မြန်မာလူငယ်တို့ စစ်အာဏာရှင်စနစ် ဖယ်ရှားရန် စတင်ပြီ

ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် လူငယ် ၁၆ ဦးခန့်နှင့် မျိုးဆက်သစ် လူငယ် ၂၀ ဦးခန့်သည် ယနေ့ရန်ကုန်မြို့တွင် တွေ့ဆုံပြီး စစ်အစိုးရအား အမြန်ဆုံး ဖယ်ရှားနိုင်ရန်အတွက် လူထုတိုက်ပွဲ ပုံဖော်ခြင်း လမ်းကြောင်းများကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။


၎င်းတို့အဖွဲ့ကို သီးခြားအမည် ပေးထားခြင်းမရှိပဲ လျှို့ဝှက်အမည် Just Do It ဟုသာ အမည်ပေး ထားသည်ဟု Freedom News Group မှ သတင်း ရရှိသည်။ Just Do It အဖွဲ့သည် ယနေ့မြန်မာ့လွတ်လပ် ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့တွင် ရန်ကုန်မြို့  မြောက်ဥက္ကလာပမြို့နယ်တွင် တွေ့ဆုံ ခဲ့ခြင်းဖြစ်ပြီး စစ်အာဏာရှင် အစိုးရအား ဖယ်ရှားမည့် ကနဦးလမ်းစဉ် သုံးရပ်ကို တညီတညွတ်တည်း ချမှတ်နိုင်ခဲ့သည်ဟု သတင်းရရှိသည်။

လျှို့ဝှက် နာမည် Just Do It အဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုခိုင်မြဲအောင်က ၎င်းတို့လက်ရှိ Core Member အုပ်စုတွင် လတ်တလော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဆောင်ဖွဲ့စည်းသည့် ကွန်ယက် လူငယ် တစ်ဦးမှမပါဘဲ နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦး၊ သတင်းထောက်တစ်ဦး၊ ကွန်ပြူတာ ကျွမ်း ကျင်သူ ၁၆ ဦးနှင့် အခြားကျွမ်းကျင်သူများ ပါဝင်သည် ” ဟု FNG သို့ ပြောသည်။

ပြည်တွင်း၊ ပြည်ပ မည်သည့် နိုင်ငံရေးအုပ်စုနှင့်မှ မဆက်စပ်သည့် ထိုအဖွဲ့ကို အီဂျစ်နှင့် တူနီးရှား နိုင်ငံများတွင် ဒီမိုကရေစီရေး ပြည်သူလူထု အုံကြွမှု ပေါ်ပေါက်ချိန်တွင် ၁၀ ရက်ခန့် လွှင့်တင်ထားသည့် ဖေ့စ်ဘွတ် စာမျက်နှာတစ်ခုတွင် အပြောင်းအလဲလိုလားသူ အခြားအယောက် နှစ်ဆယ်ခန့်ကို စည်းရုံးနိုင်ခဲ့ခြင်း ဖြစ်သည်။

Just Do It အဖွဲ့သည့် မြန်မာ စစ်အစိုးရအား ဖယ်ရှားနိုင်ရေးအတွက် ခြောက်လအတွင်း လူထုအုံကြွမှု တစ်ခု ပေါ်ပေါက်ရန် ယနေ့မှစ၍ လှုပ်ရှားမှု စတင်သည်ဟု သိရသည်။

ထိုအဖွဲ့တွင် အသက် ၁၇ နှစ်အရွယ် အသက်အငယ်ဆုံး အဖွဲ့ဝင်တစ်ဦး ဖြစ်သူကို တွစ်တာက "ကျွန်တော် ရုပ်သံကနေ အီဂျစ်နဲ့ တူနီးရှားမှာ ဖြစ်တာတွေ နေ့တိုင်းကြည့်ဖြစ်တယ်။ သေချာတာ ကျွန်တော်တို့ ကိုယ်တိုင်လုပ်မှဆိုတဲ့ အဖြေထွက်လာတယ်" "စစ်အာဏာရှင် ပြုတ်ကျဖို့အတွက်ဆိုရင် ကျွန်တော်တို့ဟာ ခေတ်သစ် ရဲဘော်သုံးကျိပ် ဖြစ်ရမယ်" ဟု ပြောသည်။

အာရပ်နိုင်ငံများ၏ ဒီမိုကရေစီရေး အုံကြွမှုများနှင့် အောင်မြင်မှုများသည် မြန်မာလူငယ်များအပေါ် များစွာ ရိုက်ခတ်မှုရှိပြီး မတရားသော အစိုးရများ၊ ခေါင်းဆောင်များကို အောင်မြင်စွာ ဖြုတ်ချနိုင်ပုံကို မြန်မာ လူငယ်များက အားကျကြသည်။

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် နိုင်ငံ၏ အာဏာကို သိမ်းပိုက်ခဲ့သည့် စစ်တပ်၏ စစ် အာဏာရှင် စနစ်ကို ပြည်တွင်း၊ ပြည်ပ နှစ်ဌာနရှိ မည်သည့် နိုင်ငံရေးအဖွဲ့မှ စွမ်းဆောင်နိုင်ခဲ့ခြင်း မရှိသေးချေ၊

No comments: