“ဗိုလ်ချုပ်နေ၀င်း အုပ်ချုပ်တုန်းက ပုဂ္ဂလိကပိုင်တွေကို ပြည်သူပိုင်ဆိုပြီး သိမ်းလိုက်တယ်၊ ပြည်သူပိုင် လုပ်လိုက်တယ်၊ ပြည်သူက ကျိုးအမြတ် နည်းနည်း ခံစားရတယ်၊ သူတို့တွေ ကတော့ များများခံ စားကြတယ်၊ အဲ ခုစစ်ဗိုလ်ချုပ်တွကျတော့ ပြည်သူပိုင်တွေကို အရင်အစိုးရပိုင်လို့ အသုံးအနှုန်း ပြောင်းလိုက်တယ်။ ပြီးတော့ အစိုးရပိုင်ဆိုပြီး သူတို့ရောင်းစားလိုက်တယ်၊ ရောင်းရငွေတွေကိုလည်း သူတို့အိတ်ထဲ ထည့်လိုက်တာ၊ စစ်ဗိုလ်ချုပ်တွေက သိမ်းလိုက်ကြတာပဲ၊ ဘာစာရင်းရှင်းတမ်းမှ မရှိဘူး... နော်။ အန်တီ့သား စစ်ဗိုလ်တွေပဲ သူတို့ခေတ်မှာ စစ်ထဲဝင်တာ တိုက်ဖို့မဟုတ်ဘူး စားဖို့ဝါးဖို့ ၀င်ကြတာတဲ့လေ သားကြီးကလည်း စားလိုက်တာ၊ ခုဆို တိုက် ၂ လုံးနဲ့ ကား ၂ စီးရှိတယ်၊ မိန်းမမှာ စိန်တွေဆိုတာ မရေတွက်နိုင်လောက်အောင် ၀ယ်ထားတာ၊ သားငယ်လဲ အဲလိုပဲ သူက အရာရှိဖြစ်တာ မကြာသေးဘူးဆိုပေမဲ့ စားနေပြီလေ သူ့အဖေသာ ဒါတွေကို မြင်တွေ့လိုက်ရရင် ရှက်ပြီး သေမှာ။ အန်တီလည်း သူတို့ဘ၀ တွေမြင်ရတော့ သူတို့ကို မွေးမိတာပဲ မှားသလို ခံစားနေရတယ်”
အသက် ၈၄ နှစ်အရွယ် ဒုတိယဗိုလ်မှူးကြီးဟောင်းရဲ့ ဇနီးတဦးက ပြောပြခဲ့တာပါ။ သူစစ်ဗိုလ်ကတော် ဘ၀တုန်းက ပြည်သူလူထုအတွက်ဆိုပြီး စစ်သားတွေ၊ စစ်သားမိန်းမတွေ ခံယူချက် နည်းနည်းစီ ရှိကြတယ်တဲ့။ ခုတော့ သူ့သားဗိုလ်မှူးကြီးကတော့ ဘယ်နေရာ ရောက်ရင် ဘယ်လို စားရမလဲ၊ ဘယ်နေရာက ဂွင်ပိုတည့်တော့မလဲ ဆိုတာပဲ ကြည့်နေတဲ့အတွက် သူရှက်မိတယ်လို့လည်း ညည်းတွားပါတယ်။ သားငယ်ကတော့ အခု လွှတ်တော်ထဲမှာ တပ်မတော်သား ကိုယ်စားလှယ်နေရာက ပါဝင်တယ်တဲ့။ အဲဒါ တလကို ငွေကျပ် ၃ သိန်းခွဲ ရမယ်ဆိုတာကို မကျေမနပ် ဖြစ်နေတယ်လို့ ပြောတယ်။ ဘာကြောင့်လဲ ဆိုတော့ သားစစ်ဗိုလ်ရဲ့ ၀င်ငွေဟာ တရက်ကို ၁၅ သိန်း အထက်မှာပဲ ရှိတာတဲ့ ခု တလမှ ၃ သိန်းခွဲဘဲဆိုတော့ တညအသုံးစရိတ်တောင် မရှိဘူးဆိုပြီး မကျေမနပ်ဖြစ်နေတာကို ကြားရတဲ့ မိခင်ကြီးက စိတ်မချမ်းမသာ ဖြစ်နေတာလို့ ပြောတယ်။
No comments:
Post a Comment