တရုတ်ငါးဖမ်းသဘောင်္များ မြန်မာ့ရေပြင်တွင် တရားမ၀င် ငါးဖမ်းဆီးနေ

မြန်မာ့ရေပြင်၌ တရုတ်နိုင်ငံမှ ခေတမီငါးဖမ်းသဘောင်္များ တရားမ၀င် ၀င်ရောက်ဖမ်းဆီးနေကြောင်း ပင်လယ်ငါး ဖမ်းအသင်းဥက္ကဋ္ဌ ဦးမောင်မောင်စိုးက ပြောသည်။ ယင်းသို ခေတ်မီငါးဖမ်းကိရိယာများဖြင့် ဖမ်းဆီးခြင်းကြောင့် ရေသယံဇာတများ ဆုံးရှူံးသည့်အပြင် ပြည်ပမှ တရားမ၀င်ဖမ်းဆီးသူများကြောင့် တိုင်းရင်းသား လုပ်ငန်းရှင် များတွင် ထိခိုက်နစ်နာမှုများ ရှိသည်ဟု လုပ်ငန်းရှင်များ ထံမှ သိရသည်။

“တရုတ်ငါးဖမ်းသဘောင်္တွေ မြန်မာရေပိုင်နက်ထဲကို ၀င်ရောက်ဖမ်းဆီးနေပါတယ်။ ဒီလိုဝင်ရောက် ဖမ်းဆီးတဲ့ အတွက် တိုင်းရင်းသားလုပ်ငန်းရှင်တွေမှာ နစ်နာရပါတယ်။ ဒါ့အပြင် ခေတ်မီကိရိယာတွေနဲ့ ဖမ်းဆီးတာဖြစ်လို့ ရေသယံဇာတကို ဆုံးရှူံးစေတယ်”ဟု ယင်းက ၁၅/၂၀၁၁ သား/ ငါးကဏ္ဍဆိုင်ရာ လုပ်ငန်းရှင်များ အစည်းအဝေး၌ ပြောကြားသည်။ ငါးသယံဇာတမှာ ပင်လယ်ပြင်၌ သာမက ကုန်းတွင်းပိုင်း အင်း၊ အိုင်လုပ်ငန်းများတွင်လည်း ထုတ်လုပ်မှု လျော့ကျနေကြောင်း၊ ယင်းကို ရာသီဥတု ဖောက်ပြန်မှုကြောင့်ဟုဆိုသော်လည်း ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းသဘောင်္များ များပြားလာခြင်း၊ ခေတ်မီနည်းစနစ်များဖြင့် ဖမ်းဆီးခြင်းနှင့် အလွန်အကျွံဖမ်းဆီးခြင်းတို့ကြောင့် သယံဇာတ လျော့နည်းလာခြင်းဟု အဆိုပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

“ပင်လယ်ငါးဖမ်းအသင်းက ပြောတဲ့အတိုင်းဆိုလျှင် တရုတ်သဘောင်္ဖမ်းပြီးရင် ဖမ်းစရာကျန်မှာ မဟုတ်ဘူး။ တရုတ်က ပိုက်ကွက်စိတ်စိတ်လေးတွေနဲ့ ဖမ်းတာဆိုတော့ ငါးမှုန်၊ ငါးဖွဲတောင်ကျန်မှာ မဟုတ်ဘူး” ဟု ရန်ကုန်တိုင်း ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူကပြောသည်။ သယံဇာတ လော့နည်းလာခြင်းကြောင့် ငါးဖမ်းလုပ်ငန်းကို မှီခို အားထားနေရသော ရေလုပ်သားများအတွက် စားဝတ်နေရေးပြဿနာများနှင့် ကြုံတွေ့လာနိုင်ပြီး ရေလုပ်ငန်းနှင့် ဆက်စပ်နေသည့် စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းများ ရပ်တန့်သွားနိုင်သည်ဟု သိရသည်။ ပြည်ပနိုင်ငံများမှ တရားမ၀င် ပင်လယ်ပြင်၌ ဖမ်းဆီးမှုများအပြင် စီးပွားရေးလုပ်ငန်းကြီးများတွင်ပါ တရားမ၀င်ရင်းနှီး မြုပ်နှံမှုများကြောင့် တိုင်းရင်းသား လုပ်ငန်းရှင်များတွင် ထိခိုက်နစ်နာမှုများရှိသည်ဟု တိုင်းရင်းသားလုပ်ငန်းရှင်များက ပြောသည်။ ယင်းသို့ တရားမ၀င် ဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်အား အခွန်အခပေးဆောင်ရခြင်း မရှိသည့်အတွက် တိုင်းရင်းသား လုပ်ငန်းရှင်များထက် ဈေးကွက်အသာစီးရနေ၍ ထိခိုက်နစ်နာ ကြောင်းသိရသည်။

အေးမြမြထွန်း
VOL 7 NO.19 THE FLOWER NEWS တရုတ်ငါးဖမ်းသဘောင်္များ မြန်မာ့ရေပြင်တွင် တရားမ၀င်
ငါးဖမ်းဆီးနေ...မှ ကူးယူဖော်ပြပါသည်။

No comments: