မိမဆုံးမ ဖမဆုံးမသား သန်းရွှေမြေး ချာတိတ်အကြောင်း သတင်းတွေ မကြာမကြာ ကြားရတတ်ပါတယ်။ ဒီတစ်ခါ အီးမေလ်းထဲဝင်လာတဲ့ သတင်းနှစ်ပုဒ်ကတော့ ရိုင်းစိုင်း ကြမ်းတမ်းတဲ့ အဆင်အသွေးမျိုးစုံ ပေါင်းစပ်ယှက်ဖွဲ့ထားသလို ခံစားရတာမို့ အမှတ်တရအဖြစ် ဘလော့မှာ မှတ်တမ်းတင်လိုက်ပါတယ်။ ရေးသူ အမည်တော့မပါ၊ မူရင်းအတိုင်းပါ။ ၇ ရက်သားသမီးများ ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းပြီး ရန်သူမျိုးငါးပါးဘေးမှ အမြန်ဆုံး ကင်းဝေးကြပါစေ။
ငြိမ်းချမ်းအောင်
နေရွှေသွေးအောင် (ခ) ဖိုးလပြည့်နဲ့ တွဲပြီး မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ နှစ်ယောက် ပေါင်းကာ ထင်ရာစိုင်းနေသောသူ တဦးမှာ ဆေးဝန်ထမ်း ညွှန်ချူပ် ဗိုလ်ချူပ် သန်းအောင်ရဲ့ သမက်ဖြစ်သူ ချိုလေးဆိုသူ ဖြစ်ပါတယ်၊၊ နေရွှေသွေးအောင်နဲ့ ချိုလေးတို့ဟာ သန်းရွှေရဲ့ အရှိန်အ၀ါ၊ မိဘဖြစ်သူတွေရဲ့ အရှိန်အ၀ါကို သုံးပြီး မြန်မာပြည်မှာ သောင်းကျန်း ဆိုးရွားနေသူတွေ ဖြစ်ပါတယ်။ အထူးသဖြင့် ချိုလေးဟာ နေရွှေသွေးအောင်ကို အမှီပြုပြီး သူလုပ်ချင်တာတွေကို လုပ်ချင်သလို လုပ်ပါတယ်။ သူနဲ့အတူ နေရွှေသွေးအောင်ကလည်း တွဲချက်ညီညီ ထင်ရာစိုင်းပါတယ်။ ချိုလေးဟာ လိုင်စင်မဲ့ကားတွေကို လိုင်စင်ရအောင်လုပ်ဖို့ အတွက် နေရွှေသွေးအောင်ကို အသုံးချပါတယ်။ ဒီလိုလုပ်လို့ ရတဲ့အတွက် နေရွှေသွေးအောင် ကိုလည်း ကဲချင်တိုင်းကဲဖို့အတွက် အတူတူ သွားလာကြပါတယ်။ သူတို့နှစ်ယောက် အတူတူ တစ်တွဲတွဲ သွားလာတဲ့အခါမှာ မော်ဒယ်ဂဲလ် (Model Girls) တွေနဲ့ ချိန်းချက်ပြီး သွားလာကြတယ်။ သူတို့သွားတဲ့ ကားတွေပေါ်မှာလည်း အချက်ပြမီးလုံးကို ကားပေါ်တင်ပြီး အထူးကား (VIP car) အနေနဲ့ သိသာအောင် ပြပြီး ကြွားဝါ လုပ်ပြလေ့ ရှိကြောင်းကိုလည်း သိရှိရပါတယ်။ ဒီလို ချိုလေးရဲ့ ကပ်ဖားပြီး ပေါင်းသင်းမှုကို နေရွှေသွေးအောင်ကလည်း နဂိုကမှ သန်းရွှေရဲ့ မြေးဆိုပြီး ထင်ရာစိုင်းနေသူပီပီ အနှစ်ခြိုက်ကြီး ကြိုက်နှစ်သက်ကာ ကဲချင်တိုင်း ကဲနေပါတယ်။ နေရွှေသွေးအောင်နဲ့ ချိုလေးတို့ ညတိုင်းနီးပါး သွားရောက်လေ့ ရှိတာကတော့ မြရိပ်ညို ဖြစ်ပါတယ်။ သူတို့နှစ်ဦး သွားတဲ့အခါတိုင်း သူတို့နဲ့ ချိန်းချက်ထားတဲ့ မော်ဒယ်ဂဲလ်တစ်ချို့ပါ ပါရှိပါတယ်။ နေရွှေသွေးအောင်၊ ချိုလေးတို့နဲ့အတူ အပေါင်းအပါ တွေကတော့ ဒဂုံအင်တာနေရှင်နယ် ကုမ္ပဏီအုပ်စုပိုင်ရှင်ဖြစ်သူ ၀င်းအောင်ရဲ့ သားရယ်၊ နအဖ၀န်ကြီး စိုးသာရဲ့သား အောင်စိုးသာတို့ပါ ပါပါတယ်။ ကဲချင်တိုင်း ကဲကြတဲ့ အခါမှာ မူးယစ်ဆေးဝါး သုံးစွဲတာတွေ မိန်ကလေးတွေနဲ့ အတူအိပ်တာတွေ လုပ်ကြပါတယ်။ သူတို့က အစပြုပြီး အနှိပ်ခန်းတွေကိုသွား၊ ကလပ်တွေကိုသွားပြီး သောင်းကျန်းတာမို့ နောက်ဆုံး ဒီအနှိပ်ခန်းတွေ၊ ကလပ်တွေ ထင်ပေါ်ကျော်ကြားလာပြီး မသိနားမလည်တဲ့ အသက်အရွယ် မပြည့်သေးသူလေးတွေပါ သွားရောက်တာတွေ ဖြစ်လာကာ လူသိရှင်ကြား ဖြစ်လာလို့ တလောကမှ နေ့ခင်းဖွင့်တဲ့ ဒေးကလပ် (Day Club) တွေ ပိတ်ပြလိုက်တာ ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် တိတ်တိတ်ပုန်း ရှိနေသေးတဲ့ နေရွှေသွေးအောင်တို့လို ပျက်စီးချင်တိုင်း ပျက်စီး ထင်ရာစိုင်းချင်တိုင်း ထင်ရာစိုင်းနေတဲ့ အပေါင်းအပါ လူငယ်တွေ ဆုံတွေ့ရာ နေရာတွေ ရှိနေပါသေးတယ်။
ဒီနေရာတွေမှာ မူးယစ်ဆေးဝါးသုံးစွဲပြီး မိန်းကလေးများနဲ့ ဖြစ်ချင်တိုင်း ဖြစ်နေတာတွေ ရှိနေပါတယ်။ နေရွှေသွေးအောင်တို့ အုပ်စုရဲ့ အတွင်းမှာဘဲ အချင်းချင်း ဂွင်လုကြလို့ နောက်ဆုံး နေရွှေသွေးအောင်ရဲ့ ယုတ်မာတဲ့ စနက်ကြောင့် တင်အောင်မြင့်ဦးရဲ့ သားဖြစ်သူ (ဗိုလ်ကြီးဟောင်း) နိုင်လင်းဦး (တေဇာစောဦး) ပိုင်ဆိုင်တဲ့ ရန်ကုန် ကမ္ဘာအေး ဘုရားလမ်းမပေါ်ရှိ အနုပညာ ဦးစီးဌာနပိုင် မြေနေရာပေါ်မှာ ရှိတဲ့ “7 Lekker” ကဖေးဆိုင် ဖျက်ဆီးခံလိုက်ရတာပါဘဲ။ နိုင်ငံတော် မြေနေရာကွက်ပေါ်မှာ ခွင့်ပြုချက်မရှိဘဲ ကိုယ်ပိုင် စီးပွားရေးလုပ်လို့ ရမလားဆိုပြီး မသိတဲ့သူတွေ အထင်ကြီးရအောင် အကြောင်းပြချက်နဲ့ နေရွှေသွေးအောင်က ပြောဆို ဖျက်ဆီးပြလိုက်ပေမယ့် တကယ်တော့ နေရွှေသွေးအောင်ရဲ့ အချင်းချင်းအပေါ် ကောက်ကျစ် ယုတ်မာမှုဘဲ ဖြစ်ပါတယ်။ ဒီအကြောင်းကို အတွင်းသိ အစင်းသိကြသူတွေက သိကြပါတယ်။ ဒါကြောင့် သန်းရွှေသေရင် နေရွှေသွေးအောင်တော့ သတိသာထားပေတော့လို့ ကြိမ်းဝါးနေကြပါတယ်။ ထို့အတူ စစ်တပ်အတွင်းက ဗိုလ်ချူပ် အတော်များများဟာလည်း နေရွှေသွေးအောင်ကို မကျေမနပ်ဖြစ်နေတယ်လို့ သိရှိရပါတယ်။ နေရွှေသွေးအောင်ကနေ နိုင်လင်းဦးရဲ့ ကဖေးဆိုင်ကို ဖျက်ပြစ်လိုက်တဲ့ အဓိက အကြောင်းရင်းကတော့ နေရွှေသွေးအောင်က အဲ့ဒီနေရာမှာ သူတို့ အပေါင်းအပါတွေ ကဲလို့ရအောင် သီးသန့်ကလပ် (VIP club) တစ်ခုလုပ်ချင်လို့ ပြောဆိုရာကနေ ပြဿနာ စဖြစ်တာပါဘဲ။ ဒါကို နိုင်လင်းဦးက လက်မခံတဲ့အတွက် နေရွှေသွေးအောင်က ချိုလေးရဲ့ မြှောက်ပင့်မှု၊ ကဖေးဆိုင် အစုရှယ်ယာပါတဲ့ အောင်စိုးသာရဲ့ ဘက်လိုက်မှုတွေကြောင့် ဒီလို အချင်းချင်း ဆော်ထည့်လိုက်တာ ဖြစ်ပါတယ်။ ဒီလိုမျိုး နေရွှေသွေးအောင်ကို အနီးကပ် မြှောက်ပင့်သွေးထိုးနေသူ ချိုလေးနဲ့ နဂိုကမှ ဘယ်သူကိုမှ ဗိုလ်မထားချင်တဲ့ နေရွှေသွေး အောင်တို့ရဲ့ စနက်ဖြစ်ပါတယ်။ ချိုလေးဟာ နေရွှေသွေးအောင်ကို မျောက်ပြဆန်တောင်း သလို လုပ်ပြီး စီးပွားရေး သောင်းကျန်းလာလို့ မသမာသော ငွေကြေးများနဲ့ ပြည့်စုံလာနေပါတယ်။ ချိုလေးဟာ အရပ် (၆) ပေ (၁) လက်မခန့်ရှိပြီး ကိုယ်ပေါ်မှာ ဆေးမှင်ကြောင်တွေ ထိုးထားပါတယ်။ သူ့မှာ ဆရာဝန်မတစ်ဦးနဲ့ အိမ်ထောင်ကျပြီး သမီး နှစ်ယောက်ရှိပေမယ့် သမီးချင်း နှမချင်း မစာနာဘဲ မိန်းကလေးတွေကို နေရွှေသွေးအောင်နဲ့ ပေါင်းပြီး ဖျက်ဆီးသောင်းကျန်းနေသူ ဖြစ်ပါတယ်၊၊
နေရွှေသွေးအောင်ရယ် ချိုလေးရယ် အောင်စိုးသာတို့ရယ်ဟာ ဂိုဏ်းအုပ်စုဖွဲ့ထားပြီး ဂိုဏ်းအုပ်စုနာမည်ကို “ဆင်စွယ်” လို့ သတ်မှတ်ထားကြောင်းနဲ့ သူတို့ သွားလာသောင်းကျန်းတဲ့ နေရာတွေမှာ ဒီနာမည်ကို အသုံးပြုကြောင်း သိရှိရပါတယ်။ ယခင် မဆလတစ်ပါတီ အာဏာရှင်နေ၀င်းရဲ့ မြေးတွေ သောင်းကျန်းပြီး ဂိုဏ်းဖွဲ့ ထားတဲ့ စကော်ပီယံ “Scorpion” ဂိုဏ်းထက် ပိုဆိုးတဲ့ သန်းရွှေရဲ့ မြေး နေရွှေသွေးအောင်ရဲ့ ဂိုဏ်းအုပ်စုကြောင့် သူတို့ အချင်းချင်း ဇတ်တူသားစား ဆော်ကြ နှက်ကြတာအပြင် သူတို့ရဲ့ အစပြု လုပ်ရပ်များကြောင့် အခြားသော မသိနားမလည်သည့် အချို့သော လူငယ်လူရွယ် ယောင်္ကျာလေး မိန်းကလေးများပါ ပျက်စီးမှု လမ်းကြောင်းပေါ် ရောက်ရှိနေတာ တွေ့ရှိနေရပါတယ်။ တင်အောင်မြင့်ဦးရဲ့ သား နိုင်လင်းဦးကို နေရွှေသွေးအောင် လူကြားကောင်းအောင် ပြောခဲ့တဲ့ “နိုင်ငံတော် မြေနေရာကွက်ပေါ်မှာ ခွင့်ပြုချက်မရှိဘဲ ကိုယ်ပိုင်စီးပွားရေး လုပ်လို့ရမလား” ဆိုတဲ့စကားအတိုင်း ပြောကြေးဆိုရင် “ပြည်သူတွေ ပိုင်ဆိုင်တဲ့ မြန်မာပြည် မြေပေါ်မှာ ဒီလို ထင်ရာစိုင်းလို့ ရသလား” ဆိုတာပါ။
ပြည်သူချစ်တဲ့ အနုပညာရှင်တယောက် ရေတိမ်နစ်တော့မှာ တွေးပူနေမိတယ်။ လိုချင် ရမ္မက်ကြီးပြီး စိတ်ဓါတ်အဆင့်တန်း နိမ့်လွန်းလှတဲ့ သန်းရွှေတို့ မိသားစုဟာ သူတို့မနာလိုတဲ့ လူတွေပေါ်မှာ အောက်လမ်းနည်းတွေသုံးပြီး အနိုင်ယူလေ့ ရှိတာကြောင့်ပါ။ ခုတစ်ခါတော့ စိုင်းစိုင်းအလှည့် ရောက်လို့လာပါပြီ။ ပြီးခဲ့တဲ့ ဖြစ်စဉ်တချို့ ပြန်ကြည့်ကြည့်ရအောင်။
၁။ ကွယ်လွန်သူ အတွင်းရေးမှူး ၂ ဟောင်း တင်ဦးရဲ့သား၊ မြို့တော်ဝန်ဟောင်း ဦးကိုလေးရဲ့ သမက်ဟာ ဘိုးတော်၏ သမီး ၀က်ပုပ်မ (သန္တာရွှေ) ကို အပျော်ကြံတယ်လို့ တစ်ဖက်သပ် စွပ်စွဲပြီး ကားနဲ့ တိုက်သတ်ခဲ့ပြီး မတော်တဆမှုပါလို့ အကြောင်းပြခဲ့တယ်။ ကံကောင်းထောက် မစွာ အသက် မဆုံးရှုံးခဲ့ရပေမယ့် အဖြစ်မှန်ကို ရေငုံနှုတ်ပိတ်ပြီး နိုင်ငံခြားရေးရုံးမှလည်း အလုပ်ဖြုတ်ခံရကာ ဒုက္ခိတဘဝနဲ့ အရိုးထုပ်နေရပါတယ်။
၁။ ကွယ်လွန်သူ အတွင်းရေးမှူး ၂ ဟောင်း တင်ဦးရဲ့သား၊ မြို့တော်ဝန်ဟောင်း ဦးကိုလေးရဲ့ သမက်ဟာ ဘိုးတော်၏ သမီး ၀က်ပုပ်မ (သန္တာရွှေ) ကို အပျော်ကြံတယ်လို့ တစ်ဖက်သပ် စွပ်စွဲပြီး ကားနဲ့ တိုက်သတ်ခဲ့ပြီး မတော်တဆမှုပါလို့ အကြောင်းပြခဲ့တယ်။ ကံကောင်းထောက် မစွာ အသက် မဆုံးရှုံးခဲ့ရပေမယ့် အဖြစ်မှန်ကို ရေငုံနှုတ်ပိတ်ပြီး နိုင်ငံခြားရေးရုံးမှလည်း အလုပ်ဖြုတ်ခံရကာ ဒုက္ခိတဘဝနဲ့ အရိုးထုပ်နေရပါတယ်။
၂။ စိမ်းလဲ့ကန်သာ ၅ လောင်းပြိုင် လူသတ်မှု ယနေ့ထိ မဖော်ထုတ်နိုင်သေးပါဘူး။ သန္တာရွှေရဲ့ မင်္ဂလာပွဲအတွက် မိုးကုပ်မြမောင် မိသားစုသာလျှင် ပိုင်ဆိုင်တဲ့ ဖိတ်ဖိတ်တောက် စိန်တွေ ငှား။ အရှက်မရှိ သူ့ဟာလိုကြွား လောဘတက် ပြန်မပေးချင်တော့ မိသားစုတစုလုံး အသေသတ်ပြီး သတင်းအမှောင်ချပြီးတော့ မီဒီယာတွေ မေ့ပျောက် သွားအောင် လှည့်စားနေပါတယ်။ အမေရိကန်သံရုံးက CCTV မှတ်တမ်းခွေ ပေးခဲ့တော့ ဗိုလ်ချုပ်မောင်ဘို ကိုယ်တိုင် ပြည်ထဲရေး ဝန်ကြီးရုံးမှာ လာသိမ်းသွားခဲ့ပါသတဲ့။ ဘာလို့လဲဆိုတော့ အဲဒီအိမ်ထဲကို နောက်ဆုံး ဝင်သွားတဲ့ ပါရာဒို အနက်ရောင်ကားဟာ ကြိုင်သန်းရွှေရဲ့ကား ဖြစ်နေလို့ပါတဲ့။
သာမန် လူတမ်းစားတွေ ဒီလိုရာဇဝတ်မှုမျိုး ကျုးလွန်ချင်ပါတယ် ဆိုရင်တောင် ကျုးလွန်နိုင်လောက်တဲ့ လက်နက် အင်အားမရှိပါဘူး။ ဒါကြောင့် ဗိုလ်ချုပ်ရဲမြင့်ရဲ့ သား အောင်ဇော်ရဲမြင့်ကို စိတ်ကြွဆေးပြားတွေ ထုတ်လုပ် တာမိတော့ တရားရုံးတင်ဖို့ နေနေသာ သာဖမ်းတောင် မဖမ်းရဲပါဘူး။ ဆေးသမားက သူတို့ထက် ကြမ်းတယ် ဖမ်းရဲဖမ်းကြည့် ၅ လောင်းပြိုင်ကိစ္စ ဖော်လိုက်မယ်ဆိုတာနဲ့ သန်းရွှေကြီး အမြှီးကုပ်သွား ရပါတယ်တဲ့။
၃။ မေ ၃၀ ဒီပဲယင်း လူသတ်ပွဲကြီးကတော့ ကမ္ဘာသိမို့ အထူးမပြောတော့ပါဘူး။ ပုဂ္ဂိုလ်ရေး မနာလိုစိတ်ရယ် မိသားစု ကောင်းစားရေးအတွက် သန်းရွှေခြေကုန် ထုတ်ရမ်းခဲ့တဲ့ ရာဇ၀တ် ပွဲပါ။
၎။ မကြာခင်ကမှ ဖြစ်သွားတဲ့ နောက်တစ်ခုကတော့ 7 CORNER ဆိုတဲ့ အတွင်းရေးမှုး ၁ တင်အောင်မြင့်ဦးသားနဲ့ စီမံကိန်းဝန်ကြီး စိုးသာရဲ့ သားတို့ ပိုင်တဲ့ဆိုင် ကယိုးဒယားက စားဖိုမှုး၊ ကြိုးမဲ့ အင်တာနက်တွေနဲ့ ရန်ကုန် လူငယ်တွေကြား ရေပန်းစားလာတော့ စိန်မျောက် မျောက်က ဘူဒိုဇာနဲ့ ထိုးပြီး ဖျက်ဆီးခိုင်းတဲ့အထိ မနာလိုစိတ်ပြင်းတဲ့ မိသားစုတွေပါ။ မြေးက မရင့်ကျက်သေးလို့ လုပ်တယ်ဆိုရင်တောင် သေခါနီး အဘိုးနဲ့ အဖွားက မဆုံးမကြဘူးလား။ မြေးတယောက်ကိုတောင် နိုင်အောင် မအုပ်ထိမ်းနိုင်တဲ့ အဘိုးက ၅၅ သန်းရှိတဲ့ တိုင်းပြည်ကို အုပ်ချုပ်လို့ တိုင်းပြည်ပျက်တာ ဆန်းသလားဗျာ။
၎။ မကြာခင်ကမှ ဖြစ်သွားတဲ့ နောက်တစ်ခုကတော့ 7 CORNER ဆိုတဲ့ အတွင်းရေးမှုး ၁ တင်အောင်မြင့်ဦးသားနဲ့ စီမံကိန်းဝန်ကြီး စိုးသာရဲ့ သားတို့ ပိုင်တဲ့ဆိုင် ကယိုးဒယားက စားဖိုမှုး၊ ကြိုးမဲ့ အင်တာနက်တွေနဲ့ ရန်ကုန် လူငယ်တွေကြား ရေပန်းစားလာတော့ စိန်မျောက် မျောက်က ဘူဒိုဇာနဲ့ ထိုးပြီး ဖျက်ဆီးခိုင်းတဲ့အထိ မနာလိုစိတ်ပြင်းတဲ့ မိသားစုတွေပါ။ မြေးက မရင့်ကျက်သေးလို့ လုပ်တယ်ဆိုရင်တောင် သေခါနီး အဘိုးနဲ့ အဖွားက မဆုံးမကြဘူးလား။ မြေးတယောက်ကိုတောင် နိုင်အောင် မအုပ်ထိမ်းနိုင်တဲ့ အဘိုးက ၅၅ သန်းရှိတဲ့ တိုင်းပြည်ကို အုပ်ချုပ်လို့ တိုင်းပြည်ပျက်တာ ဆန်းသလားဗျာ။
ခုလက်တလော စိန်မျောက်မျောက် အရူးရောဂါ၊ နှာဘူးရောဂါ ထနေပြီး။ နိုင်ငံတော် အုပ်ချုပ်ရေးပိုင်းမှာတောင် ၀င်စွက်လာပြီ။ နေမြင့်လေ အရူးရင့်လေ ဆိုသလို။ အောက်က သတင်းလေး ဖတ်ကြည့်ကြပါအုံး။ အနုပညာရှင် တစ်ယောက်ရဲ့ တွေရဲ့ဓါတ်ပုံဖော်ပြခွင့်ကို အဘိုးရဲ့ အာဏာသုံးပြီး ပိတ်ပင်တယ်ဆိုတော့ ဒီနိုင်ငံဟာ ဘယ်အခြေနေ ရောက်နေပြီလဲ။ တရားတဲ့ ဥပဒေဆိုတာ ကောရှိသေးရဲ့လား။ မကြာခင်မှာ ဒီထက်တဆင့် တက်ပြီးမနာလို စိတ်နဲ့ အကောက်ကျစ်ဆုံး အောက်လမ်း ပေါင်းစုံနဲ့ စိုင်းစိုင်းကို တိုက်ခိုက်တော့မယ် ဆိုတာ မြေကြီး လက်ခက် မလွဲပါဘဲ။ ဘယ်ပုံဘယ်နည်းနဲ့ ယုတ်မလဲရယ်။ ဘယ်တော့လည်း ဆိုတာကိုတော့ မကြာခင် အဖြေထွက်မှာပါ။
ဒီမိသားစု တစုကြောင့် ၅၅ သန်းသော ပြည်သူတွေ မှီတင်းနေထိုင်တဲ့ မြန်မာနိုင်ငံမှာ
အပြစ်မဲ့ ပြည်သူ ဘယ်လောက် သေခဲ့ရပြီးပြီလဲ၊ အပြစ်မဲ့ပြည်သူ ဘယ်လောက် ဘဝတွေ ပျက်ခဲ့ရပြီလဲ၊ အပြစ်မဲ့ပြည်သူ ဘယ်လောက် အကျဉ်းကျခဲ့ကြပြီးပြီလဲ၊ အပြစ်မဲ့ပြည်သူ မည်မျှ ငတ်ပြတ်ခဲ့ရပြီလဲ၊ မိသားစုတွေ ဘယ်လောက် ငိုကြွေးနေရဆဲလဲ။ ဒါကြောင့် နောက်ထပ် ပြည်သူချစ်တဲ့ အနုပညာရှင် တယောက်အကြောင်းမဲ့ မဆုးံရလေအောင် စိုင်းစိုင်းရေ သတိထားပါ၊
အပြစ်မဲ့ ပြည်သူ ဘယ်လောက် သေခဲ့ရပြီးပြီလဲ၊ အပြစ်မဲ့ပြည်သူ ဘယ်လောက် ဘဝတွေ ပျက်ခဲ့ရပြီလဲ၊ အပြစ်မဲ့ပြည်သူ ဘယ်လောက် အကျဉ်းကျခဲ့ကြပြီးပြီလဲ၊ အပြစ်မဲ့ပြည်သူ မည်မျှ ငတ်ပြတ်ခဲ့ရပြီလဲ၊ မိသားစုတွေ ဘယ်လောက် ငိုကြွေးနေရဆဲလဲ။ ဒါကြောင့် နောက်ထပ် ပြည်သူချစ်တဲ့ အနုပညာရှင် တယောက်အကြောင်းမဲ့ မဆုးံရလေအောင် စိုင်းစိုင်းရေ သတိထားပါ၊
ငြိမ်းချမ်းအောင် ဘလော့ဂ်မှ
1 comment:
Who are responsible to protect the interest of the nation (Burma) and the people of Burma? how and when these responsible high ranking officials will take actions on those criminals?
Post a Comment