စစ်အစိုးရဟာ ဗမာပြည်သူတွေအပေါ် လုံးဝ စေတနာမရှိပါဘူး၊ ပြည်သူကို ကျွန်လောက်ပဲ သဘောထားပါတယ်။ ဒါကြောင့် ဖြစ်သလို ပစ်ထားတာပေါ့။ အောက်က Eleven Media Group မှာ တင်ထားတဲ့ သတင်းကို ဖတ်ကြည့်ပါ။ ဗမာပြည်သူတွေ အတွက် ဘယ်လောက် ရင်နာစရာ ကောင်းသလဲ။
ရတနာ ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းမှ ထွက်ရှိသော သဘာဝ ဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ ၂၀၂၈ ခုနှစ်အထိ ရောင်းချရန် သဘောတူ စာချုပ်ချုပ်ဆိုထားပြီး နေ့စဉ် ရောင်းချမှု ပမာဏ ကုဗပေသန်း ၇၀၀ အထိ ရှိကာ ကမ္ဘာ့ပေါက်ဈေး အတိုင်း ရောင်းချနေသည်ဟု သတင်းရရှိပါသည်။ "၁၉၉၅ ခုနှစ်မှာ ချုပ်ဆိုခဲ့တဲ့ အရောင်းအ၀ယ် စာချုပ်မှာ ကတည်းက ရောင်းချမယ့် နေ့စဉ် ပမာဏ အနည်းအများကို ထည့်သွင်းပြီး ချုပ်ဆိုခဲ့ပါတယ်။ ကိုယ့်ဘက်က မပို့နိုင်ရင် ကိုယ်က လျော်ရသလို သူ့ဘက်က မ၀ယ်နိုင်ရင်လည်း သူက လျော်ရမှာပါ။ အများဆုံး ကုဗပေသန်း ၇၀၀ ပါ။ ကမ္ဘာ့ပေါက်ဈေးအတိုင်း ရောင်းနေတာပါ။ သုံးလတစ်ခါ ဈေးပြန်တွက်ပါတယ်။ ပြည်တွင်းမှာ ဖြန့်ဖြူးနေတဲ့ဈေးက ပြည်ပထက် နည်းပါတယ်" ဟု မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ တာဝန်ရှိသူ တဦးက ပြောပြပါသည်။
ယခု ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်း ဖြစ်လာရန် စမ်းသပ်ရှာဖွေသည့် မုတ္တမ ကမ်းလွန်ဒေသ လုပ်ကွက်များဖြစ်သော အမ်- ၅ နှင့် အမ်- ၆ တို့ တွင် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားခြင်း သဘောတူစာချုပ်ကို ၁၉၉၂ ခုနှစ်တွင် ချုပ်ဆိုခဲ့ပြီး ၁၉၉၈ ခုနှစ်မှစတင်၍ ထိုင်းနိုင်ငံသို့ တင်ပို့ ရောင်းချခဲ့ပါသည်။ ထိုင်းနိုင်ငံသို့ ရောင်းချရာတွင် ၃၆ လက်မ ပိုက်လိုင်းဖြင့် ပေးပို့လျက်ရှိပြီး မြန်မာနိုင်ငံတွင်းရှိ စက်ရုံများ သုံးစွဲရန် အတွက် ကန်ပေါက်- မြိုင်ကလေးအထိ ၂၀ လက်မပိုက်လိုင်းဖြင့် နေ့စဉ် ကုဗပေ သန်း ၅၀ ပေးပို့လျက်ရှိသည်။ ထို့ပြင် ပြည်တွင်းသုံးစွဲမှုအတွက် ကန်ပေါက်- မြိုင်ကလေး- ရန်ကုန် ၂၀ လက်မပိုက်လိုင်းနှင့် ရတနာ- ရန်ကုန် ၂၄ လက်မပိုက်လိုင်းတို့ဖြင့် တနေ့လျှင် ကုဗပေသန်း ၂၀၀ ပေးပို့နေကြောင်း သိရသည်။
ရတနာရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်း ရှယ်ယာပါဝင်မှု
တိုတယ်မြန်မာ(ပြင်သစ်) - ၃၁.၂၄%
ယူနိုကယ်(အမေရိကန်) - ၂၈.၂၆%
ပီတီတီအီးပီ(ထိုင်း) - ၂၅.၅၀%
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း (မြန်မာ) - ၁၅%
No comments:
Post a Comment