ယနေ့ လွှတ်တော်နှင့် မီဒီယာ
(ပြည်သူ့ခေတ်ဂျာနယ်အတွက် မီဒီယာနှင့်လွှတ်တော် ခေါင်းစဉ်ဖြင့် ဆောင်းပါးအတွက် ဆရာလူထုစိန်ဝင်း အား မေးမြန်းခဲ့စဉ်က ဆရာဖြေကြားပေးခဲ့သော စကားလုံးများအား မူရင်းအတိုင်း၊ အဖြတ်အတောက်မရှိ ဖော်ပြပါသည်။ အဆိုပါ စာပိုဒ်များမှာ စာပေစီစစ်ရေးမှ ဖြုတ်ထားခဲ့သော စာပိုဒ်များဖြစ်ပါသည်။)
ငြိမ်း ဆက်လင်း (မြစ်မခ)
ဆရာတို့ တုန်းကတော့ ၀န်ကြီးများရုံးလေ အဲ့ထဲမှာ လွှတ်တော်ခန်းမရှိတယ် လွှတ်တော်မှာ သတင်းထောက် တွေက လွတ်လွတ်လပ်လပ် သတင်းဝင်ယူခွင့် ရှိတယ်။ ကြိုက်တာကို ရေးခွင့်ရှိတယ်၊ လာတတ်တဲ့ လွှတ်တော် အမတ်တွေကိုရော အစိုးရအဖွဲ့က ၀န်ကြီး ၀န်ငယ်လေးတွေကိုရော လွတ်လွတ်လပ်လပ် တွေ့ဆုံမေးမြန်ပြီးတော့ ရေးချင်တာတွေ ရေးလို့ရတယ်။ ဒီလို ဆင်ဆာမရှိတဲ့အတွက် တစ်ကယ့် လွှတ်တော်ထဲမှာ ပြောကြ ဆိုကြ ဆွေးနွေးကြတာတွေ ငြင်းခုံကြတာတွေ တစ်ဦးနဲ့တစ်ဦး ခနဲ့ကြတာတွေ ပုပ်ခတ်ကြတာတွေက အစ ပြည်သူလူထုက သတင်းစာတွေမှာ သေချာ ဖတ်ကြရတယ်၊ အဲ့တော့ လွှတ်တော်ထဲမှာ သွားပြီး သတင်းယူရတာကိုက ပျော်စရာ သိပ်ကောင်းတာ။ အမတ်တွေ တစ်ယောက်နဲ့ တစ်ယောက် ကလိကြတယ် တစ်ယောက်နဲ့ တစ်ယောက် ခနိုခနဲ့တွေ ပြောကြတယ် တစ်ယောက်နဲ့ တစ်ယောက် ဝေဖန်ကြတယ် တိုက်ခိုက်ကြတယ်ဆိုတာ လူကြီးလူကောင်းတွေ စကားများနေကြတာပေါ့၊ ရန်ဖြစ်နေကြတာမျိုးပေါ့၊ ရန်ဖြစ်တယ် ဆိုတာကလည်း ဟိုလိုမျိုး ဆဲရေးတိုင်းထွာတာတို့ ဘာတို့ မဟုတ်ဘူး ကြံကြံဖန်ဖန် စကားလုံးတွေ သုံးကြတာမျိုးပေါ့၊ လူကြီးလူကောင်း ရန်ဖြစ်နည်းပေါ့၊ အဲ့လိုဟာတွေက အင်မတန် ပျော်စရာကောင်းတယ်။ အဲ့ဒါတွေကို သတင်းစာထဲမှာ ဖတ်ရတဲ့ အခါကြတော့လည်း ဖတ်ရတဲ့လူတွေက အင်မတန် ပျော်စရာကောင်းတယ်။
နောက်ပြီးတော့ ပြည်သူလူထုကလည်းဘဲ တို့အမတ်ကတော့ ဘာတွေပြောတယ် တို့အမတ်ကတော့ တို့အတွက် လွှတ်တော်ထဲမှာ ဘာတွေမေးပေးတယ် တို့အတွက် ဘာတွေ ဆောင်ရွက်ပေးဖို့ အစိုးရကို တိုက်တွန်း တောင်းဆိုပေးတယ် တစ်ချို့ဟာတွေကို မဲဆန္ဒရှင်တွေက သိရတယ်။ သိရတဲ့အတွက်တို့ အမတ်ကောင်းတယ် မကောင်းဘူး နောက်တစ်ကြိမ်ကြရင် သူ့ကို ပြန်ရွေးသင့် မရွေးသင့် ဆိုတာ ပြည်သူလူထုက ဆုံးဖြတ်လို့ရတာပေါ့ အခုတော့ လွှတ်တော်ဆိုတာ ထားတော့ သူတို့က သိစေချင်လို့ သိစေချင်တဲ့အတွက် သတင်းစာရှင်းလင်းပွဲတို့ကို သတင်းထောက်တွေကို ဖိတ်ပြီးတော့ ရှင်းလင်း ပြောကြားတာကိုတောင်မှ အမှန်အတိုင်း ရေးလို့မရဘူး။ အဲ့တော့ ပြည်သူလူထုက ဘာမှ မသိရတော့ဘူး။ သိသင့်သိထိုက်တာတွေကို ဘာမှ မသိရတော့ဘူး။ သူတို့ သိစေချင်တာကိုဘဲ သိနေရတယ်။ အဲ့ဒါ ဒီမိုကရေစီနဲ့ တံတားတစ်လမ်း၊ သံတစ်လမ်းဖြစ်နေတယ်။
ဒီမိုကရေစီဆိုတာက ပြည်သူလူထုကသာလျှင် အဆုံးအဖြတ်ပေးတယ်။ ပြည်သူသာလျှင် အမိ၊ ပြည်သူသာလျှင် အဖဖြစ်နေတယ်။ ဒီတစ်ပတ် ဆရာဆောင်းပါး ရေးထားတဲ့ “အစိုးရက မိဘလား ပြည်သူလူထုက မိဘလား” ဆိုတဲ့ ခေါင်းစဉ်နဲ့ တော်တော်များများက စာတွေလည်း ရေးတာတွေ့ရတယ် အစိုးရဆိုတာ တိုင်းသူပြည်သူတွေကို ရင်ဝယ်တိုက်ကဲ့သို့ သနားချစ်ခင်ရမယ် ဆိုတဲ့ အရေးသားမျိုးပေါ့ ဒီအရေးသားမျိုးက လုံးဝမှားတဲ့ အရေးသားသမျိုးဖြစ်တယ်။ အဲ့တော့ ပြည်သူပြည်သားများကို ရင်ဝယ်သားကဲ့သို့ ချစ်ခင်ရမယ်ဆိုတော့ အစိုးရက မိဘနေရာ ရောက်သွားတာပေါ့၊ ဘုရားကအောက် မျောက်ကအထက် ဖြစ်နေတယ်။ တစ်ကယ် တိုင်းပြည်ရဲ့ မိဘက မဲဆန္ဒရှင် ပြည်သူလူထုဖြစ်တယ်။ အစိုးရဆိုတာ ပြည်သူလူထုက ရွေးချယ်ပြီး တာဝန်ပေးထားတယ်၊ အဲ့အတွက် ပြည်သူလူထုက ပြည်သူ့ ဘဏ္ဍာငွေကနေပြီး လစာ ရိက္ခာငွေတွေ ပေးထားတယ်၊ ရှေးအင်္ဂလိပ်ခေတ်ကတည်းကိုက အစိုးရနှင့်တကွ အစိုးရ၀န်ထမ်းအားလုံးကို (Public servent) လို့ ခေါ်တယ်၊ ပြည်သူ့အစေခံ ခပ်ရင်းရင်းပြောမယ်ဆိုရင် ပြည်သူ့ဝန်ထမ်းပေါ့၊ ပြည်သူ့ဝန်ကို ထမ်းနေရတာ၊ အခုတော့ စောစောက ပြောတယ်၊ အစိုးရဆိုတာ မိဘနဲ့ တူတယ်တို့ အစိုးရဆိုတာ တိုင်းပြည်ရဲ့ အာဏာပိုင်ဘဲဆိုတဲ့ အသုံးအနှုန်းတွေကြောင့် ပညတ်သွားရာ ဓားသက်ပါ ဖြစ်သွားပြီးတော့ ၀န်ထမ်းတွေက သူတို့ရုံး သူတို့ထံ သူတို့ဌာမှာ သူတို့သာလျှင် အရှင်သခင်ဖြစ်ပြီးတော့ သူတို့ကို လခပေးထားတဲ့ ပြည်သူလူထုကို ကြိမ်းလိုက် မောင်းလိုက် ဆဲလိုက် ဆိုလိုက် အာဏာ အမျိုးမျိုးပြလိုက်ဆိုတာတွေ လုပ်တယ်၊ အဲ့ဒါတွေက ခုနက စကားလုံးတွေက လူတွေရဲ့ စိတ်ဓာတ်ကို ပြောင်းပစ်လိုက်တာဖြစ်တယ်၊ ဒါကြောင့်မို့ ဒီစကားလုံး အသုံးအနှုန်းတွေကိုဘဲ အာဏာပိုင်များတို့၊ အာဏာပိုင်အဖွဲ့အစည်းများတို့၊ တိုင်းပြည်ရဲ့ မိဘတို့ဆိုတဲ့ အသုံးအနှုန်းတွေကို ဒီမိုကရေစီခေတ်မှာ မသုံးအပ်တော့ဘူး၊ ဒီစကားလုံးတွေကို ဖျောက်ပစ်ဖို့လိုတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီအာဏာပိုင်တွေကို မဲဆန္ဒပိုင်ရှင် ဒီပြည်သူလူထုက အာဏာပိုင်ဘဲ၊ ပြည်သူက ရွေးပြီးတော့မှ သူတို့ကို ခန့်ထားတာဖြစ်တယ်။ အာဏာပိုင် အဖွဲ့အစည်းဆိုတာကလည်း ပြည်သူလူထုဘဲ ဖြစ်ရမယ် အာဏာပိုင် ပုဂ္ဂိုလ်များဆိုတဲ့ ပြည်သူလူထုဘဲ ဖြစ်ရမယ်၊ ဌာနဆိုင်ရာ အရာရှိတွေက အာဏာပိုင် မဟုတ်ဘူး၊ ဌာနဆိုင်ရာ အရာရှိတွေက (Public servent) ပြည်သူ့ အစေခံတွေဘဲ၊ ပြည်သူ့အစေခံဆိုတော့ သူတို့က ပြည်သူကို အမြဲတမ်း ရိုသေနေရမယ်၊ ပြည်သူကို ဦးထိပ်ထားရမယ်၊ ပြည်သူကို အလုပ်အကျွေးပြုရမယ်။ အဲ့ဒါတွေက မင်းတို့လူငယ်တွေ မကြားရ၊ မမြင်ရ၊ မတွေ့ရတဲ့ စကားလုံးလေးတွေ၊ အဆုံးမလေးတွေဘဲ အဲ့ဒါတွေကို မင်းတို့ကို သိအောင်ပြောပြတာ။
မေး။ ဆရာတို့ ခေတ်တုန်းက သတင်းယူတဲ့ အခါမှာကော လုံခြုံရေးအရဆိုပြီး စစ်ဆေးတာမျိုးတွေ၊ သတင်းသမား မလာရဆိုပြီး ပိတ်ပင်တာမျိုးတွေ ရှိခဲ့ပါသလားဆရာ။
မရှိပါဘူး ဆရာတို့တုန်းက လွတ်လွတ်လပ်လပ် ဘယ်သတင်းမဆို လွတ်လွတ်လပ်လပ် ယူခွင့်ရှိပါတယ်၊ ၀န်ကြီးများ ရုံးမှာတောင်မှ သတင်းထောက်တစ်ယောက်က တံခါးမရှိ ဓားမရှိ ၀င်သွားလို့ရတယ် ၀န်ကြီးရဲ့ အခန်းထဲကို ၀န်ကြီး ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ၀င်သွားလို့ရတယ် ဘယ်သူ့ကိုမှ ခွင့်တောင်းနေလို့ မရဘူး အသိပေးစရာလည်း မလိုဘူး ၀န်ကြီးကို လွတ်လွတ်လပ်လပ် စကားပြောလို့ရတယ်၊ မေးချင်တာတွေလည်း မေးလို့ရတယ်၊ အဲ့ဒါနဲ့ ပတ်သက်ပြီး ပြန်ရေးလို့ရတယ်၊ အဲ့ဒါ ဒီမိုကရေစီခေတ်။ အခုဟာ ဒီထိန်းချုပ်မှုပေါ်မှာ (control) ပေါ့၊ သူတို့ရဲ့ အစီအမံ ထိန်းချုပ်မှုနဲ့ လိုက်ပြတယ်ဆိုရင် ဒါဟာ လွတ်လပ်တဲ့ သတင်းယူခွင့် မဟုတ်တော့ဘူး။ သူတို့ မြင်စေချင်တာကိုဘဲ ပြတယ်၊ သူတို့ပြောစေချင်တဲ့ လူတွေနဲ့ဘဲ တွေ့ပေးမယ်၊ သူတို့ပြောခိုင်းတာ ပြောမယ့်လူတွေနဲ့ဘဲ တွေ့ပေးမယ်၊ အဲ့ကတည်းက ပြည်သူလူထုက သတင်းအမှန်ကို မသိနိုင်တော့ဘူး။ ပြည်သူလူထုက သတင်းအမှန်ကို မသိတော့ဘူးဆိုရင် ပြည်သူလူထုက မှန်ကန်တဲ့ ဆန္ဒမဲ ပေးခွင့် ဆန္ဒမဲ ပေးနိုင်ခြင်း၊ ဆုံးဖြတ်နိုင်ခြင်းဆိုတာလည်း ရှိနိုင်မှာ။ မဟုတ်တော့ဘူး။
မဲပေး ရွေကောက်ပွဲ လုပ်နိုင်တယ်
မေး။ ဆရာတို့တုန်းက ရွေးကောက်ပွဲ အခြေအနေနဲ့ သမီးတို့ခေတ်ရဲ့ ရွေးကောက်ပွဲ အြေ
`၁၉၆၀ ခုနှစ် သန့်ရှင်း၊ တည်မြဲ အဓိကပြိုင်ကျတဲ့ နောက်ဆုံး ပြိုင်ကျတဲ့ ရွေးကောက်ပွဲပေါ့နော် အဲ့ရွေးကောက်ပွဲမှာ ဆိုရင် မဲပေးတဲ့နေ့ ညနေစောင်းက စပြီးတော့ ဒီမြို့တော်ခန်းမကြီးမှာ မဲရေတွက်တယ်၊ မဲရေတွက်တဲ့ အခါမှာလည်း အမတ်လောင်းတွေ သူတို့ရဲ့ကိုယ်စားလှယ်တွေကိုယ်တိုင် မဲရေတဲ့နေရာမှာ ထိုင်ပြီးတော့ ကြည့်နေလို့ ရတယ်။ မဲဆန္ဒနယ် တစ်ခု ကြေညာပြီးတိုင်း၊ ရေတွက်ပြီးတိုင်း မြို့တော်ခန်းမ အပေါ်ကနေ အသံချဲ့စက်ကြီးနဲ့ မဲစာရင်းတွေ ကြေညာပေးတယ်။ အဲ့နေ့က မြို့တော်ခန်းမရှေ့ ဆူးလေပန်းခြံတစ်ဝိုက် သိန်းနဲ့ချီတဲ့ လူအုပ်ကြီးက စောင့်ကြည့်နေကြတယ်။ လူအုပ်ကြီးကလည်း တစ်ညလုံး စောင့်ကြည့်တယ်။ မဲရေတဲ့ လူတွေကလည်း တစ်ညလုံးရေတယ်။ တစ်ညလုံးရေပြီး မဲဆန္ဒနယ် တစ်နယ်ပြီးတိုင်း၊ ရေပြီးတိုင်း ကြေညာပေးတယ်။ လက်ခုပ်သံတွေလည်း တစ်ဖြောင်းဖြောင်းပေါ့၊ အဲ့လို ဒီနေ့မဲပေးတယ် ဒီနေ့အဖြေက ထွက်လာတယ်။ မဲရေတဲ့ အခါလည်းဘဲ ပြည်သူလူထုက ခုနက သိန်းနဲ့ချီတဲ့ လူအုပ်ကြီးက အောက်မှာ စောင့်ကြည့်နေတယ်။ မြို့တော်ခန်းမပေါ်က မဲရေတဲ့ နေရာမှာလည်းဘဲ အမတ်လောင်းတွေက၊ သူတို့ရဲ့ ကိုယ်စားလှယ်တွေက၊ မဲရေတာတွေကို ထိုင်ပြီးတော့ စောင့်ကြည့်နေလို့ ရတယ်။ အဲ့လို ပွင့်လင်းလွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်တဲ့အတွက်လည်းဘဲ ဒီရွေးကောက်ပွဲမှာ တရားမမျှတဘူးတို့ ဘာတို့ဆိုတဲ့ အသံတွေ သိပ်ပြီးတော့ မထွက်ဘူး။ တစ်ချို့ နယ်တွေမှာဆိုရင် လက်နက်ပြပြီး ခြိမ်းခြောက်တာတို့ ဘာတို့ အနိုင်ကျင့်တာတို့ ရှိကြတာပေါ့လေ။ ရှိတာနဲ့ ကန့်ကွက်စာတွေ တင်တယ်။ ရွေးကောက်ပွဲ ကော်မရှင်ကနေ အရေးယူခဲ့ရမှုတွေလည်း ရှိတယ်။ အခုခေတ်ကျတော့ မဲပေးပြီး ဘယ်နှစ်ရက်နေမှ ဘာကိုကြေညာမယ်ဆိုတာလည်း ဆိုတာ မသိဘူး။ မဲရေတွက်တဲ့ နေရာမှာ ခုနက ပြောသလို ပြည်သူလူထုက စောင့်ကြည့်၊ မကြည့်ဆိုတာ မသိရဘူး၊ အဲ့တော့ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တော့လည်း ယုံစားလို့ မရဘူးပေါ့၊ တံခါးပိတ်ပြီး လုပ်ချင်ရာ လုပ်မယ်ဆိုတာကတော့ လုံးဝကို မလုပ်သင့် မလုပ်ထိုက်တဲ့ ကိစ္စတစ်ခုလို့ဘဲ ဆရာကမြင်တယ်။
ဖတ်ရပါတယ်၊ သတင်းစာတွေမှာလဲ ဖတ်ရတယ်၊ ဆက်တိုက်ပေါ့ မဲပေးဖို့ လှုပ်ဆော်တဲ့ ဆောင်းပါးတွေ ဖတ်နေရတယ်၊ ဒီမိုကရေစီစနစ်ကို သွားဖို့အတွက် ရွေးကောက်ပွဲလုပ်မယ်ဆိုရင် အခင်းအကျင်းလေးတွေက စပြီးတော့ ဒီမိုကရေစီသဘော သက်ဝင်နေဖို့တော့ လိုအပ်တယ်၊ အခုကျတော့ ရွေးကောက်ပွဲကို မဲထည့်နိုင်ဖို့ကျတော့ လှုပ်ဆော်ကြတယ်၊ စည်းရုံးလို့ရတယ်၊ မဲမထည့်ဘဲနဲ့ နေလို့ရတယ်လို့ပြောတယ် အဲ့ဒီ လူတွေကျတော့ ဖမ်းတယ်၊ အဲ့လို ဆောင်ပါးမျိုးရေးလို့ မရဘူ
အဲ့ဒါကို (civil society) ဘက်ကို ယူလာလို့ မဖြစ်ဘူး။ ရပ်ဘက် လူ့အဖွဲ့အစည်းတွေဆိုတာက ဒီမိုကရေစီအရ အုပ်ချုပ်လုပ်ကိုင်ရတာ ဖြစ်တယ်။ လူတွေမှာ ပြန်လည် မေးခွန်းမေးခွင့်၊ ငြင်းပယ်ခွင့်၊ စောတကတက်ခွင့် ရှိကိုရှိရမယ်။ အဲ့ဒါမှသာ တိုင်းပြည်က ဖွံ့ဖြိုးတိုးတက်တဲ့ တိုင်းပြည်တစ်ခု ဖြစ်တယ်၊ အဲ့ဒီလို စောတက တက်ခွင့်တွေ၊ ငြင်းဆန်ခွင့်တွေ၊ ကိုယ့်ဆန္ဒအမှန်ကို ထုတ်ဖော်ခွင့်တွေ မရှိတော့ဘူးဆိုရင် အရင် မဆလခေတ်က ဖြစ်ခဲ့သလိုမျိုးဘဲ ဘ၀ရှင်မင်းတရားကြီး အမိန့်ပေးသမျှ အကုန်လုံးကို ကြိုက်ကြိုက် မကြိုက်ကြိုက် လိုက်နာရတယ်။ အကုန်လုံး ဘ၀ရှင်မင်းတရားကြီးကို မှန်ပါ့ဘုရား၊ ကောင်းပါ့ဘုရား၊ မှန်ပါ့ဘုရားချည်းဘဲ ကန်တော့ဦးတင်နေရတယ်၊ အဲ့ဒီအတွက် တိုင်းပြည်ဟာ ငါးပါးမှောက်ခဲ့ပြီ ၈၈ က ကျခဲ့ပြီ၊ အခု ဒီဘက် ဆယ့်လေးနှစ် ကာလမှာလည်းဘဲ ၂၂ နှစ် ကာလမှာလည်းဘဲ မဆလ ခေတ်ကလိုဘဲ သွားနေပြီ၊ လူတွေက အောက်က အဆင့်ဆင့် ကောင်းတာတွေဘဲ (Report) တင်ကျတယ်။ ဆိုးတာတွေ၊ အနိဌာရုံတွေ၊ မကောင်းတာတွေဆိုလို့ရှိရင် လူကြီးတွေ မသိအောင် ဖုံးကြတယ်၊ ဖိကြတယ်၊ လိမ်ကြတယ်၊ ညာကြတယ်။ ဒါကြောင့်မို့ စာရင်းအင်းတွေတောင်မှ တိုင်းပြည်ရဲ့ လူဦးရေ ဘယ်လောက်ရှိတယ်ဆိုတာ လည်းမသိဘူး၊ တိုင်းပြည်မှ လယ်ယာ ဘယ်လောက်ဧက၊ တစ်တိုင်းပြည်လုံးမှာ စိုက်ပျိုးဧက ဘယ်လောက်လဲ ဆိုတာလည်း မသိဘူး။ စပါးတစ်ဧကမှာ ဘယ်လောက်ဧက ထွက်တယ်ဆိုတာလည်း အမှန်အတိုင်းမသိဘူး။ သတင်းစာထဲမှာတော့ စပါးတွေက ဧကတစ်ရာ တစ်ဧကကို တင်း ၁၅၀ ထွက်တယ်တို့၊ တင်း ၂၀၀ ထွက်တယ်လို့ တင်နေကြတာ တကယ့် တစ်ကယ်တော့ ဒါတွေက အမှန်မဟုတ်ဘူး။ ဆရာတို့က အညာသားဆိုတော့ အညာအကြောင်း ကောင်းကောင်းသိတယ်၊ အညာမှာ စပါးတင်း လေး၊ ငါးဆယ်ကိုတောင် အနိုင်နိုင်၊ မိုးမှန်မှ လေမှန်မှ စပါးနဲနဲထွက်တာ၊ အဲ့ဒါကို စပါးတင်း ၁၅၀ ထွက်တယ်၊ ၂၀၀ ထွက်တယ်ဆိုပြီး ညာပြီး အစီရင်ခံကြတယ်။
အဲ့ဒီအခါကျတော့ စီမံကိန်း ရေးဆွဲတဲ့ အခါကျတော့ အလွဲအမှားတွေဖြစ်ပြီး ဒုက္ခရောက်ခဲ့ကြရတယ် အဲ့ဒီလို ဘာကြောင့် ဖြစ်ရလဲဆိုရင် တစ်သွေး၊ တစ်သံ၊ တစ်မိန့်၊ စစ်တပ်ကို အုပ်ချုပ်တဲ့ ပုံစံနဲ့ အရပ်ဘက် အဖွဲ့အစည်းကို အုပ်ချုပ်တဲ့အတွက် ဒါတွေဖြစ်ရတာ၊ ဒါတွေ မဖြစ်စေချင်ရင် ဒီဟာကို ဆရာတို့က ပြောင်းလဲပစ်မှရမယ်။ ဒီမိုကရေစီ ရပ်ဘက် လူ့အဖွဲ့အစည်းကို စစ်တပ်အုပ်ချုပ်သလို အုပ်ချုပ်လို့ မရဘူး။ စစ်တပ်ပုံစံ သွင်းလို့မရဘူးဆိုတာကို သဘောပေါက် နားလည်ဖို့လိုတယ်။
မေး။ ရွေးကောက်ပွဲပြီး လွှတ်တော်ခေါ်ပေမဲ့ လက်ရှိ အခြေအနေကို ဆရာ ဘယ်လိုမြင်မိပါသလဲ။
ဆရာကတော့ အစောကြီးကတည်းက ဒါတွေကို သိထားပြီးသား၊ မြင်ထားပြီးသား ဖြစ်တယ်၊ ဘာ့ကြောင့်လဲ ဆိုတော့ အစောကြီးကတည်းက ဆရာ ပြောထားပြီးတဲ့ အတိုင်းပေါ့ စစ်တပ်နဲ့ ဒီမိုကရေစီဆိုတာ တံတားတစ်လမ်း သံတစ်လမ်းဖြစ်တယ်။ အဲ့တော့ စစ်တပ်က ဒီမိုကရေစီရောက်အောင် ရွေးကောက်ပွဲကို မှန်မှန်ကန်ကန် လုပ်ပေးမယ်လို့ ဆရာက မယုံခဲ့ဘူး။ မယုံခဲ့တဲ့အတွက် မီဒီယာတွေမှာလည်း ဆရာပြောခဲ့ပြီ၊ ဆောင်းပါးအဖြစ်နဲ့လည်း ဆရာရေးခဲ့ပြီ။ ခေါင်းစဉ်ကတောင်မှ "ယိမ်းကတဲ့အထဲ မပါတော့ဘူး" တဲ့ ဒီမိုကရေစီ ယိမ်းကတဲ့အထဲ ဆရာဝင်မပါတော့ဘူးလို့ ဆရာပြောခဲ့တယ်။ အဲ့ဒီနောက်ပိုင်းမှာ ဆရာက ရွေးကောက်ပွဲနဲ့ ပတ်သက်တာတွေ၊ ဒီမိုကရေစီနဲ့ ပတ်သက်တာတွေ၊ ပြောလဲ မပြောတော့ဘူး၊ ရေးလည်း မရေးတော့ဘူး။ မသိကျိုးကျွန်ဘဲ နေလိုက်တယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ ဆရာက မယုံကြည်ဘူး။ မယုံကြည်တဲ့အတွက် ဆရာက အဲ့လို ပျက်ပျက်ဘဲ ပြောခဲ့တယ်။ အခုလည်းဘဲ ဒါက လက်တွေ့ဖြစ်လာရပြီ။ သူတို့နဲ့ ရသလောက်ကလေး တိုးပြီးတော့ လုပ်ကြတာပေါ့ဆိုပြီး ၀င်လာတဲ့ နိုင်ငံရေးပါတီတွေတောင်မှ နှာဖူးတွေ့ဒူးတွေ့ တွေ့အခါကျတော့ သူတို့ ကောင်းကောင်းကြီး အကြောင်းသိကုန်ကြပြီ။ (complain) တွေ အမျိုးမျိုး တက်နေကြတယ် ရွေးကောက်ပွဲ ကော်မရှင် ကန့်ကွက်စာတွေ အမျိုးမျိုးပို့နေကြတယ်။
သို့သော်လည်း ဘာမှ မထူးခြားဘူး။ အဲ့ဒါကို ဆရာ့ အနေနဲ့ကတော့ ဒီလွှတ်တော် ပြီးသွားရင်လည်း ဘာမှထူးမယ်လို့ မထင်ဘူး။ ရွေးကောက်ပွဲ ပြီးသွားလည်း ဘာမှ ထူးမယ်လို့ မထင်ဘူး။ ဒါကြောင့်မို့ ဆရာက
ပြောခဲ့ပြီ၊ အရင်တုန်းကလည်း ဆရာ အကြိမ်ကြိမ်ပြောခဲ့တယ်၊ ၇၄ တုန်းကလိုဘဲ ဘာမှမထူးပါဘူးလို့ ၇၄ တုန်းကလည်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မရှိတာထက် စာရင်တော့ ရှိတာက ကောင်းတာပေါ့ ဆိုပြီးတော့ ထောက်ခံခဲ့ကြတာဘဲ။ မဲပေးခဲ့ကြတာဘဲ။ အဲ့ဒီနောက် ရွေးကောက်ပွဲတွေ သုံးလေးကြိမ် လုပ်ခဲ့တာဘဲ။ တိုင်းပြည်ရဲ့ အခြေအနေက ဘာထူးလဲ၊ ဘာမှမထူးဘူး။ အဲ့လို ရွေးကောက်ပွဲတွေ အခြေအတင်လုပ်ရင်း တိုင်းပြည်ဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်သွားတာဘဲ။ အခုလည်းဘဲ ဒီရွေးကောက်ပွဲ ပြီးလည်းဘဲ အသွင်သဏ္ဍာန်သာလျှင် ပြောင်းသွားတာပေါ့၊ အနှစ်သာရက ပြောင်းမသွားဘူး။ အနှစ်သာရက ပြောင်းသွားတယ်၊ ရွေးကောက်ပွဲ ပြီးသွားလည်းဘဲ ဒီလိုအခွင့်အရေးတွေ၊ ဒီမိုကရေစီ အခွင့်အရေးတွေ အပြည့်အ၀ ရလိမ့်မယ်လို့ မထင်မိဘူး။ ဒါ ဆရာတစ်ဦးတည်းရဲ့ ထင်မြင်ချက်ဘဲ။ ၇၄ တုန်းက ဗိုလ်ချုပ်ကြီးနေ၀င်းကနေပြီးတော
ဗိုလ်ချုပ်ကြီးသိန်းစိန်က စစ်သားဘဲ။ ဦးသိန်းစိန် ဖြစ်သွားလည်း သူ့ရဲ့ ခံယူချက်တွေ၊ သူ့ရဲ့ အမူအကျင့်တွေ၊ သူ့ရဲ့ စရိုက်တွေကတော့ စစ်သားစရိုက်ဘဲ ရှိနေအုန်းမှာဘဲ။ အဲ့တော့ ဆရာကတော့ အနှစ်သာရ အရ ဘာမှ ထူးမယ်မထင်ဘူး ။
လူထုစိန်ဝင်း
No comments:
Post a Comment