အေအာတီ (ART) ဆေးကုသရန် လိုအပ်သော အေအိုင်ဒီအက် (AIDS) ဝေဒနာရှင်များအား နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုမှ ဆေးဝါးများ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ အေအာတီ ဆေးဝါးကို ထောက်ပံ့ပေးမည့် အဖွဲ့မှာ International Union Against TB and Lung Diseases (IUATLD) ဖြစ်ကြောင်း၊ အဆိုပါ ဖွဲ့အနေဖြင့် သာကေတမြို့နယ် အထူးကု ဆေးရုံကြီးရှိ အေအာတီဆေး အမှန်တကယ် လိုအပ်လျက်ရှိသော အေအိုင်ဒီအက်စ် ဝေဒနာရှင်များအား ဆေးဝါး ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ “ဆေးရုံမှာ အိတ်ခ်ျအိုင်ဗွီ/ အေအိုင် ဒီအက်စ် ဝေဒနာရှင်တွေကို အတွင်းလူနာအဖြစ် လက်ခံ ကုသပေးနေပါတယ်။ အခုတော့ ဒီလူနာတွေ ထဲက အေအာတီဆေး လိုအပ်တဲ့ ဝေဒနာရှင်၂ဝဝ လောက်ကို ဆေးဝါး ထောက်ပံ့ပေးမယ် လို့တော့ သိရပါတယ်။ ဝေဒနာရှင်တွေ တော်တော် များများကတော့ အေအာတီဆေး လိုအပ်နေတာ ပါပဲ”ဟု သာကေတ အထူးကုဆေးရုံမှ တာဝန်ကျ ဆရာဝန်တစ်ဦးက ပြောသည်။ အဆိုပါ ဆေးဝါး ထောက်ပံ့ခြင်း အစီအစဉ်ကို ယခုနှစ်တွင် စတင်နိုင်မည် ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် ပတ်သက်၍ အခြား ထောက်ပံ့မှုများလည်း ဆောင်ရွက်ပေးသွားရန် အစီအစဉ်ရှိကြောင်း သိရသည်။
Flower News Journal
၁၃.၃.၂၀၁၁
No comments:
Post a Comment