အလုံမီးပွိုင့်မှာပါ မီးပွိုင့်မိနေတုန်း ကလေးလေး တစ်ယောက် သုံးတန်းကလေး အရွယ်လောက်ပေါ့ စံပယ်ပန်း လာရောင်းပါတယ်။ ဒါနဲ့ သနားလို့ဆိုပြီး ၅၀၀ ဖိုး ၀ယ်ပြီး ပန်းကို မယူတော့ဘူးလို့ ပိုက်ဆံက မုန့်ဝယ်စားလိုက်လို့ ပြောတော့ ကလေးလေးက ပြန်ပြောပါတယ်။ ပန်းလေး ယူသွားလိုက်ပါတဲ့။ ပန်းကို မယူတော့ဘူး ပိုက်ဆံလည်း ပြန်ပေးစရာ မလိုဘူးလို့ ထပ်ပြောလိုက်ပါတယ်။ ကလေးလေးက ငိုမဲ့မဲ့နဲ့ ပြောပါတယ်။ ယူသွားလိုက်ပါ အစ်မရယ်တဲ့။ ဘာလို့လဲလို့ မေးလိုက်တော့၊ သားတို့ကို ပန်းမကုန်ရင် ပြန်မလာနဲ့လို့ ပြောထားလို့ပါတဲ့။ မီးပွိုင့်ကလည်း စိမ်းနေပြီဆိုတော့ ပန်းလေးကို ယူခဲ့လိုက်ပြီး ပန်လိုက်ပါတယ်။
ကလေးလေး ကောင်မလေးတစ်ယောက်က ဟိုဘက်ကားလမ်းမှာ ရောင်းနေပါတယ်။ ညဘက် ၇:၃၀ ၈ နာရီလောက်ပေါ့။ ကလေးလေးတွေ သနားပါတယ်နော်။ ပန်းမကုန်သေးလို့ အိမ်မပြန်ရဲဘူး ငိုမဲ့မဲ့လေးနဲ့။
နောက်တစ်ခုက အလုံက Feel Garden မှာပါ မနက်စာသွားစားတာ ၇:၀၀ လောက်ပေါ့။ ကလေးလေးတွေ သုံးလေးယောက်လောက် ရွှေပန်းရောင်းနေကြတာ ကျောင်းစိမ်းအင်္ကျီလေးနဲ့၊ သနားတာနဲ့ ခေါ်ပြီး ၀ယ်လိုက်တယ်။ ၂၀၀ ဖိုး ပြီးတော့ မေးကြည့်လိုက်တယ်။ ဘယ်နှတန်းလဲလို့၊ သားက ၇ တန်းပါတဲ့။ ကျောင်းမသွားဘူးလားလို့ မေးတော့ ရောင်းပြီးရင် သွားမှာတဲ့၊ သားအဖေက ဆိုက်ကားနင်းတယ်လေ၊ ပြီးရင် အဖေက ကျောင်းကိုလိုက်ပို့မှာတဲ့၊ သမီးရဲ့ အစ်ကိုကလည်း ပန်းဘာလုပ်မှာလဲ ပြန်ပေးလိုက်ဆိုပြီး ၅၀၀ ပေးခဲ့လိုက်ပါတယ်။ ဆင်းရဲတဲ့ လူတွေကျတော့လည်း ပင်ပင်ပန်းပန်းနဲ့ အလုပ်လုပ်ကြရရှာတယ်နော်၊ တစ်လောကလုံးကို ချမ်းချမ်းသာသာ ဖြစ်စေချင် လိုက်တာနော်။ လူသားအားလုံး ကိုယ်ဆင်းရဲ စိတ်ဆင်းရဲခြင်းအပေါင်းမှ ကင်းကြပါစေ။
No comments:
Post a Comment