အလုပ်လုပ်ရာဝယ် အစကသာရယ် အဆုံးထိအောင်ပင် မကြံချင်တယ်။ အားလျှော့တာရယ် ပေါ့ရော့တာ ရယ် အဲဒါ အကျင့်ဆိုးတယ်။ အို… တယောက်က ဒီလို၊ တယောက် ဟိုလို၊ အမျိုးမျိုးဖုံဖုံ ဂုဏ်ပြိုင်တယ်။ နည်းလမ်းအပိုတွေ စည်းကမ်းမရိုသေ ရက်တွေကုန်ခဲ့တယ်။ ဒီလိုအကျင့်ဆိုး စိတ်မျိုးထားလို့ သံသရာရှည်လာတယ်။ မြန်မာပြည်မှာကွယ်..။ ကောင်းအောင်အထူး မနောကရယ်၊ ခေါင်းဆောင် တဦးတည်း ပြောသမျှ နာခံတယ်။
ငယ်သူဟာ နည်းလမ်းမှားကာ အကြီးအကဲများကို မရိုသေတယ်။ ရွယ်တူရင် အသင်းအပင်းဖွဲ့နှောင် အချင်းချင်းတည့်အောင် မပေါင်းကြတယ်။ သေချာစွာ နောက်တခေတ်မှတ်ဖွယ် ကောက်ကျစ်တတ်တဲ့ ဝါသနာရယ်။ ဂုဏ်ပါဝါ မိုးလောက်မကရင် ကိုယ့်အောက်ကလူ နှိပ်စက်တယ်။ သူလုပ်တော့ အရာရာမတွင်ကျယ် အများကလုပ်တော့ ရှုပ်ဖို့ကြံတတ်တယ်။ အာကျယ်တာတွေရယ် စည်ပင်တိုးစေ အမျိုးမတိမ်ဘွယ်။ ဒီအကျင့်ဆိုးတွေ ချိုးနှိမ်ကာ ဖျောက်ကွယ်။
အလိုက်မသိတာတွေရယ် ကိုယ့်အဖို့တော့ကိုယ်သိတယ်။ နောက်လူတော့ မသိပါရယ်။ ဒီအညဉ်မျိုး အလွန်ဆိုးတယ်။ ရှေးစကားတွေကိုပယ် ခေတ်အလိုက်တော့ သူနားမလည်။ ဆရာ့ကိုလည်း ပစ်ခါပယ်… ဒီအညဉ်မျိုး အလွန်ဆိုးတယ်။ ကမ္ဘာမှာလည်း ခေတ်မှီဘွယ်... ကမ္ဘာမှာလည်း ခေတ်မီဘွယ်၊ မြန်မာနိုင်ငံကြီးကိုတကယ် ဒီသီချင်းတေးဟာ ပြည်တွင်းရေးပါ ဒီသီချင်းတေးနဲ့ မနှေးဘဲ ပြုပြင်မယ်။
ငယ်သူဟာ နည်းလမ်းမှားကာ အကြီးအကဲများကို မရိုသေတယ်။ ရွယ်တူရင် အသင်းအပင်းဖွဲ့နှောင် အချင်းချင်းတည့်အောင် မပေါင်းကြတယ်။ သေချာစွာ နောက်တခေတ်မှတ်ဖွယ် ကောက်ကျစ်တတ်တဲ့ ဝါသနာရယ်။ ဂုဏ်ပါဝါ မိုးလောက်မကရင် ကိုယ့်အောက်ကလူ နှိပ်စက်တယ်။ သူလုပ်တော့ အရာရာမတွင်ကျယ် အများကလုပ်တော့ ရှုပ်ဖို့ကြံတတ်တယ်။ အာကျယ်တာတွေရယ် စည်ပင်တိုးစေ အမျိုးမတိမ်ဘွယ်။ ဒီအကျင့်ဆိုးတွေ ချိုးနှိမ်ကာ ဖျောက်ကွယ်။
ရေး= အမည်မသိ
ဆို= သန်းမြတ်စိုး
သီချင်းအား နားဆင်ရန် Click ပြီး ဒေါင်းလိုက်ပါဦး...။
မှတ်ချက်။ ။ သီချင်းရေးသူ အမည်နာမအား သိသူများ အသိပေးစေလိုပါတယ်ခင်ဗျား။
No comments:
Post a Comment