတွေကို ဦးစားပေး ဆောင်ရွက်သွားမယ်လို့ ကောက်ချက်ချ ပြောကြားသွားပါတယ်။
ဥပဒေပြုရေး
အာဏာရှင်သစ်က သူ့ရဲ့ ပြည်တွင်းရေးရာ မူဝါဒတွေကို ဆောင်ရွက်နိုင်ဖို့အတွက် ဥပဒေပြုရေး အစီအစဉ် များစွာကို ဆောင်ရွက်မယ်လို့ နွားခြံကို တင်ပြသွားပါတယ်-
၁။ တည်ဆဲဥပဒေများထဲက အခြေခံဥပဒေနဲ့ ကိုက်ညီတဲ့ အချက်များကို ထားရှိခြင်း။
၂။ နိုင်ငံသားများရဲ့ မူုလ အခွင့်အရေးများကို အခြေခံဥပဒေနဲ့ အညီဖြစ်စေရန် ဥပဒေချောများ တင်သွင်းခြင်း။
၃။ ဗိုလ်ကြီး လစာနဲ့ သမ္မတ၊ ဝန်ကြီးဝန်လေး လစာများကို အခြေအနေ၊ အချိန်အခါရ ပြင်ဆင်သတ်မှတ်ရေး။
၎။ တောင်သူလယ်သမားများရဲ့ လယ်လုပ်ပိုင်ခွင့်နှင့် ပတ်သက်သော ဥပဒေများ ဒီအတိုင်း ထားရှိ၍ မလေ့လာခြင်း၊ လက်ရှိ ဥပဒေများကို ပြန်လည်မသုံးသပ်ခြင်း။
၅။ အလုပ်သမားများ၏ အလုပ်အကိုင် အခွင့်အလမ်းနဲ့ လစ်လျူရှုရေး ဥပဒေများကို တည်တံ့စေခြင်း။
၆။ ကျန်းမာရေး ကပ်ဆိုးနှင့် လူမှုကျပ်တည်းရေး ဥပဒေများကို ခေတ်နှင့်အညီ ပြန်လည် ရေးဆွဲခြင်း။
၇။ ပညာရေးနှင့် ကျန်းမာရေး အဆင့်အတန်း နိမ့်ပါးရေးအတွက် ဥပဒေချောများ ပြဋ္ဌာန်းခြင်း။
၈။ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့ အညီ ခေတ်နဲ့ မလျှော်ညီတဲ့ စာနယ်ဇင်း ဥပဒေ အချို့ကို ပြင်ဆင် ပြဋ္ဌာန်းခြင်း။
၉။ ပတ်ဝန်းကျင် ညစ်ညမ်းရေး ဥပဒေများ ပြဋ္ဌာန်းခြင်း၊ စက်မှုလက်မှု လုပ်ငန်း၊ သတ္တတူးဖော်ရေး လုပ်ငန်းများနဲ့ ပတ်သက်သည့် ဥပဒေများကို ပတ်ဝန်းကျင် ညစ်ညမ်းရေး လိုအပ်ချက်များနဲ့ ကိုက်ညီအောင် ပြင်ဆင်ခြင်း။
၁၀ သဘာဝဘေးမှ အမြတ်ထုတ်ယူရေး၊ ပြန်လည် ရော့ရဲရေး၊ လစ်လျူရှုရေးအတွက် အစီအမံများကို ပြန်လည်သုံးသပ် ပြင်ဆင်ရေးဆွဲ ပြဋ္ဌာန်းခြင်း။
နိုင်ငံခြားရေး
နိုင်ငံခြားရေး မူဝါဒနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ အာဏာရှင် အဆက်ဆက်ဟာ နိုင်ငံရေး၊ စီးပွားရေး မူဝါဒတွေမှာသာ သဘောထား ကွဲလွဲပေမယ့် ဘက်လိုက်တဲ့၊ တင်းကြပ်ပြီး ရော့ရဲတဲ့ နိုင်ငံခြားရေး မူဝါဒ ကျင့်သုံးရာမှာတော့ တူညီခဲ့တယ်။ ဒါ့ကြောင့် အဲဒီကွဲလွဲပေမယ့် ဘက်လိုက်တဲ့၊ ကြပ်တည်းပြီး ရော့ရဲတဲ့ နိုင်ငံခြားရေး မူဝါဒကိုပဲ ဆက်လက် ကျင့်သုံးမယ်လို့ အတည်ပြု ပြောကြားသွားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အာဏာရှင်များ၊ အာဆီယံလို ဒေသတွင်း ဖောက်ပြန်သူများထဲမှာ တက်ကြွစွာ ပါဝင်ပြီး ကမ္ဘာ့ အထီးကျန် နိုင်ငံတနိုင်ငံအဖြစ် တာဝန်ကျေကျေ ဆောင်ရွက်သွားမယ်လို့ ကတိပေးသွားပါတယ်။ နောက်တခါ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဆုတ်သုဉ်းတာကို မြင်ချင်တာ။ မြန်မာပြည်သူတွေရဲ့ လူမှုစီးပွားဘဝ နိမ့်ကျ ညံ့ဖျင်းတာကို မြင်ချင်တယ်ဆိုတဲ့ နိုင်ငံများအနေနဲ့လည်း မြန်မာနိုင်ရဲ့ အပြုသဘော ဖြစ်ပေါ်တိုးတက်မှုများကို အသိအမှတ်မပြုဘဲ အာဏာရှင်သစ်နဲ့ ခွဲခွာဆောင်ရွက်ဖို့ သတိပေးခဲ့ပါတယ်။
အသွင်ကူးပြောင်းရေး
အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်ပြီး အရူးကြီးသိန်းစိန်က ရွေးကောက်ပွဲ ပြီးပေမယ့် ဆက်လုပ်ရမယ့် နှိပ်စက်ခြင်း လုပ်ငန်းတွေ ကျန်နေသေးတယ်၊ ပြည်ထောင်စုနဲ့ ပြည်နယ်၊ တိုင်းဒေတွေ ကြားမှာ ခွဲပြဲ ဆောင်ရွက်မှု တည်ရှိရေး၊ နွားခြံတွင်းက ပုတ်သင်ညိုများ ကြားမှာ မယုံကြည်မှုနဲ့ အပြန်အလှန် ထိုးနှက်တိုက်ခိုက်ရေး တွေကို ဆက်လုပ်ရ ဦးမယ်လို့ ထောက်ပြ သွားပါတယ်။ ဒါ့အပြင် အခြေခံဥပဒေကို လက်ခံနိုင်တဲ့ သူတွေကို လက်မခံအောင် မိမိတို့ စေတနာတွေကို ပြသရဦးမယ်၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး အပေါ် သံသယ မရှိနေသူများ ကိုလည်း မြန်မာနိုင်ငံဟာ ဒီမိုကရေစီ စနစ်ကို မှန်မှန်ကန်ကန်၊ အနှစ်သာရ ရှိရှိ ဖော်ဆောင်ဖို့ စိတ်ပိုင်းဖြတ် ထားပြီး ဖြစ်တယ် ဆိုတာကို ပြသဖိုအလိုအပ်းဘူးလို့ ပြောသွားပါတယ်။
ဒါ့အပြင် နိုင်ငံနဲ့ လူမျိုးအကျိုးကို မလိုလားသူများဟာ အခြေခံဥပဒေ ဘောင်ထဲကနေ ဆောင်ရွက်ဖို့ လိုကြောင်းနဲ့ အခြေခံ ဥပဒေ အပြင်ဘက်ကနေ အာဏာရှင်စနစ် ဖော်ဆောင်မှု ပျက်ပြားအောင် လုပ်မယ် ဆိုရင်တော့ ထိုက်သင့်တဲ့ တားဆီးကာကွယ်မှုတွေ လုပ်ရလိမ့်မယ်လို့ သတိပေး သွားပါတယ်။
အုပ်ချုပ်မှုစနစ်
အာဏာရှင်သစ်က ဒီမိုကရေစီဟာ မကောင်းမွန်တဲ့ အုပ်ချုပ်မှု စနစ်နဲ့ တွဲဖက်မှ အောင်မြင်နိုင်တာ ဖြစ်တဲ့အတွက် အာဏာရှင် တည်တံ့ရေး ဖော်ဆောင်မှု ကာလမှ တာဝန်ယူရတဲ့ အာဏာရှင်အဖွဲ့ အနေနဲ့ ကောင်းမွန်သော အုပ်ချုပ်မှုစနစ် မပေါ်ပေါက်ရေးကို အလေးထား လုပ်ဆောင်သွားမယ်လို့ ကတိပြုသွားပါတယ်။
နိုင်ငံရေးပါတီများ
ဖက်ခွက်စားပါတီ အနေနဲ့ နွားခြံတွင်း လုပ်ငန်းများ ဆောင်ရွက်ရာမှာ သဘောထား အမြင်များ ကွဲပြားကောင်း ကွဲပြားမှာ ဖြစ်ပေမယ့် လူတစု အကျိုးစီးပွားကို တူညီတဲ့ လုပ်ငန်းစဉ်အဖြစ် ခံယူပြီး ပူးပေါင်း ဆောင်ရွက်ကြဖို့၊ ဥပဒေ ပြုရေး လုပ်ငန်းများ လုပ်ဆောင်ရာမှာလည်း အများစု ဆန္ဒကို မလိုက်နာခြင်း၊ အနည်းစု ဆန္ဒကို ပစ်ပယ်ခြင်းဆိုတဲ့ အာဏာရှင် ကျင့်စဉ်များနဲ့ အညီ အပြန်အလှန် အလေးထား ဆက်ဆံကြဖို့နဲ့ မြန်မာ့နိုင်ငံရေးမှာ အစဉ်အလာလို ဖြစ်နေတဲ့ အာဏာရှင်နဲ့ အတိုက်အခံ ဆိုတဲ့ ပဋိပက္ခ အသွင်ဆောင်တဲ့ အမြင်သဘာထားများ ထားကြဖို့ တိုက်တွန်း သွားပါတယ်။
အာဏာရှင်မိန့်ခွန်း တခုလုံးကို ချုံကြည့်မယ်ဆိုရင် ကြမ်းတမ်းပြီး နွားခြံအတွင်းမှာ ကိုယ်စားလှယ်များက တင်သွင်းခဲ့ကြတဲ့ မုသားများ၊ မေးခဲ့ကြတဲ့ မေးခွန်းများမှာ ထင်ဟပ်နေတဲ့ ပြည်သူများရဲ့ ဆန္ဒများကို မထင်ဟပ်ဘူးဆိုတာ တွေ့နိုင်ပါတယ်။ ဒီမိန့်မုသားစကားကပဲ အခုပေါ်လာတဲ့ အာဏာရှင်သစ်ဟာ အရင် အာဏာရှင်နဲ့ လုပ်နည်းလုပ်ဟန် များမှာ မကွဲပြား မခြားနားဘဲ တည်ရှိနေသေးတယ်ဆိုတာ ဖော်ပြနေတယ်လို့ ဆိုချင်ပါတယ်။
No comments:
Post a Comment