သင်းကွဲ
မင်းဆွေနှစ် (မုံရွာ)
ဘယ်သူတရားနဲ့ ဖြေဘူးပါသလဲ
နောက်ဆုံးခံတပ်တခုလုံး ဆုတ်ပေးလိုက်ရတဲ့အထိ
အသိုက်ထဲမှာ
ညမွဲမွဲ မီးခိုးနုရောင် မိုးတိမ်တွေ
ငါတို့ကို ထွေးပွေ့မထားနိုင်ပေဘူး
ဖြစ်ခဲ့တယ်
(အမှန်တကယ် ဖြစ်ခဲ့တယ်)
ခုတော့လည်း
ညီမလေးရေ..
အချိန်တွေ သိုးတော့မယ်
ပြဋ္ဌာန်းချက်အသစ်နဲ့ ဘဝကိုစင်မတင်ချင်ဘူး
သိလား
တေးအိုအို ဗျတ်စောင်းတလက်နဲ့
ဟောဒီ မိုးကောင်းကင် အပြာအောက်
မိမိကိုယ်မိမိပျောက်နေတာ
ငါပေါ့။
မင်းဆွေနှစ် (မုံရွာ)
ရနံ့သစ်မဂ္ဂဇင်း၊ အမှတ် (၁၀)၊ ၂၀၀၉။
No comments:
Post a Comment