ရှမ်းပြည်တွင် နအဖတပ်များက တရစပ် ထိုးစစ်ဆင်နေပြီး ရှမ်းလက်နက်ကိုင် တပ်များကလည်း လုံးဝလျှော့မပေးဘဲ ပြန်လည် တိုက်ခိုက်လျက်ရှိသည်။ နအဖတပ်များ အများအပြား သေဆုံးလျက်ရှိပြီး ပစ်ခေတ်မှုများ ဆက်လက် ဖြစ်ပွားလျက်ရှိသည်။ ထိုသို့ အရေးကြီးနေသည့် အချိန်တွင် မွန်ပြည်သစ်ပါတီ (မွန်ပြည်သစ်တပ်မတော်) က ပံ့ပိုး ကူညီသွားဘို့ ပြင်ဆင်နေပြီး တိုင်းရင်းသား လက်နက်ကိုင်တို့အကြား စည်းလုံးမှုကို တည်ဆောက်လျက်ရှိသည်။ ကချင်၊ ဝ၊ DKBA၊ KNU၊ ရခိုင်စတဲ့ တိုင်းရင်းသား လက်နက်ကိုင်တို့ကလည်း တိုးစစ်ဆင်ရန် လိုအပ်လျက်ရှိသည်။ တိုင်းရင်းသား လက်နက်ကိုင်များ တပြိုင်နက် စုစည်းပြီး ထိုးစစ်ဆင်လိုက်လျှင် ပြည်သူများ လိုလားတောင့်တနေကြသည့် ကောင်းမွန်သော ဒီမိုကရေစီစနစ်နှင့် ခေါင်းဆောင်ကြီးများ၏ အိပ်မက်ဖြစ်သော ဖက်ဒရယ်ပြည်ထောင်စုကြီးကို မြန်မကြာမီ အချိန်တွင်ပင် ရရှိပေမည်။ တပြိုင်နက် ထိုးစစ်ဆင်ရန်သာ လိုပေတော့သည်။
No comments:
Post a Comment