တရုတ်နိုင်ငံမှ ပုတ်သင်ညိုများကို ဈေးကြီးပေး၍ ထိုင်းတွင် ဝယ်ယူလျက် ရှိရာ ပုတ်သင်ညိုဈေးကွက် ကြီးမာလာသလို ပုတ်သင်ညိုများလည်း မျိုးတုံးလုနီး ရှားပါလားကြောင်း သိရသည်။ ပုတ်သင်ညို တကောင်၏ ဈေးနှုန်းမှာ ဘတ် ၁ သိန်းအထိ မြင့်တက်ခဲ့ပြီး အရွယ်အစားလိုက် ဈေးသတ်မှတ်မှု အနည်းအများ ကွာခြားသည်ဟုဆိုသည်။
ထိုင်းနိုင်ငံတွင် ပုတ်သင်ညိုများ ရှားပါးလာမှုကြောင့် ပုတ်သင်ညိုဈေးကွက်ကို မြန်မာနိုင်ငံဘက်သို့ ဦးတည်နေကြောင်း တရုတ်စီးပွားရှင် တဦးက ဆိုသည်။ အာရှဒေသတွင် အရည်အချင်းပြည့်မှီသည့် ပုတ်သင်ညိုများမှာ မြန်မာနိုင်ငံတွင် အများအပြားတွေရှိကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်း၊ ပျဉ်းမနားခရိုင်၊ ကြတ်ပြေးအနီးနားတဝိုက်နှင့် နေပြည်တော်မြို့တို့တွင် ပေါများ သည်ဟု တိရိစ္ဆာန်များ စောင့်ကြည့် လေ့လာရေးအဖွဲ့၏ စစ်တမ်းအရ သိရှိရသည်။
ကမ္ဘာ့အနှံ့အပြားတွင် ပုတ်သင်ညိုများ ရှိကြသော်လည်း သဘာဝဘေး အန္တရာယ်များကြောင့် နိုင်ငံအများစုမှာ ရှာမတွေ့လောက်အောင် ရှားပါးသွားသည်ဟု ဆိုသည်၊ ထိုသို့ နိုင်ငံအနှံ့အပြားတွင် သုတ်သင်ညိုများ ရှားပါးသွားသော်လည်း မြန်မာနိုင်ငံတွင် အအုံနှင့်အကျင်းနှင့် ပေါများနေသေးကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ ပုတ်သင်ညို စောင့်ရှောက်ရေးအဖွဲ့သည် ကမ္ဘာပေါ်တွင် အတော်ဆုံးဖြစ်ကြောင်း တိရိစ္ဆာန်များ စောင့်ကြည့် လေ့လာရေးအဖွဲ့မှာ တာဝန်ရှိသူတဦးက ချီးမွမ်းပြောဆိုသွားကြောင်း သိရှိရပါသည်။
မြန်မာနိုင်မှ ပုတ်သင်ညိုများမှာ အရည်အသွေး ပြည့်မှီသဖြင့် တရုတ်နိုင်မှ များစွာသော စီးပွားရှင်တို့က မျက်စိကျနေပြီး အဆမတန် ကြီးမားသော ဈေးကိုပေးနိုင်သည်၊ ရရှိနိုင်သည်ဟု နေပြည်တော် အသိုင်းအဝိုင်းအကြား အကဲခတ် ပြောဆိုလျက်ရှိသည်။
No comments:
Post a Comment