စကတည်းက အမြတ်အဓိက လို့ကြွေးကြော်ပြီး ဒီနေ့အထိ အဲဒီ အရင်းရှင်စနစ် သက်ဆိုးရှည်လာစေတဲ့ အဓိက အချက်က တဦးချင်း လွတ်လပ်ပိုင်ခွင့်ကို ကာကွယ်ပေးတဲ့ အခြေခံ လူ့အခွင့်အရေးတွေ ကြောင့် ပဲလို့ ကျနော် ကတော့ သုံးသပ်ပါတယ်။ ဒါပေမယ့် အဒမ်စမစ်ရဲ့ အမြတ်ပဓာန အရင်းရှင်စနစ်ဟာ ဒုတိယကမ္ဘာစစ်အပြီးမှာပဲ ကိုလိုနီစနစ်နဲ့အတူ ကမ္ဘာပေါ်မှာ အပြီးတိုင်ချုပ်ငြိမ်းသွားခဲ့ တယ်လို့ ပြတ်ပြတ်သားသား မြင်ပါတယ်။
၂၀ ရာစုမှာ လက်ဝဲ လက်ယာ အားပြိုင်မှုနဲ့ ဘာလင်တံတိုင်းပြိုပြီး လက်ဝဲအလုံးစုံ ကျဆုံးမှုဟာ သိသာ ထင်သာ မြင်သာပေမယ့် တကယ့်တကယ်တန်း ပြန်ကြည့်လိုက်ရင် အဒမ်စမစ်ရဲ့ အမြတ်ပဓာန အရင်းရှင် စနစ်က ဒုတိယ ကမ္ဘာစစ်ပြီးကတည်းက ချုပ်ငြိမ်းခဲ့ပြီးသားပါ။ လက်ယာအုပ်စုတွေဟာ အဆုံးစွန် ကိုလိုနီထိရောက်ခဲ့ပြီး ပြုပြင် ပြောင်းလဲမှုတွေကို မဖြစ်မနေလုပ်ခဲ့ကြပါတယ်။ အဲဒီလို ပြုပြင်ပြောင်းလဲမှုတွေကို မလုပ်လို့ မဖြစ်အောင်လည်း သူတို့ကို ကွန်မြူနစ်လက်ဝဲ၀ါဒက တွန်းအား ပေးခဲ့တယ်။ ကွန်မြူနစ်တွေဟာ ရုရှားမှာ မဟာအောက်တိုဘာတော်လှန်ရေးနဲ့အတူ အောင်ပွဲခံခဲ့၊ ဇာဘုရင်ရဲ့ အဖြစ်ဆိုးကို သူတို့ သင်ခန်းစာရခဲ့တယ်။ ဒါကြောင့် အမေရိကနဲ့ ဗြိတိန်တို့ဟာ ပါလီမာန်တွင်း ပြုပြင်ပြောင်းလဲ မှုတွေ၊ အလုပ်သမားအခွင့်အရေး ပြုပြင်မှုေ တွကို လုပ်ပြီး ကွန်မြူနစ်ခြေကုပ်မယူနိုင်အောင် ခပ်ကြမ်းကြမ်းကိုင်တွယ်ခဲ့တယ်။ အမေရိကမှာတော့ အထက် လွှတ်တော်အမတ် ဂျိုးဇက်မက္ကာသီက စီအိုင်အေနဲ့ပေါင်းပြီး ဥပဒေမဲ့ကို ကိုင်တွယ် ရှင်းလင်းခဲ့တယ်။ အမေရိကန်တွေ ကြောက်လန့်စရာကောင်း လောက်အောင် ကမ္ဘာတခြမ်းက နေ့ချင်းညချင်း လက်ဝဲ စနစ်ကို ထူထောင်ခဲ့ကြတယ်။ ကွန်မြူနစ်တစ္ဆေ အခြောက်ခံနေတဲ့ အမေရိကန်တွေဟာ အရှေ့တောင် အာရှ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ကိုရီးယားကျွန်းဆွယ်တွေမှာ အမှားတွေ လူမဆန်တဲ့ လုပ်ရပ်တွေ အများကြီး လုပ်ခဲ့တယ်။
တချိန်တည်း ကွန်မြူနစ်တွေကလည်း တော်လှန်ရေးကြီးအောင်မြင်ဖို့ ဆိုပြီး အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ အဓမ္မမှုတွေ လုပ်ခဲ့တယ်။
သမိုင်းစာမျက်နှာတွေကို ဖြတ်သန်းဖတ်ကြည့်တဲ့အခါ ကမ္ဘာဟာ အရမ်းကိုအထိ နာခဲ့တာပါ။ ဘယ်သူတွေနာခဲ့တာလဲ ဆိုတော့ ပြည်သူတွေပါ။
ဂျိုးဇက်မက္ကာသီကြောင့် ယိုင်နဲ့ခဲ့ရတဲ့ ဒီမိုကရေစီကို အချိန်မီပြုပြင်ပြီး လူ့အခွင့်အရေးတွေနဲ့ အချိန်မီဆေးကု အဖတ်ဆည်ခဲ့နိုင်လို့ပေါ့။ နို့မို့ဆို အဖြေက တမျိုးတောင် ဖြစ်သွားနိုင်တယ်လို့  ကျနော်သုံးသပ်မိတယ်။
အမေရိကရဲ့ ကောင်းမွန်တဲ့ အတုယူစရာစနစ်က အဲဒါပါပဲ။ ပြုပြင်ပြောင်းလဲမှု ရှိတာပါ။ ပြုပြင် ပြောင်းလဲမှု ဆိုတာရှိမှ ယဉ်ကျေးမှု လို့ခေါ်တယ် ဆိုသလိုပဲ၊ အမေရိကန်တွေရဲ့ အရင်းရှင်စနစ်ဟာ အဒမ်စမစ်ရဲ့ အမြတ်အဓိက ကိုလိုနီစနစ်ကနေ ပြန်လည်ပြင်ဆင်ရေးတွေနဲ့ ဈေးကွက်စီးပွားရေးဆီထိ ပြောင်း လဲရွေ့လျားလာပါတယ်။
ဒီနေ့ အမေရိကန်ပြည်ထောင်စုထဲမှာ ကော်ပိုးရေးရှင်းတွေ၊ ကုမ္ပဏီတွေကို မလှုပ်နိုင်မယှက်နိုင်အောင် ဥပဒေတွေအမျိုးမျိုးနဲ့ ကန့်သတ်ထားတာ တကယ့်ကို ဆိုရှယ်လစ်ဆန်ဆန် ဖြစ်ဖြစ်နေပြါ ပီ။ လက်ရှိ ကမ္ဘာမှာ အလုပ်သမားအခွင့်အရေး အများဆုံး ရထားတာလည်း အမေရိကပါ။
အဲဒီတော့ ပစ္စည်းမဲ့ လူတန်းစားတွေအတွက် ပစ္စည်းမဲ့ အာဏာကိုထူထောင်မယ်၊ အလုပ်သမား နိုင်ငံတော် ထူထောင်မယ် ဆိုတဲ့ လက်ဝဲနိုင်ငံတွေမှာ ပါတီကို ပြန်မပြောရဲ၊ သမဂ္ဂဆိုတာ လွတ်လပ်စွာ ဖွဲ့ခွင့်မရှိနဲ့ နှိုင်းယှဉ်လိုက်တော့ လက်ဝဲတွေ ဘာကြောင့် ကျဆုံးပြီး၊ လက်က်ျာတွ ဘာကြောင့် ကျန်ခဲ့တယ် ဆိုတာ မြင်သာပါပြီ။
ဈေးကွက်စီးပွားရေးစနစ်ဆိုတာ အရင်းရှင်စီးပွားရေးစနစ်နဲ့ မတူပါဘူး။ အနှစ်သာရမှာ အရမ်းကို ကွဲပြားပါတယ်။ အမည်နာမ အခေါ်အဝေါ်မှာတင် သိသိသာသာ ကွဲပြားပါတယ်။ အရင်းရှင် စီးပွားရေးစနစ်မှာ အရင်းရှင်လူတန်းစားကို ဗဟိုပြု ဖွဲ့စည်းထားတာဖြစ်ပါတယ်။ အရင်းရှင်စနစ် မတိုင်မီက မြေရှင်စနစ်၊ အဲဒီမတိုင်မီက ပဒေသရာဇ်စနစ်၊ သမိုင်းကို နောက်ပြန်သွားကြည့်ရင် ဘယ်လိုတွေ တိုးတက် ပြောင်းလဲလာတယ်ဆိုတာကို အထင်အရှားတွေ့ရလိမ့်မယ်။ အဲဒီလို တိုးတက်ပြောင်းလဲမှုတွေဟာ အလကားအချည်းနှီး ပြောင်းလာတာတော့ မဟုတ်ပါဘူး။ ကျနော်တို့ လူသားတွေဟာ သမိုင်းဦး ဘုံမြေခေတ်မှာ အတူတကွ စုပေါင်းနေထိုင်ရင်း လူမျိုးစုတွေ ဖြစ်ခဲ့တယ်။ သားရဲတိရစ္ဆာန်တွေရဲ့အန္တရာယ်တွေ၊ တခြားလူမျိုးစုတွေရဲ့ အန္တရာယ်တွေ၊ သဘာဝ ဘေးအန္တရာယ်တွေကို ဦးဆောင် ကာကွယ်ပေးနိုင်ခဲ့တဲ့ သူရဲကောင်းကို ခေါင်းဆောင်တင်မြှောက်ရာက ဘုရင်စနစ်ကို တီထွင်ပြီးသား ဖြစ်ခဲ့တယ်။ ဘုရင်သေတော့ သူ့သားကို အစဉ်အဆက် အုပ်ချုပ်ခိုင်း ရာကနေ အဲဒီ ဘုရင်နဲ့ အဲဒီ ဘုရင်ရဲ့အမျိုးတွေ ဖိနှိပ်မှုတွေကို မခံနိုင်စရာတွေ ပေါ်လာတယ်။ အရင်ဆုံး သူတို့ အမျိုးအချင်းချင်း (နယ်စား ပယ်စားတွေရဲ့ မကျေနပ်မှုနဲ့ စခဲ့တာ) ၁၂၁၅ မှာ အင်္ဂလန်မှာ ဂျွန်ဘုရင်နဲ့ ပြည်သူတွေ မဂ္ဂနာကာတာ စာချုပ်ကိုချုပ်တာက စလို့ စည်းမျည်းခံ ဘုရင်စနစ်ကို စခဲ့တယ်။ ဒါပေမယ့် အဲဒီစာချုပ်ကို အဲဒီ ဘုရင်တွေက ချက်ခြင်း လက်ခံတာ မဟုတ်ဘူးနော်။ နှစ်တရာလောက် နည်းအမျိုးမျိုးနဲ့ ဖေါက်ဖျက်ခဲ့ သေးတယ်။ ဒီလိုနဲ့ ပါလီမန်စည်းမျည်းခံ ဘုရင်စနစ်ကို တီထွင်ရာကနေ ပါလီမန်ထဲ မြေရှင်တွေက သြဇာရှိနေရာ ၀င်ယူလာကြတယ်။ မြေရှင်တွေ ဘယ်လိုနည်းနဲ့ သြဇာဝင်ယူလာသလဲလို့ မေးရင် စီးပွားရေးစနစ်ကြောင့်ဆိုတာ သုံးသပ်ရပါတယ်။ စိုက်ပျိုးရေးအဓိက စီးပွားရေးစနစ်ခေတ်ကြီးမှာ မြေသြဇာကောင်းတဲ့ မြေယာတွေပိုင်ဆိုင်တဲ့သူတွေဟာ အလိုအလျောက်ကြွယ်ဝပြီး သြဇာရှိလာတယ်။ သူတို့ရဲ့ကြွယ်ဝမှု၊ သြဇာရှိမှုတွေက ပါလီမန်ထဲမှာ သူတို့စိတ်တိုင်းကျ ခြယ်လှယ်နိုင်ခဲ့စေတယ်။ ပါလီမန်ဟာ မြေရှင်တွေကြီးစိုးတဲ့ မြေရှင် ပဒေသရာဇ် စနစ်ကို မွေးထုတ် ပေးတဲ့ ပါလီမန်ဖြစ်ခဲ့တယ်။ မြေရှင်တွေဆိုတာလည်း ပဒေသရာဇ်တွေနဲ့ သူတို့ အမျိုးတွေ၊ ပဒေသရာဇ်တွေကို သစ္စာစောင့်သိပြီးစစ်တိုက်ပေးထား တဲ့ စစ်ဗိုလ်တွေကို မြေယာတွေ အပိုင်စား ပေးထားတာတွေပါ ။ ဒီတော့ ပါလီမန်ထဲမှာ သူတို့အကျိုးစီးပွားကို ကာကွယ်တဲ့ ဥပဒေတွေကိုပဲ ရေးဆွဲ ပြဌာန်းခဲ့ကြတယ်။ အများစုဖြစ်တဲ့ ပြည်သူတွေကတော့ နင်းပြားဘ၀မှာပါပဲ။ ပြည်သူတွေဟာ မြေယာကိုမှီပြီး နေထိုင်ရ၊ ထွန်ယက် စိုက်ပျိုး လုပ်ကိုင်စားေ သာက်ရတယ်။ မြေရှင်တွေ ဖိနှိပ်သမျှ ခံခဲ့ရတယ်။ အဲဒီလို နေနေရတုန်းမှာပဲ ၁၇၇၀ ၀န်းကျင်လောက်မှာ ဂျိမ်းဝပ်ဆိုတဲ့ လူတယောက် ရေနွေးအိုး အတည်ကောင်းတာက အစပြုပြီး အင်ဂျင်ဆိုတာကို တီထွင်လာနိုင်၊ အဲဒီနောက် စက်မှုတော်လှန်ရေးကြီးပေါ်လာပြီး မြေကြီးပိုင်တိုင်း သြဇာမရှိတော့တဲ့ ဘ၀ကို မြေရှင်တွေ ရင်ဆိုင်လိုက်ရတယ်။ ဒီနေရာမှာ စဉ်းစားစရာက ဒီလိုဖြစ်မယ်မှန်းသာ စောစောကြိုသိခဲ့ရင် မြေရှင်တွေဟာ ဘယ်သူမှ ရေနွေးအိုး မတည်ရလို့ ပါလီမန်ထဲမှာ အမိန့်တွေပြဋ္ဌာန်းခဲ့မှာ သေချာတယ်ဗျ။ ခုခေတ် အီလက်ထရွန်နစ် ဥပဒေတို့ ဘာတို့လို ရေနွေးအိုး ဥပဒေတို့ ဘာတို့ ပြဋ္ဌာန်းခဲ့လောက်တယ်။ ဥပမာ ရေနွေးမတည်ရ၊ သတ်မှတ်ချိန်မှာ သတ်မှတ်သလောက်ပဲတည်ရမယ်၊ တည်ရင်း မစဉ်းစားရတို့ ဘာတို့ပေါ့ဗျာ။ စက်မှုတော်လှ န်ရေးဆိုတာ ပညာရှင်တွေကြောင့် ပေါ်လာတာပါ။ ဒါပေမယ့် ပညာရှင်တွေက ဒီတော်လှန်ရေးဖြစ်ေ စလို့ လုပ်ခဲ့တာ မဟုတ်သလို အရင်းရှင်ဆိုတဲ့ လူတန်းစားတရပ် ပေါ်ကောင်းစေတော့ ရယ်လို့ လုပ်ခဲ့တာမဟုတ်ပါဘူး။ ဒါေ ပမယ့် ပေါ်ခဲ့တယ်။ အဲဒီနောက်မှာတော့ အရင်းရှင်တွေဟာ ပါလီမန်ထဲ အာဏာတွေယူလာပြီး အရင်းရှင်တွေကို ကာကွယ်မယ့် ဥပဒေအမျိုးမျိုးကို ရေးဆွဲ ပြဋ္ဌာန်းကြပြန်ပါလေရော။ အရင်းရှင် စနစ်မှာ အရင်းရှင်က အဓိက အခရာပါ။ ဒီတော့ သူ့ကိုယ်ကျိုးစီးပွားကို ကာကွယ်ပေးတဲ့ အစိုးရ၊ ပါလီမန်၊ စစ်တပ်တို့နဲ့ တည်ဆောက်လာကြတယ်။ ထုံးစံအတိုင်းပြည်သူတွေကတော့ နင်းပြားပါ။ ကျနော်တို့ သမိုင်းမှာ သင်ခဲ့ရတဲ့ ရေနံမြေအလုပ်သမားတွေလို အလုပ်ချိန် ၁၂ နာရီထိခိုင်းတာ၊ မ၀တ၀ လစာ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ နေထိုင်မှုတွေနဲ့ လူအများအပြားဟာ ဆင်းရဲတွင်းနက်ခဲ့ရတယ်။ အလုပ်သမားတွေရဲ့ ကလေးအများစုဟာ ပညာကောင်းကောင်း သင်ခွင့်မရခဲ့ဘူး။ ဒီတော့ အရွယ်ရောက်လာရင် အလုပ်သမားပဲ ပြန်ဖြစ်ကြပေါ့။ သမိုင်းဆိုတာ သေချာနားလည် သဘောပေါက်အောင် လေ့လာမယ်ဆိုရင် စာနာစိတ်ကလေးနဲ့ လေ့လာဖို့လိုပါတယ်။ ခုခေတ် မြန်မာပြည်မှာ ပြည်သူအများစုဟာ ဆင်းရဲတွင်း နက်နေကြတယ်။ မိန်းကလေးငယ်လေးတွေ ဘ၀တွေ ပျက်ကြရတဲ့အထိ အဖြစ်ဆိုးတွေ ကြုံနေရတယ်။ လူငယ်လေးတွေဟာ ဆင်းရဲပင်ပန်းစွာ အလုပ်လုပ် နေရတယ်။ ဒါပေမယ့် ဘ၀အာမခံချက်ဘာမှ မရှိဘူး။ ဒီလိုပဲ အတတ်ပညာရှင်၊ အသိပညာရှင်ေ တွဟာလည်း ငွေကြေးရင်းနှီး လုပ်ကိုင်နေသူေ တွလောက် အခွင့်အရေးမရကြဘူး။ ဘယ်လိုလူတွေက ဘယ်လို အာဏာတွေ၊ ဘယ်လိုစည်းစိမ်တွေနဲ့ ဘယ်လိုအခွင့်ကောင်းယူ အမြတ်ထုတ်ပြီး ဘယ်သူတွေက ကာကွယ်ပေးနေသလဲ ဆိုတာ သမိုင်းနဲ့ ယှဉ်ပြီး ဆင်ခြင်ပါ။ သမိုင်းအဆက်ဆက် ဥပဒေပြုခွင့်တွေ၊ အုပ်ချုပ်ခွင့်အာဏာတွေ၊ တရားစီရင်မှုတွေကို လူတန်းစားတရပ်ကသာ ချုပ်ကိုင်ထားပြီး၊ အာဏာနဲ့ စည်းစိမ်ချမ်းသာမှုကို လူတန်းစားတရပ်၊ အလွှာတခုကသာ ချုပ်ကိုင်ထားပြီး ပြည်သူအများစုဟာ ဆင်းရဲနိမ့်ပါး ဖိနှိပ်ခံခဲ့ရတာ ခုချိန်ထိ မလွတ်မြောက်သေးပါဘူး။ အရင်းရှင်တွေဟာ အစွန်းရောက်ဖိနှိပ်မှုအပြင် ဘယ်လောက်ထိ လူသားချင်းစာနာစိတ် ကင်းမဲ့ခဲ့ သလိုဆို ၁၉၃၀ ကမ္ဘာ့စီးပွားပျက်ကာလမှာ အလျှံပယ် သိုလှောင်ထားတဲ့ ကောက်ပဲသီးနှံတွေ၊ ဂျုံအိတ်တွေကို နောက်တရာသီပေါ်တဲ့ အချိန်မှာဈေး ကျမှာ စိုးလို့ ပင်လယ်ထဲ စွန့်ပစ်တဲ့အထိ ရိုင်းပျခဲ့တယ်။ အဲဒီအချိန်မှာ ဈေးကွက်ထဲ ဂျုံဈေးနှုန်းတွေက အရမ်းမြင့်မားနေတော့ ဆင်းရဲသားပြည်သူအများစု ၀ယ်မစားနိုင်ခဲ့ဘူး။ အရင်းရှင်တွေ ကုန်ကြမ်းရဖို့နဲ့ ကုန်ချောပြန်ရောင်းဖို့ ကိုလိုနီစနစ် ပေါ်လာတာကိုတော့ အကျယ်တ၀င့် ရေးမနေတော့ပါဘူး။ သင်ရိုးညွှန်းတမ်းမှာလည်း အပ်ကြောင်းထပ်အောင် သင်ခဲ့ပြီးသားပါ။
လူတွေ ငတ်မွတ်ခေါင်းပါးနေတာကို လျစ်လျူရှုပြီး အမြတ်ရဖို့ အဓိကသာ မောင်းနှင်ခဲ့တဲ့ အရင်းရှင်စနစ်ဟာ အဆုံးစွန် ရိုင်းပျခဲ့တာကတော့ နာဇီတွေ၊ ဖက်ဆစ်တွေပေါ်လာတဲ့ အထိဖြစ်ခဲ့ပါတယ်။
ကားလ်မာ့ခ်စ်ဟာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးတွေကို လက်တဆုပ်စာ လူတန်းစားတရပ်ကပဲ ခေတ်အဆက်ဆက် ကိုင်တွယ်ခဲ့ပြီး သူတို့ကိုယ်ကျိုးစီးပွားကို ကာကွယ်တဲ့ ဥပဒေတွေနဲ့ ပြည်သူလူထု အများစုကို ဖိနှိပ်ခဲ့တာကို တန်ပြန်တဲ့အနေနဲ့ ပြည်သူလူထုဟာ အာဏာကို လက်ဝယ်ရရင် ဘယ်တော့မှ လူတန်းစားတရပ် လက်ထဲကို ပြန်မရော က်အောင် ဆိုပြီး တပါတီစနစ်ကို ရေးဆွဲခဲ့တယ်။ ဒါပေမယ့် ကားလ်မာ့ခ်စ်ရဲ့ တပါတီစနစ်ဟာ အာဏာရှင်စနစ် မဟုတ်ဘူး။ ပါတီတွင်း လွတ်လပ်စွာ ဝေဖန်ပြောဆိုခွင့်တွေ ၊ နိုင်ငံသားတိုင်း လွတ်လပ်စွာ ဝေဖန်ပြောဆိုခွင့်တွေ အပြည့်ပါ တယ် ဒီမိုကရေစီစနစ်နဲ့ တည်ဆောက်ထားတဲ့ တပါတီစနစ်ပဲဖြစ်ပါတယ်။ ဆရာဦးစိန်ဝင်း ဆိုလိုချင် တာလည်း အဲဒီ သဘောပဲဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အဲဒါကလည်း ထုံးစံအတိုင်း စာအုပ်ထဲမှာပဲ ရှိပါတယ်။ (မမေ့ဖို့က ကားလ်မာ့ခ်စ် ကိုယ်တိုင် ဘယ်တော်လှန်ရေးမှာမှ မပါခဲ့ဘူး) တကယ့် တကယ်တမ်း လူတွေက အာဏာနဲ့ ထိတွေ့တဲ့အခါ၊ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေ ရှိလာတဲ့အခါ အဲဒီတပါတီစနစ်ဟာ ကြောက်စရာအကောင်းဆုံး အာဏာရှင်စနစ်ကို ပြန်မွေးထုတ်ပြန်တော့တာပါပဲ။
အရင် ဆိုဗီယက်တို့၊ တရုတ်တို့မှာ ခေါင်းဆောင်ကြီးဆို ဧရာမဓါတ်ပုံကြီးတွေနဲ့ လူတွေကလည်း ဘယ်တော့မှ ထမင်းမ၀တဲ့ ရှုသိုးသိုး မျက်နှာကြီးတွေနဲ့ မှတ်မိကြဦးမှာပါ။ ကျနော်ကတော့ ဒီလူကြီးတွေ မျက်နှာကို မှတ်မိနေသေးတယ်။ ဆိုဗီယက်က ဘရက်ဇညက်တို့၊ မော်စီတုန်းတို့၊ မဆလက ဦးစန်းယုတို့ အမြဲတမ်း ရှုတည်တည် မျက်နှာကြီးတွေလေ။ လူတဦးချင်းတယောက်ချင်း ပုဂ္ဂလိက လွတ်လပ်ခွင့်တွေ ဆိပ်သုဉ်းပြန်တော့ အဲဒီတော်လှန်ရေးဆိုတာကြီးတခါ ကျဆုံးပြန်တာပေါ့။ ဒီလိုနဲ့ ကမ္ဘာကြီးဟာ စနစ်တွေ အမျိုးမျိုးပြောင်းပြီး ခုထိ ပြည်သူအများစုရဲ့ ဘ၀တွေကတော့ မကောင်းသေးပါဘူး။ ခု အရင်းရှင်စနစ်ကနေ အမျိုးမျိုးပြုပြင်ပြောင်းလဲမှုေ တွ လုပ်ထားတဲ့ ဈေးကွက်စီးပွားရေးစနစ် ဆိုတာနဲ့ ဒီမိုကရေစီ စနစ်နဲ့ ကမ္ဘာကိုပဲ ထိန်းမောင်းနှင်နေပါတယ်။ ဈေး ကွက် စီးပွားရေးဆိုတာ အရင်းရှင် စီးပွားရေးလုံးဝ မဟုတ်ပါဘူး။ အရင်းရှင် စီးပွားရေးဟာ အရင်းရှင်ဆိုတဲ့ လူတန်းစားတရပ်ကိုသာ ကိုယ်စားပြု တည်ဆောက်ထားတဲ့ စနစ် ပါ။ ဈေးကွက်စီးပွားရေးမှာတော့ ဈေးကွက်သာ ပဓါနကျတဲ့စနစ်ပါ။ ဒါဆိုဈေးကွက်ဆိုတာ ဘာလဲလို့ မေးခွန်းထုတ်ကြည့်ပါ။ ဘောဂဗေဒမှာ ဈေးကွက်ဆိုတာ လူတွေလို့ အဓိပ္ပါယ်ဖွင့်ပါတယ်။ Market is people.တဲ့။
ဒီတော့ ဈေးကွက်စီးပွားရေးဟာ လူတွေ တနည်းအားဖြင့် စားသုံးသူပဓါန စီးပွားရေးစနစ်လို့ အဓိပ္ပါယ်ဖွင့်ပါတယ်။ ဒီတော့ ရှင်းပြီပေါ့။ ဈေးကွက်လိုအပ်ချက်က ဘာလဲဆို.. စားသုံးသူတွေဟာ အကောင်းဆုံး အရည်အသွေးကို၊ အချိုသာဆုံး ဈေးနှုန်းနဲ့၊ ပေါပေါများများ လွယ်လွယ်ကူကူ ၀ယ်ချင်ပါတယ်တဲ့။ အဲဒါ ခေတ်အဆက်ဆက် စားသုံးသူတွေရဲ့ လိုအပ်ချက်ပါပဲ။ ဒါကိုပဲ အဓိကထား ယှဉ်ပြိုင်ထုတ်လုပ်နေ၊ ရောင်းချနေရတာပါ။ ကုန်စည်တွေကိုမှ ဒါမျိုးလိုချင်တာမဟုတ်ဘူး။ လူတွေရဲ့ ဆန္ဒက နယ်ပယ် အသီးသီးမှာ ၀န်ဆောင်မှုအပါအ၀င် နယ်ပယ်အသီးသီးမှာလည်း အဲဒီ စံသတ်မှတ်ချက် အတိုင်းပဲ လိုချင်ပါတယ်။ ဘယ်အထိ လိုချင်သလဲဆိုရင် အုပ်ချုပ်တဲ့ စနစ်၊ အုပ်ချုပ်တဲ့ အစိုးရကိုလည်း အဲဒီလိုပဲ လိုချင်ပါတယ်။ အစိုးရဆိုတာ ဟိုလိုနေ၊ ဒီလိုနေ အမိန့်တွေ ပေးပြီး ကန့်သတ်မယ့် လူမျိုးတွေကို မလိုချင်တော့ဘူး။ ကျနော်တို့ လိုချင်တဲ့ အစိုးရဟာ ၀န်ဆောင်မှု ပေးတဲ့ ကုမ္ပဏီလို အဖွဲ့အစည်းမျိုးပဲ လိုချင်တယ်။ လွယ်လွယ်ကူကူ ဥပမာ တခုပေးပါမယ်။ လှိုင်သာယာက အက်ဖ်အမ်အိုင်မြို့မှာ နေကြည့်ပါ။ (အရင်တုန်းက ခုတော့ နည်းနည်း မကောင်းတော့ဘူး ပြောတယ်) မြို့ထဲဝင်လာတာနဲ့ ခင်ဗျားဟာ မြို့နေ မြို့သူမြို့သားဆိုတာနဲ့ လုံခြုံရေး ၀န်ထမ်းက ခင်ဗျားကို အလေးပြုပြီး ၀င်းတံခါးဖွင့်ပေးမယ်။ ခင်ဗျားအိမ်ရှေ့မှာ ရေမ၀ပ်စေရဘူး၊ လမ်းမီးတွေ လင်းရမယ်။ အမှိုက်မရှိစေရဘူး။ တကယ်လို့ အမှိုက်တွေ့ရင်၊ လမ်းမီး မလင်းရင်၊ ရေ ၀ပ်နေရင် အဲဒီ မြို့အုပ်ချုပ်တဲ့ ကော်မီတီကို ခင်ဗျား ဖုန်းနဲ့ လှမ်းဆဲလို့ရတယ်။ သူတို့ ချက်ခြင်းလာပြီး ၀န်ဆောင်မှုပေးမယ်။ တောင်းပန်မယ်။ ခင်ဗျားဘက်က လိုတာက လစဉ်ကြေး မှန်မှန်ပေးဖို့ပါပဲ။ အရင် အက်ဖ်အမ်အိုင်မှာ လူနေကျဲတုန်းက မြို့ကော်မီတီဟာ စည်းကမ်း အမျိုးမျိုးနဲ့ နေထိုင် သူတွေကို ကန့်သတ်ခဲ့တယ်။ ဆေးအရောင်မသုတ်ရ၊ မြို့ထဲမှာ ဆိုင်မဖွင့်ရ၊ တချို့ မုန့်ဟင်းခါးဆိုင်လေး ဘာလေး ကိုယ့်အိမ်ထဲ ဖွင့်ရင် လုံခြုံရေးက လာပြီး ဆိုင်ကို သိမ်းသွားတာမျိုးတွေ ရှိခဲ့တယ်။ တဖြည်းဖြည်း လူနေစိတ်လာတဲ့ အခါမှာတော့ မြို့နေတွေက မြို့မိမြို့ဘများ ကော်မီတီဆိုတာ ဖွဲ့ပြီး အဲဒီ မြို့သာယာရေး ကော်မီတီနဲ့ အပြိုင် စကားပြောလာတယ်။ ငါတို့ဆိုင်တွေ ဖွင့်မယ် ကအစပေါ့။ ခုတော့ အက်ဖ်အမ်အိုင်ဟာ လမ်းတိုင်းမှာ ဆိုင်တွေနဲ့ စည်လို့ကားလို့။ အဲဒါ ဒီမိုကရေစီ အုပ်ချုပ်ရေးပုံစံပါ။ ဒီမိုကရေစီ စနစ်မှာ၊ ဈေးကွက်စီးပွားရေးဟာ အင်မတန်မှ သဟဇာတ စနစ်ဖြစ်တယ်။ (စစ်ဖို့တော့ လိုပါသဗျာ)။ ပြည်သူလူထုရဲ့ အဆုံးစွန်သော အန္တိမလိုချင်တဲ့ အစိုးရပုံစံကတော့ အစိုးရမလို၊ စည်ပင်သာယာပဲ လိုတယ် ဆိုတာပါပဲ။ ကျနော်တို့ကို ဟိုဟာလုပ်၊ ဒီဟာလုပ် အမိန့်ပေးတဲ့ အစိုးရမျိုးကို မလိုချင်ဘူး။ ကျနော်တို့ လိုချင်တာကို ဖြည့်ဆည်းပေးမယ့် အဖွဲ့အစည်းပဲ လိုချင်တယ်။ စိတ်တိုင်းမကျရင် အချိန်မရွေး ဖြုတ်လို့ရရမယ်။ နောက်တဖွဲ့ကို စမ်းခန့်ကြည့်မယ်။ အကောင်းဆုံးဝန်ဆောင်မှု၊ အကောင်းဆုံး ပြည်သူ့ဆန္ဒကို ဖြည့် ဆည်းပေးနိုင်တဲ့ အဖွဲ့အစည်းဟာ အစိုးရသက်တမ်းကြာမှာပဲ။
အဲဒါ အတိုင်းတိုင်း အပြည်ပြည်က ပြည်သူတွေရဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ရည်မှန်းချက်ပဲ ဖြစ်ပါကြောင်းဗျာ။ ။
ချိုတူးဇော်
No comments:
Post a Comment