လိုအပ်လျှင် ထပ်မံတိုက်ခိုက်ဦးမည်ဟု အမေရိကန်သမ္မတပြော

ဘင်လာဒင်ကို နိုင်ငံပိုင်နက်အတွင်း ဝင်ရောက်တိုက်ခိုက် သတ်ဖြတ်သွားသည့် ပါကစ္စတန်၏ အချုပ်အခြာ အာဏာ ကို ထိပါးကျူးကျော်သည့် အမေရိကန်လုပ်ရပ်ကြောင့် ဒေါသထွက်နေသည့် ပါကစ္စတန်အား ထပ်မံစိတ်ဆိုးစေမည့် သဘောထားကို အမေရိကန်သမ္မတက ထပ်မံ ပြောကြားလိုက်သည်။ အမေရိကန်သမ္မတ အိုဘားမားက လိုအပ်လျှင် ပါကစ္စတန်နယ် မြေထဲတွင် အယ်လ်ကိုင်းဒါး အကြမ်းဖက်သမားများကို တွေ့ရှိရပါက အိုစမာဘင်လာဒင်ကို တိုက် ခိုက်မှုမျိုး ထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားသွားသည်။

၎င်းက သူ့အနေနှင့် ပါကစ္စတန်၏ အချုပ်အခြာအာဏာကို လေးစားသော်လည်း ပါကစ္စတန်အနေဖြင့် အမေရိကန်၏ လုံခြုံရေးကို အဓိကထားရန်နှင့် သိသာရှင်းလင်းမှုရှိသည့် ဆောင်ရွက်မှုများ ပြုလုပ်ရန် လိုအပ် ကြောင်း ပြောကြား လိုက်သည်။ ဤပြောကြားချက်သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြုလုပ်ခဲ့သည့် ပါကစ္စတန်အမျိုးသားလွှတ်တော် ဆုံးဖြတ်ချက်တွင် ပြင်းထန်သည့် စကားလုံးများဖြင့် အမေရိကန်၏ လုပ်ရပ်ကို ဝေဘန်ခဲ့ပြီး ဘင်လာဒင်ကို ဖမ်းဆီးမှုမျိုး ပါစ္စတန်နယ်မြေတွင် နောက်ထပ်ပြုလုပ်ခြင်း မပြုရန် သတိပေးချက် ထွက်ပေါ်လာပြီးနောက် ဤကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဘီဘီစီသတင်းဌာန၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာ၌ သမ္မတအိုဘားမားက တာလီဘန်ခေါင်းဆောင် မူလာအိုမာကဲ့သို့ ပုဂ္ဂိုလ်များ ပါကစ္စတန်နယ်မြေတွင် ခိုအောင်းနေကြောင်း တွေ့ရှိရပါက ထပ်မံတိုက်ခိုက်ဦး ဖြစ်ကြောင်း ဖြေကြားခဲ့သည်။ ၎င်းက ဆက်လက် ပြောကြားရာတွင် အမေရိကန် ပြည်ထောင်စု၏ လုံခြုံရေးသည်သာ ကျွန်တော်တို့ရဲ့ အဓိက တာဝန် အလုပ်ဖြစ်သည့် အကြောင်း ပါကစ္စတန်ကို အသိပေးပြီးဖြစ်ကြောင်း။ ပါကစ္စတန်ရဲ့ အချုပ်အခြာကို ကျွန်တော်တို့ လေးစားပါကြောင်း သို့သော် မည်သည့်နယ်မြေမှ မည်သည့်လူပုဂ္ဂိုလ် တစုံတယောက် ကမှ ကျွန်တော်တို့ ပြည်သူတွေနှင့် မဟာမိတ်တွေကို တိုက်ခိုက်သတ်ဖြတ်တာမျိုး ခွင့်ပြုမှာ မဟုတ်ကြောင်း၊ ထို့သို့ တိုက်ခိုက်သတ်ဖြတ်ရန် ကြံစည် အားထုတ်မှုတွေကိုလည်း လက်ပိုက်ကြည့်နေမှာ မဟုတ်ကြောင်း၊ ထိုသို့ ပြုလုပ်ရာ ၌ မည်သို့ပင် ဆောင်ရွက်ခဲ့သည်ဖြစ်စေ ပါကစ္စတန်၏ အချုပ်အခြာအာဏာကို လေးစားလျှက်ပင် ရှိကြောင်း၊ ဤအချက်များနှင့် ပတ်သက်၍ ၎င်းတွင် ထိန်ဝှက်ထားမှုမရှိဘဲ ရွေးကောက်ပွဲ မဲဆွယ်စဉ် ကာလကပင် ပြောကြား ခဲ့ပြီးဖြစ်ကြောင်း အိုဘားမားက ပြောကြားခဲ့သည်။

သတင်းကိုးကား= The Hindu

No comments: