စန္ဒာခင်(ခ) မေသက် (ပန်းရောင်နဲ့ အမျိုးသမီး)ကို သန်းရွှေခရီးစဉ်မှာ တွေ့ရစဉ် ။ |
မြန်မာ့ လူသတ်အစိုးရသစ် အဖွဲ့က ယဉ်ကျေးမှု ဒုဝန်ကြီး ဒေါ်စန္ဒာခင် (ခ) မေသက်ရဲ့ သားဟာ အမေရိကန်နိင်ငံမှာ ရောက်နေတယ်လို့ သတင်း ရရှိပါတယ်။ စန္ဒာခင် (ခ) မေသက်ရဲ့ သားဟာ ကျော်သက်ဖြစ်ပြီး အခု အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ်မှာ နေထိုင်လျက်ရှိတယ်။ သူဟာ University of California မှာတက်နေတယ်လို့ သိရပါတယ်။
စန္ဒာခင် (ခ) မေသက်ဟာ မဆလခေတ်က စိုက်ပျိုးရေးဝန်ကြီး ဒေါက်တာချစ်ရဲ့ သမီးဖြစ်တယ်။ သူ့အဖေဟာ မဆလခေတ်မှာ ပြည်သူ့ဘဏာတွေကို နည်းမျိုးစုံနဲ့ ခိုးယူခဲ့သူ၊ ချမ်းသာလာသူ တဦးဖြစ်တယ်။ အင်လျားကန်ဘောင်က နေရာကို ခင်ညွန့် လက်ထက်မှာ စန္ဒာခင်က ရရှိခဲ့ပါတယ်။ အစိုးရဆီက မတန်တဆဈေးနဲ့ ငှားရမ်းခွင့် ရခဲ့တယ်။ စိမ်းလန်းစိုပြေ စားသောက်ဆိုင်ကို ဖွင့်လှစ်ခဲ့တယ်။ စန္ဒာခင် (ခ) မေသက်ဟာ သန်းရွှေ ခရီးစဉ်တွေမှာ ချီးဂတုသေးဂတု လုပ်ဆောင်ပေးခဲ့သူမျှသာ ဖြစ်ပါတယ်။ ၁၉၈၃ ခုနှစ်မှာ သူမဟာ ရန်ကုန်တက္ကသိုလ် ဓာတုဗေဒဌာနမှာ ကျူတာ လုပ်ခဲ့တယ်။ ၁၉၈၈ ခုနစ်မှာ သူဟာ ယဉ်ကျေးမှုဝန်ကြီးဌာနကို ပြောင်းခဲ့တယ်။ သူယောက်ကျားက ကျော်မြင့်လှိုင် ဖြစ်တယ်။

ကျော်သက် (စန္ဒာခင်ရဲ့သား ) |
အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပက မြန်မာ စစ်အစိုးရနဲ့ ဆွေမျိုးတွေကို စီးပွားရေး ပိတ်ဆို့ထားတဲ့အတွက် သူတို့ဟာ အမေရိကန်ပြည်ထောင်စု ဥပဒေနဲ့ ငြိစွန်းနေသူ ဖြစ်ပါတယ်။ သူက လွန်ခဲ့တဲ့ ၂ နစ်ကတည်းက ဗီဇာရရှိခဲ့တာလို့လည်း သိရပါတယ်။ စာဖတ်သူတို့ အနေနဲ့  အမေရိကန်သံရုံး ကောင်ဆယ်လာကို တိုက်ရိုက်က် ဆက်သွယ်မေးမြန်းပါ။ ကန့်ကွက်ပါလို့ တိုက်တွန်းလိုပါတယ်။ သူ့ကျောင်းလိပ်စာကတော့ University of California, Davis One Shields Avenue Davis, CA 95616 (530) 752-1011 . သူဟာ နာမည်ပြောင်းနဲ့ ဗီဇာယူပြီး ကျောင်းတက်နေပုံရပါတယ်။
ကိုမိုးသီးဘလော့ဂ်မှ ကူးယူဖော်ပြသည်။
No comments:
Post a Comment