ဇွန်လ ၂၈ နေ့စွဲဖြင့် မြန်မာ့အလင်းသတင်းစာတွင် “ပြည်ထဲရေးဝန်ကြီးက ဦးအောင်ရွှေနှင့် ဒေါ်အောင်ဆန်းစုကြည် တို့အား ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရန် အကြောင်းကြားစာပေးပို့” ဟူ စော်ကား မော်ကား ထည့် သွင်းထားသည်ကို တွေ့ရှိရသည်။
ထိုကြောင်းကြားစာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား တဖန် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင် ခြင်းကြောင့် သောက်ရေးမပါသော ပုဒ်မ မျဉ်းစောင်းများ ဖျက်သိမ်းပြီးဖြစ်ကြောင်း ပါရှိလေရာ ငါပြော ချင်သည်မှာ သင်းတို့ဖွဲ့သော လူတစု၊ သင်းတို့ရေးသော ပုဒ်ထီးပုဒ်မ၊ သင်းတို့ ပြုမူသော လုပ်ရပ်၊ မင်းတို့ ပြောသော အပြိန်အဖျင်းစသည်ဖြင့် ဘာဆိုဘာမျှ အဆင့်အတန်းမရှိသည့်အတွက် မလေးစား သော အားဖြင့် မှတ်ပုံတင်ရန် မလိုအပ်၊ မလေးစားသောအားဖြင့် သင်းတို့ ဖျက်သိမ်းသိမ်း မသိမ်း မသိမ်း ပြည်သူအသိအမှတ်ပြုထားသည့် အဖွဲ့အစည်းမို့ ပျက်လည်းမပျက်။ သင်းတို့ လက်သရမ်း ရေးသားထားသည့် ဥပဒေဆိုသည်မှာလည်း အိမ်သာသုံး စက္ကူမျှပင် အသုံးမကျသည့်တွက် လေးစား လိုက်နာရန် ဆိုသည်မှာ ဝေလာဝေး။ သင်းတို့က ဘယ်လို ပလပ်သည်ဖြစ်စေ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ပြည်သူအများက မပလပ်ပါ။ ဒါကို ကောင်းကောင်း သဘောပေါက်ထားပါ။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ကြေငြာချက်ထုတ်ခြင်း၊ စာအုပ်စာစောင်များနှင့် ဗီဒီယိုခွေများ ထုတ်ဝေခြင်းမှာ ပြည်သူများအား သိအပ်သိသင့်သည်များကို အသိပေးခြင်းသာဖြစ်တယ်၊ နိုင်ငံခြား အဖွဲ့အစည်းများနှင့် တွေ့ဆုံခြင်းဆိုသည်မှာ လူအဖွဲ့အစည်းတခုမို့ အခြားလူ့အဖွဲ့အစည်းများ၊ လူများ နဲ့ တွေ့ဆုံခြင်းသည် လောကသဘာဝသာဖြစ်တယ်၊ အစည်းအဝေးနှင့် အခမ်းအနားများဆိုသည်မှာ လည်း လူအများအပြားနှင့် စုဖွဲ့ထားသည်မို့ စည်းဝေးရသည်သာဖြစ်သလို အခမ်းအနားဆိုသည်မှာ လူသားမှန်သမျှ ပြုလုပ်ကောင်းသည်သာ ဖြစ်တယ်။ သည့်အတွက် သင်းတို့အနေဖြင့် အဘယ့်ကြောင့် မနာလို မရှုစိမ့်နိုင်သနည်း။ သင်းတို့သည် မိကောင်းဖကောင်း၏ သားကောင်းသမီးများ ဟုတ်ပါ၏ လော။ သည် လုပ်ရပ်များကြောင့် တိုင်းပြည်အဆိုးကျိုးလည်း မဖြစ်၊ ပြည်သူ့ ဆိုးကျိုးလည်း မဖြစ်ပါ။
သင်းတို့ အတည်ပေါက်ဖြင့် အရှက်မရှိ မျက်နှာပြောင်တိုက်ပြီး အစိုးရဖွဲ့ထားသည်မှာလည်း လူရီစရာ ပင်။ အရူးအနှမ်း သို့မဟုတ် ရာဇဝတ်သားများ အဖွဲ့ကို ဖွဲ့ထားသည်နှင့် တူ၏။ ဘယ်ပြည်သူမှ မလေး စား၊ မယုံကြည်၊ မအားကိုး။ အာဂ အစိုးရဖွဲ့ပါတကား။ မိုက်တကာ့ဗိုလ် ဆိုးတကာ့အချုပ်များ ပါတကား။
ဒေါ်အောင်ဆန်းစုကြည်ကြောင့် ရဟန်းရှင်လူ ပြည်သူအများ ဘယ်သောအခါကမှ စည်းလုံးမှု မပြိုကွဲဖူး၊ ညီညွတ်မှု မပျက်ပြားဖူးသည်ကို ပြည်သူအားလုံးကို သိပါသည်။ ဒါကို သင်းတို့ ဘာကြောင့် အရေးကြီးခွင်ကျယ် ရေးနေရသတုံး။ ငတုံးများရဲ့။
အမျိုးသားဒီမိုကရေစီအဖွဲ့သည် ပြည်သူ့အတွက် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်ကြောင့် ပြည်သူ့ အရေးနှင့် ပတ်သက်သော အရာအားလုံးကို ဆောင်ရွက်ရမည်သာ ဖြစ်သည်။ ထိုသို့ဆောင်ရွက်နေစဉ် အနှောက်အယှက်၊ အပိတ်အဆို့များနှင့် မထိတထိစခြင်း အကြမ်းဖက်ခြင်း ပြုလုပ်လာလျှင် ပြည်သူ အများနှင့် ထိပ်တိုက်ရင်ဆိုင်ရမည်ဖြစ်ကြောင်း မောင်သိန်းစိန်နှင့် အစိုးရအဖွဲ့ဆိုသူများ အသိပေး လိုက်ပါတယ်။
No comments:
Post a Comment