သုခမြို့တော်များ

သုခမြို့တော်များ
ဖိုးခွား (ခေတ္တ သုခမြို့တော်)

ကြားလို့မကောင်းပါဘူး
"သွေးလှူ" ဆိုတဲ့ စကားလုံးလှလှ ကြားခံထားလို့တာပ
သုခမြို့တော်ရဲ့ ဒုက္ခသည်ရပ်ကွက်မှာ 

တေးသွားတွေက အရင်တိုင်း။
 

ကြွားလို့မကောင်းပါဘူး
“ပညာတော်သင်” ဆိုတဲ့ စကားလုံးလှလှ ကြားခံထားလို့တာပ
အိပ်မက်တွေက သုခမြို့တော်တွေအတိုင်း။
 

မြို့သားတွေ မြို့တွေ တက်တာမဆန်းပေမယ့်
တောသားတွေမြို့တက်တော့ “ဖက်ကွန့်တောင်” တို့ရဲ့ အလှကဗျာ
ကောင်းဗွိုင်တို့ ပလွေတေးမှာ မှေးဆက်ရရာ။

တို့တတွေ မြို့တွေ တခုပြီး တခုဖြတ်ရင်း
သူ့မြို့မရောက် ကိုယ့်မြို့ပဲပျောက်ရ
တိုးတက်ချင်ပေမယ့် မျိုးဆက်တွေပျောက်ရှရပြီ။

ဖိုးခွား (ခေတ္တ သုခမြို့တော်) ၁၃-၃-၂၀၁၁

No comments: