22.5.2011 ည 8 နာရီနှင့် 9 နာရီ ပတ်ဝန်းကျင်ခန့်က (ရန်ကုန်တိုင်း ရဲတိုင်းမှူး ဦးအောင်ဒိုင်း၏ တူဖြစ်သူ ဦးကိုကိုဇော်၏ မုဒိမ်းကျင့်၊ လူသတ်မှု ဖြစ်စဉ်သတင်း)

ရန်ကုန်တိုင်း လှိုင်မြို့နယ် အမှတ် (2) ရပ်ကွက်၊  လှိုင်မြစ်လမ်းအမှတ် (188) မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၀န်ထမ်းရိပ်သာ အောက်ထပ်တွင် ဖွင့်လှစ်ထားသော 15 ပေxပေ 60 ဆိုင်ခန်း 3 ခန်း ကို ရန်ကုန်တိုင်း ရဲတိုင်းမှူး၏ အရှိန်အ၀ါဖြင့် လွန်ခဲ့သော (7) နှစ်ခန့် အချိန်မှစလျှက် ၎င်း၏ တူဖြစ်သူမှ လခ ကြေးးငွေ အနည်းငယ်ဖြင့် ကောင်းကျော်ကြား ဟူသော လက်ဖက်ရည်ဆိုင်ကို ဖွင့်လှစ်ရောင်းချခဲ့ပါသည်။

အခင်းဖြစ်ပွားရာ 22.5.2011 ည 8 နာရီနှင့် 9 နာရီ ပတ်ဝန်းကျင်ခန့်တွင် (အဖ) ဦးစိန်ကုလား (အမိ) ဒေါ်စန်းစန်းမြင့်တို့၏ သမီး အသက် (15) နှစ်ခန့်ရှိ “မအေမီလွင်” ဆိုသော ဆိုင်ဝန်ထမ်း အမျိုးသမီးငယ်အား အလိုမတူပဲ သားမယား ပြုကျင့်ခဲ့ပါသည်၊ သေဆုံးသူ မိန်းကလေးမှ တိုင်ကြားမည်ဟု ပြောသောအခါ ၎င်းတရား ခံမှ စတီးဓားမြောင်ဖြင့် ထိုးသတ်ခဲ့ပါသည်၊ ပတ်ဝန်းကျင်ရှိ ယုဇနဆေးခန်းမှ ဒေါက်တာ တင်အောင်ကြိုင်အား ခေါ်ယူ ကုသသော်လည်း ဆရာဝန်မှ လာရောက် ကြည့်ရှုပြီး ဆေးရုံသို့ သွားရန် ညွှန်ကြားခဲ့ပါသည်။

တရားခံမှ ဆိုင်ရှိ ၀န်ထမ်းများကို သက်ဆိုင်ရာမှ လာရောက် စစ်ဆေးသည့်အခါ နောက်ပြောင်ရင်း ထိုးမိသည်ဟု ထွတ်ဆိုရန် ဖိအားပေး ခြိမ်းချောက် စေခိုင်းခဲ့ပါသည်။ ပိတောက်ချောင်း ရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ်မိုးကျော်မှ ပုဒ်မ ၃၀၄ (က) လူသတ်မှုဖြင့်သာ စတင် အရေးယူပြီး ရန်ကုန် ပြည်သူ့ဆေးရုံ ဆရာဝန်များ၏ ညွှန်ကြားချက်အရ မိန်းကလေး၏ အင်္ဂါတွင် သွေးထွက်ဒါဏ်ရာတွေ့ပြီး မိန်းကလေး၏ သွေးစွန်းနေသော အတွင်းခံ ဘောင်းဘီအား ဓါတုဗေဒ၀န်သို့ ဆေးစစ်ချက် ရယူရန် ပြန်ကြားခဲ့ပါသည်။

ထိုအခါမှ လူသတ်မှု ပုဒ်မ- ၃၀၂ သို့ပြောင်းလဲ အရေးယူခဲ့ပါသည်၊ တရားခံကိုလဲ အချုပ်ခန်းအတွင်းသို့ ထည့်သွင်းခြင်း မပြုလုပ်ဘဲ ယခုအချိန် နယ်ထိန်း ရုံးခန်းအတွင်းတွင် လွတ်လပ်စွာနေထိုင်ခွင့် ပြုထားပါသည်။ ရန်ကုန်တိုင်းရဲတိုင်းမှူး၏ အရှိန်အ၀ါဖြင့် ပုဒ်မ- ၃၇၆ မုဒိမ်းမှုကို ထိန်ချန်ထားပြီး ဓာတုဗေဒ၀န်သို့ သေဆုံးသူ၏ သွေးစွန်းနေသော အတွင်းခံ ဘောင်းဘီကို လဲလှယ်ဖြောက်ဖျက်ရန် ကြိုးပန်းလျှက်ရှိပါသည်။

ရန်ကုန် ပြည်သူ့ဆေးရုံ ဆရာဝန်ကြီးများ၏ ဆေးစစ်ချက်များအရ အူမကြီးဘေးရှိ အတတ်ပြက်ရှပြီး ၀မ်းတွင်း သွေးလွန်သေဆုံးပြီး မိန်းမအင်္ဂါတွင် သွေးထွတ်ဒါဏ်ရာ တွေရှိရသဖြင့် အဓမ္မပြုကျင့်ခြင်း ဖြစ်ကြောင်း ထင်ရှား ပါသည်။ ၎င်း ရဲရိပ်သာတွင်းရှိ ၁၅ ပေ x ၆၀ ပေ အခန်း၏ ငှားရန် ခတန်ဖိုးသည် တစ်လလျှင် (၃၅၀၀၀၀ိ/) မျှရှိပြီး ၃ ခန်းဖြစ်သည့်အတွက် ဖိအားပေးငှားရန် ထားသော ဈေးနှုန်းနှင့်ဆိုလျှင် အလွန်ကွာခြားလျှက် နိုင်ငံတော် ဘဏ္ဍာအတွတ်သော်လည်းကောင်း တပ်ဖွဲ့ ၀န်ထမ်း သက်သာရန်ပုံငွေများစွာ နစ်နာဆုံးရှုံးမှု ဖြစ်ရပါသည်။

၎င်းဆိုင်တွင် ခေါ်ယူ အသုံးပြုသော အလုပ်သမား စားပွဲထိုးများမှာ အရွယ်မရောက်သေးသော ကလေးငယ်များလဲ ပါဝင်နေပြီး ၎င်းက လေးငယ်များကို နိုင့်ထက် ပြုမူမှုများကိုလည်း ပတ်ဝန်း ကျင်တွင် မကြာခဏ ကြားသိရပါသည်။ ယခုအခါ ရဲတိုင်းမှူးမှ ၎င်း၏ အရှိန်အ၀ါကို သုံးလျှက် ယခုအမှုကို ပေါ့လျှာ့ပြောက်ပျက်စေရန်နှင့် လူသက်သေ  ပစ္စည်းသက်သေများကို ဖြောက်ဖျက်ရန် ကြိုးစား နေပါသည်၊ နိုင်ငံတော် အကြီးအကဲများအနေနှင့် နိုင်ငံတော်အသစ် သန့်ရှင်သော အစိုးရအဖွဲ့သစ် ပေါ်ပေါက်ရန် ကြိုးစားနေသော အချိန်ကာလ ဖြစ်ပါသောကြောင့် ယခုကဲ့သို့ အာဏာအရှိန်အ၀ါကို သုံးလျှက် နိုင့်ထက်စီးနင်း ဥပဒေပ ပြုမူနေမှုများကို သားသမီးခြင်း ကိုယ်ခြင်းစာသော စိတ်ဖြင့် အမှန်တရား ပေါ်ပေါက်ရန် ကိုယ်ဖိရင်ဖိ ဆောင်ရွက်နိုင်ရေးအတွတ် မေတ္တာရပ်ခံ တင်ပြအပ်ပါသည်။

သတင်းထူးပါက ဆက်လျှက်ဖော်ပြသွားပါမည်။
ခင်မင်စွာဖြင့်
ဦးဦးမှော်ဆရာ

No comments: