၁။
ပထမဦးဆုံး မြန်မာသတင်းစာအဖြစ် ၁၈၃၆ ခုနှစ်တွင် မော်လမြိုင်မြို့မှ ထုတ်ဝေ သော "မော်လမြိုင် ခရော်နီကယ်" (the Moulmain Chronicle) သတင်းစာဟု ဆိုလျှင် ကမ္ဘာပေါ်တွင် ပထမဦးဆုံးသတင်းစာဟု စံနှုန်းသတ်မှတ်သော ၁၄၄၀ ခုနှစ်က ခဲစာလုံးများကို တီထွင်ခဲ့သည့် ဂျာမန်လူမျိုး "ဂူတင်ဘတ်" ၏ ၁၅၉၄ ခုနှစ် က ထုတ်ဝေသော သတင်းစာနှင့် ခုနှစ်များတွက်ချက်ကြည့်ပါက မြန်မြာ့ပည်တွင် နှစ်ပေါင်း (၂၃၂) ကြာမှ သတင်းစာ စတင်ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။

စင်စစ် သတင်စာဟူသည် ဆရာဇေယျပြောသလို- စက္ကူ၊ အက္ခရာနှင့် ရုပ်ပုံ၊ နောက် ပုံနှိပ် အတတ်တို့ ပါဝင်ဖွဲ့စည်းထားပါသည်။ စက္ကူ၏ သမိုင်းကြောင်းကို ကြည့်လျှင် ခရစ်နှစ် ၁၀၅ ခုနှစ်တွင် တရုတ်ပြည်၌ ဝါးမှတဆင့် စက္ကူဖြစ်လာသော စက္ကူလုပ် အတတ်ပေါ်ပေါက်ခဲ့ပြီးဖြစ်သည်။ ထိုမှ ၅၉၄ ခုနှစ်တွင် တရုတ်ပြည်မှာပင် ပုံနှိပ်အ တတ် ပေါ်ထွက်လာပြီး ခရစ်နှစ် ၆၁၀ တွင် "ပီကင်းဂေဇက်" အမည်ရှိသတင်းစာ ပထမဦးဆုံး ထွက်လာသည်ဟုလည်း သတ်မှတ်ထားကြသည်။
မည်သို့ပင်ဖြစ်စေ မြန်မာပြည်သို့ရောက်လာသော "မော်လမြိုင်ခရော်နီကယ်" သ တင်းစာသည်ပထမ မြန်မာသတင်းစာဖြစ်ခဲ့ပြီး ၁၉၀၀ ခုနှစ်မှ ၁၉၄၀- ၄၁ ခုနှစ်များ အထိ ပြိုင်ပြိုင်ဆိုင်ဆိုင် ထုတ်ဝေလာသော မြန်မာသတင်းစာများသမိုင်းသည် မော် ကွန်း တင်ခဲ့ရပြီးဖြစ်သည်။ "ယူပီအိုင် ဦးဘသန်း" ၏ ရှေးခေတ်မြန်မာ သတင်း စာများ၊ "ခင်မျိုးချစ်" ၏ သတင်းစာလောက၊ "မဟာဆွေ" ၏ ဘိုးဝဇီရ၊ "မောင်သစ်လွင်"၏ ရှေးဦးမြန်မာသတင်းစာများ၊ "ငွေဥဒေါင်း" ၏ စာဝင်္ဂဘာ၊ "လူထုဦးလှ" ၏ သတင်းစာများက ပြောတဲ့ မြန်မာပြည်နှင့် စာနယ်ဇင်းသမိုင်းစာတမ်းများ စသဖြင့် နှောင်းလူများ အတွက် မှတ်တမ်းတင်ခဲ့ကြပါသည်။
၁၉၄၀ ခုနှစ်အထိ မြန်မာသတင်းစာများသည် တစ်ပတ်တစ်ကြိမ် နှစ်ကြိမ်ထုတ် အများဆုံးဖြစ်ပြီး နေ့စဉ်ထုတ်သတင်းစာများမှာ သူရိယ၊ မြန်မာ့အလင်းစသော နှစ်စောင်သုံးစောင်မျှသာ ဖြစ်ပါသည်။ အမျိုးသားသတင်းစာဆရာ၊ အယ်ဒီတာများနှင့်အတူ အမျိုးသ မီးသတင်းစာဆရာ၊ အယ်ဒီတာများလည်း ထွက်ပေါ်လာခဲ့သော မြန်မာသတင်းစာ လောကသည် အမျိုးသားနိုင်ငံရေးများနှင့်အတူ တက်ညီလက်ညီ ပါဝင်ခဲ့လေသည်။ ထိုအထဲတွင် အမျိုးသမီးများ ဦးစီးထုတ်ဝေသည့် သတင်းစာများသည် ရှေ့ခန်းမှ ပါဝင်ခဲ့လေ သည်။ ဝံသာနုကုမ္မာရီ သတင်းစာဆရာမ "ဒေါ်ဖွားရှင်" အင်္ဂလိပ်အစိုးရ ဒိုင်အာခီအုပ်ချုပ်ရေးပေးသည်ကို လုံးဝ လွတ်လပ်ရေး လိုချင်၍ အိုင်ရစ်သတင်းစာ Independent ကို သဘောကျ၍ အင်ဒီပင်းဒင့် သတင်းစာဆရာ "ဒေါ်စန်း"၊ ကုမ္မာရီ သတင်းစာဆရာမ "ဒေါ်ထားထား"၊ ကွန်ခေတ်တွင် သခင်ခေတ်ကို ထူထောင်သော တို့ဗမာအစည်းအရုံးဝင်၊ အင်္ဂလိပ်အစိုးရ၏ အုပ်ချုပ်ရေးသစ်ကို ရဲရဲတောက်ဝေဖန်သော ဒေါင်းသတင်းစဉ် သတင်းစာဆရာမ "သခင်မ မခင်ခင်"၊ ကျောင်းသားလူငယ်များအတွက် ထုတ်ဝေသော ကျောင်းသားသေတမ်းစာ ဆရာမ "ဒေါ်မမခင်"၊ ဒို့ဒေါင်းလံ အမျိုးသမီးသတင်းစာ ဆရာမ "ဒေါ်ဒေါ်လှ"၊ အမိ မြန်မာပြည်ဂျာနယ်/ အယ်ဒီတာ ဒေါ်ညွန့်ညွန့် တိုးတက်ရေးသတင်းစာ အယ်ဒီတာအဖွဲ့ဝင်၊ ဘားမားဂျာနယ်အယ်ဒီတာ အဖွဲ့ဝင် "ဒေါ်ခင်မျိုးချစ်" စသဖြင့် အသီးသီးထွက်ပေါ်လာခဲ့လေသည်။
၂။
မည်သို့ပင်ဖြစ်စေ မြန်မာပြည်သို့ရောက်လာသော "မော်လမြိုင်ခရော်နီကယ်" သ တင်းစာသည်ပထမ မြန်မာသတင်းစာဖြစ်ခဲ့ပြီး ၁၉၀၀ ခုနှစ်မှ ၁၉၄၀- ၄၁ ခုနှစ်များ အထိ ပြိုင်ပြိုင်ဆိုင်ဆိုင် ထုတ်ဝေလာသော မြန်မာသတင်းစာများသမိုင်းသည် မော် ကွန်း တင်ခဲ့ရပြီးဖြစ်သည်။ "ယူပီအိုင် ဦးဘသန်း" ၏ ရှေးခေတ်မြန်မာ သတင်း စာများ၊ "ခင်မျိုးချစ်" ၏ သတင်းစာလောက၊ "မဟာဆွေ" ၏ ဘိုးဝဇီရ၊ "မောင်သစ်လွင်"၏ ရှေးဦးမြန်မာသတင်းစာများ၊ "ငွေဥဒေါင်း" ၏ စာဝင်္ဂဘာ၊ "လူထုဦးလှ" ၏ သတင်းစာများက ပြောတဲ့ မြန်မာပြည်နှင့် စာနယ်ဇင်းသမိုင်းစာတမ်းများ စသဖြင့် နှောင်းလူများ အတွက် မှတ်တမ်းတင်ခဲ့ကြပါသည်။
၁၉၄၀ ခုနှစ်အထိ မြန်မာသတင်းစာများသည် တစ်ပတ်တစ်ကြိမ် နှစ်ကြိမ်ထုတ် အများဆုံးဖြစ်ပြီး နေ့စဉ်ထုတ်သတင်းစာများမှာ သူရိယ၊ မြန်မာ့အလင်းစသော နှစ်စောင်သုံးစောင်မျှသာ ဖြစ်ပါသည်။ အမျိုးသားသတင်းစာဆရာ၊ အယ်ဒီတာများနှင့်အတူ အမျိုးသ မီးသတင်းစာဆရာ၊ အယ်ဒီတာများလည်း ထွက်ပေါ်လာခဲ့သော မြန်မာသတင်းစာ လောကသည် အမျိုးသားနိုင်ငံရေးများနှင့်အတ
၂။
၁၉၄၀ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် အယ်ဒီတာ ဒေါ်မမခင် (B.A၊ M.Sc/ ချီကာဂို) တည်ထောင်ထုတ်ဝေခဲ့သော ကျောင်းသား သတင်းသည် သတင်းစာလောက၌ ထူးခြားသစ်လွင်သော သတင်းစာတစ်စောင်ဖြစ်ပါသည်။ တစ်ပတ်တစ်ကြိမ်၊ ကြာသပတေး နေ့တိုင်း ထုတ်ဝေ၇ာ ၁၂ ခွဲလက်မ × ၉ လက်မအရွယ် ဂျာနယ်ဆိုက်ဒ် သတင်းစာဖြစ်၍ ရောင်းဈေး (၁) ပဲ ဖြစ်သည်။ စာမျက်နှာ (၁၇) မျက်နှာပါရှိသည်။
သတင်းစာာထုတ်ဝေခြင်း ရည်ရွယ်ချက်သည် (အမိမြန်မာပြည်ကြီး၏ အညွန့်အတက်ဖြစ်သော သားငယ်သမီးငယ်တို့၏ ပညာအ ခြေခံကို တစ်နည်းတစ်ဖုံအားဖြင့် ထောက်ပံ့စောင့်ရှောက်ရန်) ရည်သန်လျက် ကျောင်သားသတင်းစာကို ထုတ်ဝေခြင်းဖြင့် မြန်မာ သတင်းစာကို ပိုမိုပြည့်စုံဝေဆာခဲ့သည်ဟု "ဒေါ်ကြည်" ၏ "အမျိုးသမီးများနှင့် စာနယ်ဇင်းလောက" စာတမ်းတွင် တင်ပြဖော် ထုတ်ခဲ့သည်။
ကျောင်းသားသတင်းစာသည် အခြားသတင်းစာများကဲ့သို့ သတင်းစာကြန်အင်လက္ခဏာများ ပါရှိခဲ့သည်မဟုတ်ပေ။ ပုံဝတ္ထုများ၊ သင် ခန်းစာများ (အင်္ဂလိပ်၊ ပထဝီ၊ သိပ္ပံနှင့် ကဗျာစာပေအနုပညာများ)၊ မေးခွန်း၊ ပုစ္ဆာအမေးအဖြေများ၊ ရယ်ရွှင်ဖွယ်များ၊ ဗဟုသုတများ၊ ပဟေဠိများသာ တင်ဆက်ဖော်ကြူးသွားသည်။
ကျောင်းသားလူငယ်များအား တိုင်းချစ်ပြည်ချစ်စိတ် ထက်သန်ရန်နှင့် စွန့်လွှန့်စိတ်များ ဖော်လာရန် အကြံဉာဏ်နှင့် သြဝါဒများ (အဆိုအမိန့်များ) ဖော်ပြရင်း အခြားတစ်ဘက်တွင် နိုင်ငံရပ်ခြားမှ တိုင်းပြည်ခေါင်းဆောင်များ (လင်ကွန်း၊ ရုစဘဲ့၊ ချိန်ဘာလိန်) နှင့် ထင်ရှားသော ပုဂ္ဂိုလ်များ (ကျောင်းသားများအပါအဝင်) အား ဓာတ်ပုံများနှင့်တကွ ဖော်ပြရေးသားခဲ့သည်။ ထူးခြားသည်မှာ တိဘက်ပြည်မှ "ဒလိုင်းလားမား" အကြောင်းဖြစ်သည်။
(မြန်မာပြည်တွင် အသက်အရွယ်နုနယ် ငယ်ရွယ်သူ၊ အမျိုးသမီးကလေးများအတွက် သက်သက်ထုတ်ဝေသော သတင်းစာမျိုး မရှိ သလောက် ရှားပေသေးသည်။ အမေရိကန်၊ အင်္ဂလန်၊ ဥရောပ၊ အိန္ဒိယ၊ တရုတ်၊ ဂျပန်အစရှိသော တိုင်းပြည်ကြီးများတွင် အသက်ငယ်ရွယ် နုနယ်သူ တိုင်းပြည်၏ အညွန့်အတက်ကလေးများ ဖတ်ရှုရန် သတင်းစာများကို တသီးပုဂ္ဂလ ရိုက်နှိပ်ထုတ်ဝေခြင်း ပြုလုပ်ကြသည်မှာ အများအပြားပင်ရှိချေသည်။ မြန်မာပြည်သည် ဤသို့သော ခေတ်ကြီးမှာပင် သူငယ်တို့အဖို့ စာပေဘက်က ချို့တဲ့လျက်ပင် ရှိသေး၏။ သို့ပါ၍ ကျောင်းသားလူငယ်များ စိတ်လက်ပျော်ရွှင်စွာဖြင့် မိမိတို့နှင့်ဆိုင်ရာ ဗဟုသုတအမျိုးမျိုးတို့ကို ဆည်းပူးနိုင်စေရန် နုနယ်သန်၍ ကျောင်းသားသတင်းစာ ပေါ်ပေါက်ရခြင်းဖြစ်ပါသည်။) စစ်ကြိုခေတ်သတင်းစာလောက၏ ထူးထူး ခြားခြား သတင်းစာတစ်စောင်အကြောင်း တင်ပြင်ရင်း (ယနေ့) ဂျာနယ်များ အပြိုင်အဆိုင် (၁၀၅-စောင်) ပင် ထွက်ပေါ်နေရာ ဒေါ်မမခင်၏ ကျောင်းသားသတင်းစာတစ်စောင်ကဲ့သို့ ကျောင်းသားလူငယ် ဂျာနယ်တစ်စောင်တစ်လေ ထွက်ပေါ်စေချင်သည်။
၃။

ဒေါ်မမခင်သည် ဒုတိယကမ္ဘာစစ်အပြီးတွင် "ပြည်သူ့အသံ" (the People's Voice) ဂျာနယ် ပြန်လည်ထုတ်ဝေလာသည်။ တစ်ပတ် တစ်ကြိမ် တနင်္ဂနွေနေ့တိုင်း ထုတ်ဝေသည်။ ဂျာနယ်မျက်နှာဖုံးတွင် ဂျာနယ်၏ ကြွေးကြော်သံပါရှိရာ ပြည်သူ့အသံဂျာနယ်သည် ပါတီသြဇာခံမဟုတ်၊ တိုင်းသူပြည်သားများအကျိုးကို ကြံစည်ရှေ့ရှုလျက် ဟုတ်တိုင်းမှန်ရာ၊ မကွယ်မဝှက်၊ ရဲရဲဝံ့ဝံ့ လမ်းမှန်ကိုသာ ဖော်ပြမည့် ပြည်သူ့ဂျာနယ်ဖြစ်သည်) ဟု ရေးသားထားသည်။ ဒေါ်မမခင်နှင့်အတူ "ဦးဘရင်" နှင့် "သာဂရငစိုး" တို့လည်း အယ်ဒီ တာအဖွဲ့ဝင် အဖြစ် ပါဝင်သည်။
ဒေါ်မမခင်၏ ကျောင်းသားသတင်းစာနှင့် ပတ်သက်၍ (ကျောင်းသားများအတွက် စေတနာ ရည်ရွယ်ချက်ကောင်းသန့်သန့်ဖြင့် ထိုအ ချိန်က ထုတ်ဝေသည့် တစ်ခုတည်းသော သတင်းစာတစ်စောင်ဟု ဆိုလောက်ပေသည်။) ဟု "သင်္ခါ" ၏ "မြန်မာနိုင်ငံ စာနယ် ဇင်းမှတ်စုများ" စာအုပ်တွင် အကဲဖြစ်တ်ထားပါသည်။ ထို့အတူပင် (၁၉၄၀ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့၌် ထုတ်ဝေသည့် ကျောင်းသားသတင်းစာ (the Student) မှာ မြန်မာကလေးလူငယ်များအတွက် ပထမဆုံး သီးသန့် ထုတ်ဝေခြင်း ဖြစ်သည်) ဟု "တက္ကသိုလ်ထင်ကြီး" ၏ "မြန်မာနိုင်ငံသတင်းစာများအညွှန်း" စာအုပ်တွင် မှတ်ချက်ပြုပါသည်။
၁၉၄၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့၌ ထုတ်ဝေသော ပြည်သူ့အသံသတင်းသည် မြန၄်မာနိုင်ငံရေး ဇာတ်ခုံပေါ်မှာ ဇာတ်လမ်း အဖုံဖုံကို မကွယ်မထောက် ရေးသားခဲ့သည်။ (ဥပမာ) "ဗိုလ်ချုပ်အောင်ဆန်း၊ နိုင်ငံရေး စံချိန်သစ် တင်လိုက်ပြီ" မျက်နှာဖုံးသတင်းနှင့် ဆောင်းပါးများ၊ ထိုစဉ်က ထုတ်ဝေသော ဟံသာဝတီ၊ လမ်းညွှန်၊ ရွှေမောင်းသံ၊ ဗမာ့စီးပွား၊ သံတော်ဆင့်၊ ထားဝယ်သား၊ ရှေ့ဆောင် အစရှိသော သတင်းစာများနှင့်အတူ စစ်ပြီးခေတ် "ကက်စဘီ" (CAS.B) ခေတ်တွင် မြန်မာအမျိုး သမီးတစ်ဦး၏ သတင်းစာတစ်စောင်သည် မြန်မာ့လွတ်လပ်ရေးအတွက် စတုတ္ထမဏ္ဍိုင်မှ ပါဝင်ခဲ့ပါသည်။
ဒေါ်မမခင်၏ ကျောင်းသားသတင်းစာနှင့် ပတ်သက်၍ (ကျောင်းသားများအတွက် စေတနာ ရည်ရွယ်ချက်ကောင်းသန့်သန့်ဖြင့်
၁၉၄၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့၌ ထုတ်ဝေသော ပြည်သူ့အသံသတင်းသည် မြန၄်မာနိုင်ငံရေး ဇာတ်ခုံပေါ်မှာ ဇာတ်လမ်း အဖုံဖုံကို မကွယ်မထောက် ရေးသားခဲ့သည်။ (ဥပမာ) "ဗိုလ်ချုပ်အောင်ဆန်း၊ နိုင်ငံရေး စံချိန်သစ် တင်လိုက်ပြီ" မျက်နှာဖုံးသတင်းနှင့် ဆောင်းပါးများ၊ ထိုစဉ်က ထုတ်ဝေသော ဟံသာဝတီ၊ လမ်းညွှန်၊ ရွှေမောင်းသံ၊ ဗမာ့စီးပွား၊ သံတော်ဆင့်၊ ထားဝယ်သား၊ ရှေ့ဆောင် အစရှိသော သတင်းစာများနှင့်အတူ စစ်ပြီးခေတ် "ကက်စဘီ" (CAS.B) ခေတ်တွင် မြန်မာအမျိုး သမီးတစ်ဦး၏ သတင်းစာတစ်စောင်သည် မြန်မာ့လွတ်လပ်ရေးအတွက် စတုတ္ထမဏ္ဍိုင်မှ ပါဝင်ခဲ့ပါသည်။
၁။ ဒေါ်ကြန်- အမျိုးသမီးများနှင့် စာနယှ်ဇင်းလောက၊ မြန်မာစာနယ်ဇင်းသမိုင်း၊ စာတန်းများ (ပထမတွဲ)
လေးကိုတင်
ပေဖူးလွှာမဂ္ဂဇင်းမှ ကူးယူဖော်ပြသည်။
No comments:
Post a Comment