တလအတွင်း အာဏာစွန့်လွှတ်ရန် အတိုက်အခံများနှင့် သဘောတူညီချက် ရရှိခဲ့သည့် ယီမင်သမ္မတ အလီ အဗ္ဗဒူလာဆာလားဘက်မှ လက်မှတ်ရေးထိုးရန် စီစဉ်ထားသည့် မနေ့က တနင်္ဂနွေနေ့ အစီအစဉ် သည် သမ္မတအား သစ္စာခံသည့် သေနတ်သမားတစုက သံတမန်များအား ပြန်ပေးဆွဲ အရေးဆိုမှု ကြောင့် ယခုတိုင် လက်မှတ်ရေး ထိုးနိုင်းခြင်း မရှိသေးကြောင်း သိရသည်။ အတိုက်အခံများဘက်မှ စနေနေ့က စာချုပ်ကို လက်မှတ်ရေး ထိုးခဲ့ပြီးဖြစ်သည်။ သေနတ်သမား တစုက လက်မှတ်ရေးထိုးပွဲတွင် သက်သေအဖြစ် တက်ရောက် ရန် အာရပ် ပြည်ထောင်စုသမ္မတနိုင်ငံ သံရုံးအတွင်း၌ စောင့်ဆိုင်းနေ သည့် အမေရိကန်၊ ဗြိတိန်၊ ဥရောပ သမဂ္ဂနှင့် ပင်လယ်ကွေ့ ၄ နိုင်ငံမှ သံအမတ်ကြီးများအပါအဝင် သံတမန်အမြောက်အများကို ဖမ်းဆီးထိန်း သိမ်းထားသည်။ “ကျနော်တို့ဟာ ပင်လယ်ကွေ့ ပူးပေါင်း ဆောင်ရွက်ရေး ကောင်စီရဲ့ အဆိုပြုချက်ကို လက်ခံပြီး အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂနှင့် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ အတွင်းရေးမှူးချုပ်တို့ရဲ့ အာမခံချက်ကို ယုံကြည် သဘောတူပြီး လက်မှတ်ရေးထိုးခဲ့တာ ဖြစ်တယ်” ဟု လက်မှတ်ရေးထိုးပွဲတွင် ပါဝင်ခဲ့သည့် အတိုက် အခံ ခေါင်းဆောင်တဦးက ပြောကြားခဲ့သည်။
သမ္မတနန်းတော်၌ ပြုလုပ်မည့် လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ရန် UAE သံရုံးအတွင်း၌ စောင့်ဆိုင်းနေသည့် နိုင်ငံစုံ သံတမန်များအား ရေးထိုးပွဲမတိုင်မီ နာရီပိုင်းအလို၌ သံရုံးကို စီးနင်း သိမ်းပိုက် ဖမ်းဆီးထားခဲ့ခြင်း ဖြစ်သည်။ ဓားစာခံများတွင် အမေရိကန်၊ ဆော်ဒီအာရေဗျ၊ အိုမန်၊ ကူဝိတ်၊ ယူအေအီးသံအမတ်ကြီးများနှင့် ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ အတွင်းရေးမှူး ချုပ်တို့ ပါဝင်သည်။ တချိန်တည်းပင် သမ္မတလက်မှတ်ရေးထိုးရန် စီစဉ်ထားသည့် သမ္မတနန်းတော် သွားရာ လမ်းကြောင်းများကိုလည်း သမ္မတအား ထောက်ခံသည့် ထောင်ပေါင်းများစွာသော လူအုပ်ကြီးက စီးနင်း ပိတ်ဆို့ထားကြသည်။ ဘာရိန်းနိုင်ငံခြားရေးဝန်ကြီး ခါရက်အယ်လ် ခါလီဖာက ယီမင်မြို့တော် ဆာနာ၏ အခြေအနေသည် အလွန်စိုးရိမ်ဘွယ်ရာရှိသည့် အခြေအနေကို ရောက်ရှိ နေပြီး သမ္မတအား သစ္စာခံသူနှင့် ဆန့်ကျင်သူ လူမျိုးစုအုပ်စုများအကြား သွေးထွက်သံယို တိုက်ခိုက် မှုများ ဖြစ်ပေါ်လာနိုင်သည်ဟု စိုးရိမ်နေကြသည်။
ယခု ယူအေအီးသံရုံးအား သိမ်းပိုက်ပြီး နိုင်ငံစုံ သံတမန်များအား ဓါးစာခံအဖြစ် ဖမ်းဆီးထားပြီး လက်မှတ်ထိုးမှု ဆန့်ကျင်သည့် သေနတ်သမားများအား သမ္မတအား သစ္စာခံသည့် လူမျိုးစု ခေါင်းဆောင်များက အားပေးကူညီခဲ့ခြင်း ဖြစ်သည်ဟု တွက်တဆနေကြသည်။
သတင်းကိုကား= The Hindu
No comments:
Post a Comment