ကျွန်တော် မြန်မာနိုင်ငံကို အလည်အပတ်သွားရာကနေ အင်္ဂလန်ကို ပြန်ရောက်ပြီး ရက်ပိုင်းပဲ ရှိပါသေးတယ်။ နိုင်ငံခြားရောက် မြန်မာအများစုလိုပဲ ကိုယ့်မြေ သံယောဇဉ်ရှိသူမို့ မြန်မာနိုင်ငံ သတင်းကို မဖတ်တဲ့နေ့ဆိုတာ မရှိသလောက်ပါပဲ။ နှစ်သစ်ကူးနေ့မှာ Internet သတင်းဖတ်ရင်းနဲ့ ဒေါက်တာနေ၀င်းမောင်ရဲ့ သတင်းကို ဖတ်မိလိုက်တော့ မယုံနိုင်အောင်ကိုဖြစ်မိတယ်။
၁၉၈၈ ခုနှစ်တုန်းက ကျွန်တော် မန္တလေးပြည်သူ့ဆေးရြုံ ကီးမှာ အလုပ်သင်ဆရာဝန် တာဝန် ကျနေတုန်းက ဒေါက်တာနေ၀င်းမောင်ကို ဆုံခဲ့ဖူးပါတယ်။ သူ့ရဲ့ညီဖြစ်သူ ဒေါက်တာနေလင်းမောင်က ကျွန်တော်နဲ့ ခင်မင်ရင်းနှီးသူ တစ်ဦးပါ။ နောက်ပိုင်းမှာ သူနဲ့မဆုံဖြစ်တော့ပေမယ့် သတင်း မီဒီယာတွေမှာ သူ့ရဲ့အကြောင်းတွေ၊ သူ့ရဲ့မိန်ခွန်းတွေ ဖတ်ရပါတယ်။ သူ့အပေါ် အမြင် အမျိုးမျိုးရှိကြပေမယ့် သူဟာ တိုင်းပြည်အပေါ်မှာ အင်မတန် စေတနာရှိတယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရတဲ့ အချက်ပါ။ အသက် ၅၀ ဆိုတာ အတွေ့အကြုံနဲ့ ခွန်အားပေါင်းစပ်ပြီး တိုင်းပြည်အတွက် အများကြီးလုပ်နိုင်တဲ့ အရွယ်ပါပဲ။ ကျန်ရစ်ခဲ့သူ မိသားစုအတွက်ကတော့ အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီးတစ်ရပ်ပါ။
သူ့ရဲ့ နောက်ဆုံးအဖြစ်အပျက်ကို ဖတ်ရတဲ့အခါ ရင်ထုမနာဖြစ်ရပါတယ်။ အထူးသဖြင့် ကျွန်တော်လို နှလုံးအထူးကု သမားတော်တစ်ယောက်အေ
ကျွန်တော်တို့နိုင်ငံမှာ ဆေးရုံဖွင့်တာ လွယ်ပုံရပါတယ်။ မကြာသေးမီက စီးပွားရှင်တွေ အပြိုင်အဆိုင် ဆေးရုံတွေ ဆောက်လုပ် လှူဒါန်းကြတာတွေ ဖတ်ရ၊ ကြားရပါတယ်။ ဒီလိုစေတနာတွေရှိကြတာ အရမ်းကောင်းပါတယ်။ ဟိုတယ်ကနေ ဆေးရုံကြီးဖြစ်သွားတာတွေ၊ ဌာနဆိုင်ရာရုံးကြီးတွေက ဆေးရုံကြီးတွေဖြစ်သွားတာ တွေ့မြင်ရတယ်။ ဆေးရုံလို့ ဆိုင်းဘုတ်တပ်တိုင်း ဆေးရုံဖြစ်သွားရောလား ဆိုတာ မေးသင့်တဲ့ မေးခွန်းတစ်ခုပါ။ ဆေးရုံတစ်ခုဖွင့်ရင် ဆေးရုံအင်္ဂါရပ်နဲ့ ပြည့်စုံသလား၊ မပြည့်စုံ ဘူးလားဆိုတာ ဘယ်သူတွေက တာဝန်ယူပြီး စစ်ဆေးကြသလဲ။ ဘယ်ဌာနက အသိအမှတ်ပြု လက်မှတ် Accreditation ပေးတာလဲ၊ ဘယ်ဟာကို စံထားပြီး လုပ်တာလဲဆိုတာ အရေးကြီးပါတယ်။ နိုင်ငံတော်တော် များများမှာ Accreditation စနစ်ကို ဆေးရုံကြီးတွေအတွက်သုံးပါတယ်။ ဥပမာ မြန်မာနိုင်ငံသားတွေ အားထားရာ Bangkot Hospital ဆိုရင် Joint Commission International (JCI) Accreditation ရထားတာပါ။ ဆေးရုံတစ်ရုံမှာ အဆောက်အအုံ၊ ဆေးဝါးကိရိယာ ပစ္စည်းတွေနဲ့ တတ်သိပညာရှင်တွေ လိုပါတယ်။ ပထမနှစ်ခုကတော့ ငွေရှိရင် အလွယ်တကူရနိုင်ပါတယ်။ တတ်သိ ပညာရှင်တွေကတော့ ချက်ချင်း လွယ်လွယ်ကူကူနဲ့ မရနိုင်ပါဘူး။ ကျွန်တော်တို့မြန်မာနိုင်ငံက ထူးကုတွေ ခမျာလည်း တော်တော်လေးကို ပင်ပန်းပါတယ်။ တချို့ဆရာဝန်ကြီးတွေဆိုရင် ဆေးရုံ အသစ်ဖွင့်တိုင်း ကိုယ်ပွားရလို့ ၁၀ ကိုယ်ပွားလောက်တောင်များ ရှိကြသလားမသိဘူး။ ကမ္ဘာ့ ရပ်ခြားမှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာအထူးကု ဆရာဝန်အရေအတွက်ဟာ မြန်မာပြည်မှာရှိတဲ့ အထူးကုဆရာဝန် အရေအတွက်ထက် ၁၀ ဆ လောက်ကို ရှိနိုင်ပါတယ်။ ဒီအထူးကု ဆရာဝန် တွေသာ မြန်မာနိုင်ငံကို ပြန်လာပြီး အလုပ်လုပ်နိုင်ရင်၊ ဆရာဝန်အငယ်တွေကို သင်ကြားပို့ချ ပေးနိုင်ရင် ပြည်သူလူထုအတွက် အများကြီးအကျိုးရှိမှာ မလွဲပါဘူး။ လူနာဘဲအုပ်က တစ်ရာ
နှစ်ရာ ဖြစ်နေရှာတဲ့ မဗေဒါ အထူးကုဆရာဝန်ကြီးတွေအတွက်လည်း ၀န်ပေါ့သွားနိုင်ပါတယ်။ တတ်သိပညာရှင်တွေကို မြန်မာနိုင်ငံပြန်လာပြီး အလုပ်လုပ်စေချင်ရင် ဒီလူတွေ လုပ်လုပ်လို့ရတဲ့ စနစ်နဲ့ အခြေအနေတွေကို ဖန်တီးပေးဖို့ လိုပါတယ်။ Infrastructure မကောင်းရင် အထူးကု ဆရာဝန်တွေလည်း ရမ်းကုတွေနဲ့ နင်လားငါလား ဖြစ်သွားနိုင်ပါတယ်။ ကားအကောင်းတွေ သွင်းလာပြီး လမ်းတွေမကောင်းလို့ မကြာခင်ပျက်ကုန်တာ မထူးဆန်းပါဘူး။

ကျွန်တော် အလုပ်လုပ်တဲ့ Sunderland Royal Hospital (SRH) ဟာ ကုတင်တစ်ထောင်ဆံ့ ဆေးရုံပါ။ ကျွန်တော်တို့ ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးဆိုရင်လည်း ဆေးရုံဝင်းထဲမှာ အလည်အပတ်ရောက်ရင်း တည်းဖူးပါတယ်။ SRH ဟာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနဲ့ အရွယ်အစား
အတူတူလောက်ပါပဲ။ ကျွန်တော် High Tech စက်တွေ ယှဉ်ပြီး မပြောပါဘူး။ ဆေးပညာလောကမှာ နှစ်ပေါင်းများစွာသုံးလာခဲ့တဲ့ Defibrillator ခေါ် နှလုံးရပ် Cardiac Arrest မှာ နှလုံးကို Shock ရိုက်တဲ့စက်တွေပဲ ယှဉ်ကြည့်ပါ။ SRH မှာ Ward တိုင်း၊ Clinic တိုင်း မှာ Defibrillator တွေရှိပါတယ်။ ဆေးရုံတစ်ရုံမှာဆိုရင် Defibrillator အလုံးတစ်ရာနီးပါး ရှိပါတယ်။ ဒီစက်တွေကို တာဝန်ရှိသူတွေက နေ့တိုင်းပဲ Test လုပ်ရပါတယ်။

ရန်ကုန်ဆေးရုံကြီးလို မြန်မာနိုင်ငံရဲ့ ထိပ်တန်းဆေးရုံ တစ်ရုံမှာ Defibrillator ဘယ်နှလုံး ရှိပါသလဲ။ နောက်ဆုံးဖွင့်တဲ့ ဆေးရုံ အသစ်တွေမှာရော Defibrillator ဘယ်နှလုံးစီရှိပါသလဲ။ တချို့က ''ဟာ မီးတောင်မှ မှန်လို့လား''လို့ ပြောကြလိမ့်မယ်။ ဆေးရုံဆိုတာ စက်ရုံလို နားထားလို့ ရတဲ့အချိန် မရှိပါဘူး။ ဆေးရုံတိုင်းမှာ မီးဆိုတာ ၂၄ နာရီ လာနေရပါမယ်။ ကျွန်တော် အင်္ဂလန်မှာ ဆရာဝန် လုပ်လာခဲ့တဲ့ သက်တမ်းက ၁၈ နှစ်လောက် ရှိပါပြီ။ UK ဆေးရုံမှာ မီးပျက်တယ်ဆိုတာ ၁၈ နှစ်အတွင်း
လက်ချိုးရေလို့ရပါတယ်။ အဲဒီ လောက်မီးပျက်တာနည်းတာတောင် ဆေးရုံမှာ ကိုယ်ပိုင်မီးစက် Generator ထားတယ်။ နောက်တစ်ခုကတော့ Training ပါ။ ကျွန်တော်တို့ ဆေးရုံမှာ ဆရာဝန်၊ သူနာပြုတွေသာမက ၀န်ထမ်းတိုင်း နှစ်စဉ် နှလုံးရပ်တဲ့လူနာတွေအတွက် အသက်ကယ်သင်တန်း Basic Life Support (BLS) ကို မတက်မနေရ ပြဋ္ဌာန်းထားတယ်။ လူနာတစ်ယောက် ဆေးရုံ အတွင်းမှာ Cardiac Arrest ရ နှလုံးရပ်ရင် အောက် ခြေအလုပ်သမားကအစ ဘာလုပ်ရမှန်း သိတယ်။ BLS Training က နှစ်နာရီလောက်ပဲ ကြာတာပါ။ High tech မဟုတ်ပါဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ BLS တောင် ဆရာဝန် ဘယ်နှယောက် လုပ်နိုင်ပါသလဲ။ နောက်တစ်ခုက Ambulance ကားတွေပါ၊ UK က Ambulance တိုင်းမှာ Defibrillator ပါပါတယ်။ Ambulance driver တိုင်းဟာ Training ရပြီး သက်ဆိုင်ရာအသိအမှတ်ပြု အောင်လက်မှတ်ရထားတဲ့ သူတွေပါ။ ကျွန်တော်တို့
မြန်မာနိုင်ငံက Ambulance တွေတိုင်းမှာ Defibrillator ရှိတယ် မရှိဘူးဆိုတာ တာဝန်ရှိသူတွေ အသိဆုံးဖြစ်မှာပါ။ Heart Attack ရထားတဲ့ ဒေါက်တာနေ၀င်းမောင်လို လူနာတစ်ယောက် ဆေးရုံတစ်ရုံကို ရောက်လာပြီးမှ ပြည်သူ့ဆေးရုံကို လူနာကိုယ်တိုင် ကားမောင်းသွားရတယ်ဆိုတာ တစ်ကမ္ဘာလုံးမှာ ဘယ်နှနိုင်ငံများ ရှိမှာလဲ။ အပြစ်တင်ချင်တာထက် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကျန်းမာရေးအဆင့်ကို ဘယ်လို တိုးတက်အောင် လုပ်လို့ရသလဲလို့ တွေးချင်တာပါ။ UK မှာ မကြာသေးမီကမှာ Cardiac Arrest ရသူတွေအတွက် အလိုအလျောက်နှလုံး Shock ရိုက်စက်၊ Automated External Defibrillator (AED) တစ်သောင်းကျော်ကို လေဆိပ်တွေ၊ Shopping mall တွေနဲ့ လူအများသွားလာတဲ့ နေရာတွေမှာ တပ်ဆင်ထားပါတယ်။ Heart Attack ရသူတွေရဲ့ သေဆုံးသူဦးရေရဲ့ တစ်ဝက်လောက်ဟာ ဆေးရုံမရောက်ခင် Cardiac Arrest နဲ့ ဆုံးကြရတာပါ။ AED
တွေကြောင့် ၇၅ ရာခိုင်နှုန်းလောက် အသက်ရှင်ဖို့ အခွင့်အလမ်း ပိုရနိုင်ပါတယ်။ တခြားနိုင်ငံတွေ မှာလည်း AED တွေကို အဲဒီလို တပ်ဆင်တာတွေ ရှိပါတယ်။ သူတို့အတိုင်းအတာအထိ မလုပ်နိုင်ရင်တောင် မြန်မာနိုင်ငံမှာ တတ်နိုင်တဲ့ အတိုင်းအတာအထိ လုပ်နိုင်ရင်တော့ ကောင်းမှာပဲလို့ တွေးမိတယ်။

Defibrillator တစ်လုံးဟာ အက္ခရာဟောင်း အပ်နှံကားလောက်တောင် ဈေးမကြီးပါဘူး။ ကျွန်တော်က ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ထဲမှာ မြန်မာပြည်ကို အလည်အပတ် ပြန်ရောက်ထားတာပါ။ ကျွန်တော် ရန်ကုန် မြန်မာနိုင်ငံ ဆရာဝန်အသင်းတိုက်မှာ ဆရာဝန် ၁၆၀ လောက်ကို နှလုံးရောဂါနဲ့ ပတ်သက်ပြီး ECG သင်တန်းပေးခဲ့ပါတယ်။ သင်တန်းလာတက်သူ အများစုထဲမှာ လက်ရှိရန်ကုန်က ဆေးရုံတွေမှာ အလုပ်လုပ်နေသူတွေ ပါပါတယ်။ စာသင်ရင်းနဲ့ Defibrillator အကြောင်း ရောက်သွားပါတယ်။ ရန်ကုန်က ဆေးရုံတွေမှာ Ward တိုင်းမှာ Defibrillator ရှိသလားလို့ ကျွန်တော်ကမေးတော့ ဆရာဝန်အများစုက ခေါင်းရမ်းကြတယ်။ ၀မ်းနည်းစရာပါပဲ။ ကျွန်တော်ရဲ့ မိတ်ဆွေ ပါမောက္ခတစ်ဦး ကလည်း သူ Heart Attack ရရင် ဘယ်သွားကုရမှာလည်း မသိဘူးလို့ပြောတော့ တော်တော်လေးကို စိတ်မကောင်းဖြစ်ရတယ်။ သူ့အပြောနဲ့ ဒေါက်တာနေ၀င်းမောင်ရဲ့ အဖြစ်တွေကို ဆက်စပ်ကြည့်တဲ့ အခါ တွေးစရာတွေက အစီအရီ ပေါ်လာတယ်။ Heart Attack အရေးပေါ် ရောဂါမျိုးက တခြား နာတာရှည်ရောဂါတွေလို Bangkok တို့ Singapore တို့ သွားကုဖို့ အချိန်မမီနိုင်ပါဘူး။ တိုက်တိုက် ဆိုင်ဆိုင် ၂၀၁၂ ခုနှစ်ဆန်းရဲ့ ပထမပတ်အတွင်းမှာပဲ ကျွန်တော် SRH မှာ နှစ်စဉ်ဝန်ထမ်းတိုင်း မတက်မနေရဖြစ်တဲ့ BLS သင်တန်းကိုတက်ရပါတယ်။ တခြားဌာနတွေက အထူးကုဆရာဝန်ကြီး တွေပါ ကျွန်တော်နဲ့ အတူတူ တက်ရပါတယ်။ အဲဒီ BLS သင်တန်းတက်ရင်း Defibillator တွေ Dummy အရုပ်တွေနဲ့ လေ့ကျင့်ရင်းကနေဒေါက်တာနေ၀င်းမောင်အကြောင်း၊ မြန်မာနိုင်ငံအကြောင်း မတွေးမိပဲကို မနေနိုင်ပါဘူး။ ကျွန်တော်ရဲ့အလုပ်မှာ နှလုံးသွေးကြောကျဉ်းတဲ့ လူနာတွေကို နေ့စဉ်ပဲ တွေ့ရပါတယ်။ လူနာအသစ်တိုင်းကို Heart Attack ရတယ်လို့တင်ရင် ဘာလုပ်ရမယ်ဆိုတာ နှလုံးရောဂါအထူးကု သမားတော်အနေနဲ့ အကြံပေးရပါတယ်။ UK မှာတော့ လူနာတွေက သူတို့ Heart Attack ရတယ်လို့ထင်ရင် ၉၉၉ နံပါတ်ကို ဖုန်းဆက်ပြီး Ambulance ခေါ်လို့ ရပါတယ်။ အဲဒီလို လူနာမျိုးဆိုရင် Ambulance တွေက မဆိုင်းမတွ ချက်ချင်းလာပါတယ်။ ဆရာဝန်တွေက နှလုံးရောဂါ ရှင်တိုင်းကို Heart Attack ရတယ်ထင်ရင် ဘာလုပ်ရမယ်ဆိုတဲ့ Heartwise ကတ်ကလေးတွေ ပေးထားကြတယ်။ ကျွန်တော့် အဲဒီကတ်ကလေးတွေ လူနာတိုင်းကိုပေးတိုင်း ဒေါက်တာနေ၀င်းမောင် အကြောင်းကို ခေါင်းထဲက မထွက်တော့ပါဘူး။ ဒီလိုစနစ်မျိုးများ ကျွန်တော်တို့ မြန်မာနိုင်ငံမှာရှိရင် ဆိုတဲ့ အတွေးက ဖုံးဖိလို့ကို မရနိုင်ပါဘူး။ တတ်သိပညာရှင်တွေကို မြန်မာနိုင်ငံပြန်လာပြီး အလုပ် လုပ်စေချင်ရင် ဒီလူတွေ အလုပ်လုပ်လို့ရတဲ့ စနစ်နဲ့ အခြေအနေတွေကို ဖန်တီးပေးဖို့ လိုပါတယ်။ Infrastructure မကောင်းရင် အထူးကုဆရာဝန်တွေလည်း ရမ်းကုတွေနဲ့ နင်လားငါလား ဖြစ်သွားနိုင်ပါတယ် ...
ကျွန်တော်အခုလို ရေးသားတာဟာ ဘယ်သူ့ကိုမှ နစ်နာစေချင်တဲ့စိတ်နဲ့ ရေးတာမဟုတ်ပါဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးအဆင့်ကို တတ်နိုင်သလောက် ရှုထောင့်တစ်နေရာက ထောက်ပြတာပါ။ UK ရဲ့ကောင်းတဲ့ စနစ်တစ်ခုကတော့ ဘယ်နေရာဖြစ်ဖြစ် အမှားတွေ့ရင် သိအောင် အဖြေရှာတယ်။ ပြောင်းဖို့လိုအပ်ရင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြောင်းလဲမှုတွေ လုပ်တယ်။ အစိုးရကိုချည်း အားကိုးလို့ မရပါဘူး။ ပြောင်းလဲမှုတစ်ခု လုပ်ချင်ရင် လူတိုင်း အဖွဲ့အစည်းတိုင်းမှာ တာဝန်ရှိပါတယ်။ အခုအချိန်အခါ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ စာနယ်ဇင်း ကဏ္ဍအသီးသီးမှာ ပြုပြင်ပြောင်းလဲမှုတွေ တိုးတက်မှုတွေ မြင်နေရပါပြီ။ ကျန်းမာရေး ကဏ္ဍ အနေနဲ့လည်း ခေတ်နဲ့အညီ ပြုပြင်ပြောင်းလဲမှုတွေ လုပ်တဲ့အခါမှာ ပြည်တွင်းမှာရှိတဲ့ ကျန်းမာရေး လုပ်သားတွေက အရေးအကြီးဆုံးပါ။ တိုးတက်တဲ့ ပညာရေးစနစ်ဖြင့်သာလျှင် ကျန်းမာရေးစနစ် တိုးတက်လာအောင် အထောက်အကူပြုမှာ ဖြစ်ပါတယ်။ ကျွန်တော်အပါအ၀င် ပြည်ပရောက်နေတဲ့ မြန်မာ တတ်သိပညာရှင်တွေကလည်း လက်လှမ်းမီသ၍ ပါဝင်ဆောင်ရွက်ကြမှာပါ၊ ပြိုင်တူတွန်း လျှင်တော့ တကယ်ကိုရွေ့နိုင်ပါတယ်။ ဒေါက်တာနေ၀င်းမောင်တစ်ယောက် သူရဲ့နောက်ဆုံးအချိန်မှာ သူကိုယ်တိုင် ခံစားချက်တွေနဲ့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးအဆင့်အတန်းကို တိုးတက်စေချင်ခဲ့မှာ မလွဲပါဘူး။ ကျွန်တော်တို့အားလုံး ညီညီညွတ်ညွတ်နဲ့ ကြိုးစားကြရင်တော့ နှစ်များ မကြာမီမှာ တိုင်းပြည်ရဲ့ ကျန်းမာရေး အဆင့်အတန်းမြင့်လာပြီး နှလုံးသားတွေ အကြွေမစောကြလေအောင် ဆောင်ရွက်နိုင်ကြလေမယ်လို့ မျှော်လင့်ပါတယ်။
Written by ဒေါက်တာဇော်မျိုးထက် (နှလုံးရောဂါအထူးကု၊ UK)
EMG
No comments:
Post a Comment