စင်ကာပူအစိုးရ၏ ပံ့ပိုးငွေဖြင့် မြန်မာနိုင်ငံရှိ အသည်းကင်ဆာ ဝေဒနာရှင်များကို စင်ကာပူနိုင်ငံသို့ အခမဲ့ ခေါ်ဆောင်ကာ အခမဲ့ တာဝန်ယူ ဆေးကုသပေးသွားမည်ဟု သတင်းရရှိသည်။ ပထမဆုံး အနေဖြင့် မြန်မာနိုင်ငံ တစ်ဝှမ်းရှိ အသည်းကင်ဆာ ဝေဒနာရှင် ၃၆၀ ဦးကို ခေါ်ယူကာ ကုသပေးသွားမည် ဖြစ်ပြီး အဆိုပါ ကုသမှုအတွက် လေယာဉ်လက်မှတ်၊ ဟိုတယ်အခန်းခမှ စ၍ အခကြေးငွေ တစ်စုံတစ်ရာ ပေးရန် မလိုကြောင်း သတင်းရရှိသည်။
အပြည်ပြည်ဆိုင်ရာ အသည်းကင်ဆာ အဖွဲ့အစည်း (International Liver Cancer Association, ILCA) ၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ကမ္ဘာအသိအမှတ်ပြု မြန်မာ့အသည်းသမားတော် တစ်ဦးဖြစ်သူ ဒေါက်တာခင်မောင်ဝင်းမှ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မီဒီယာများသို့ ပြောကြားရာတွင် အသည်းကင်ဆာ (Hepatocellular Carcinoma) ဖြစ်ပွားလျှင် အကောင်းဆုံး ကုသနည်းမှာ ကင်ဆာဖြစ်သော အသည်းနေရာကို ခွဲစိတ်ထုတ်ပယ်ဖြစ်ခြင်း ဖြစ်ကြောင်း၊
Sorafenib ဆေး
သို့သော် လက်ရှိ ပြည်တွင်းတွင် အသည်းကင်ဆာများကို ဤသို့ ခွဲစိတ်ကုသပျောက်ကင်းနိုင်သော စောစီးသည့် အခြေအနေနှင့် တွေ့ရသည်မှာ ၅% ခန့်သာ ရှိကြောင်း၊ ထို့ကြောင့် ခွဲစိတ်ကုသနည်းသည် မြန်မာနိုင်ငံအတွက် အားမကိုးနိုင်ကြောင်း၊ ယခု စင်ကာပူနိုင်ငံမှ ကုသပေးမည့် အစီအစဉ်တွင် အသုံးပြုမည့် နောက်ဆုံးပေါ် ဆေးသည် Sorafenib ဟု အမည်ရပြီး ကနေဒါ ပညာရှင်များ တီထွင်ထားခြင်း ဖြစ်ကြောင်း၊ အသည်းကင်ဆာ ဝေဒနာရှင်များအတွက် အာနိသင် အကောင်းဆုံး ဆေးဖြစ်ပြီး အလွန်ဈေးကြီးကြောင်း၊ ၄င်းဆေးကို Y90 Yttrium Radioembolization အဏုမြူနည်းဖြင့် ပေါင်းစပ်ကုသရမည် ဖြစ်ပြီး လူတစ်ယောက်စာအတွက် မြန်မာငွေ သိန်း ၂၅၀ ခန့် ကုန်ကျမည် ဖြစ်ပြီး ယခု အာရှ-ပစိဖိတ် အသည်းကင်ဆာ ဆေးသုတေသနအဖွဲ့ (Asia-Pacific Hepatocellular Carcinoma Trial Group) မှ ကုသပေးသည့် အစီအစဉ်တွင် ဝေဒနာရှင်များဘက်မှ ကုသခ တစ်စုံတစ်ရာ ပေးရန် မလိုကြောင်း ရှင်းလင်း ပြောကြားသွားခဲ့သည်။

အသည်းကင်ဆာဆဲလ်များကို တိုက်ဖျက်မည့် Y90 အစ်ထရီယမ် အမှုန်လေးများ |
အသည်းကင်ဆာဝေဒနာ ရှင်များကို ဦးစွာ စမ်းသပ်စစ်ဆေးပြီး Sorafenib ဆေးသွင်းကုထုံး တစ်မျိုးတည်းဖြင့် ကုသ၍ ရမည်ဆိုလျှင် စင်ကာပူသို့ သွားရန်မလိုဘဲ ပြည်တွင်းသို့ ဆေးများ အရောက်ပို့ပေးမည် ဖြစ်ကြောင်း၊ Y90 Yttrium Radioembolization အဏုမြူနည်းပါ လိုအပ်သူများကိုသာ စင်ကာပူသို့ ခေါ်ဆောင်သွားမည် ဖြစ်ကြောင်း ပါမောက္ခ ဒေါက်တာခင်မောင်ဝင်းက ဆက်လက် ပြောပြခဲ့သည်။
အဆိုပါ ကုသမှုကို ခံယူနိုင်ရန် အကြမ်းဖျဉ်း အားဖြင့် ပြည်သူ့ဆေးရုံ တစ်ခုခုတွင် အသည်းကင်ဆာ ဝေဒနာရှင်အဖြစ် စာရင်းဝင်သူ ဖြစ်ရမည်ဟု ကြားသိရပြီး အသေးစိတ် အချက်အလက်များကိုတော့ သတင်းမရရှိသေးပါ။
(ပါမောက္ခ ဒေါက်တာခင်မောင်ဝင်း အနေဖြင့် ကုသခွင့် လူနာ ၃၆၀ အနက် အယောက် ၃၀ ပို့ဆောင်ကုသခွင့် ရရှိထားကြောင်း သတင်းရရှိသည်။ ထိုအခွင့်အရေးသည် သူကဲ့သို့သော ကမ္ဘာကျော် ဆေးပညာရှင် တစ်ယောက် အနေဖြင့် ရသင့်သည့် အခွင့်အရေးဟု စာရေးသူ ထင်မြင်မိပြီး ကုသမှု တကယ်လိုအပ်သူ မရှိနွမ်းပါးသူများကို ဆေးရုံစာရင်းများအရ ခေါ်ယူသွားမည်ဟု နောက်ဆက်တွဲ သတင်းရရှိပါသည်)

MMDailyNews မှ ကူးယူတင်ပြသည်။
3 comments:
ခင်မောင်ဝင်းလုပ်စားနေတာကြာပြီ။အခုလည်းသူ.ကိုပိုက်ဆံပေးသူခေါ်ပြီး၊
မတတ်နိုင်တဲ.သူကျန်ခဲ.လိမ်.မယ်
ဒါဆို ကြံဖန်ကြီးပေါ့...။ တော်တော်ရက်စက်တဲ့လူပဲ
ဟုတ်မှလဲလုပ်စားစမ်းပါ ဒေါက်တာကြီးရာ။
ပြီးခဲ့တဲ့လပိုင်ကဘဲ ကျုပ်တို့နေတဲ့ ကနေဒါ၊ ဘန်ကူဗားမြို့က မိတ်ဆွေတယောက် အသဲကင်ဆာနဲ့သေသွားရှာပြီး။ သူ့မှာသားကိုကဆရာဝန်ပါ။ ကနေဒါအထူးကုဆရာဝန်ကြီးတွေနဲ့ကုတာဘဲ မရပါဘူးဗျာ။
Post a Comment