နိုင်ငံရေးသမား၊တော်လှန်ရေးသမား ဆိုသောသူများသို့အိပ်ဖွင့်ပေးစာ
(မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦး-မဲဆောက်)
လေးစားမျှော်လင့်ခဲ့ရဘူးပါသော နိုင်ငံရေးသမား၊ တော်လှန်ရေးသမား ဆိုသောသူများခင်ဗျား……
ကျွန်တော်က မဆလစစ်တပ်ရဲ့ ကြက်/၀က်/နွား လုယက်၊ ပေါ်တာဆွဲမုဒိန်းကျင့်၊ မထင်သလိုရိုက်နှက်သတ်ဖြတ်တာတွေ ကို နေ့စဉ်နှင့်အမျှ ကိုယ်တိုင်မြင်တွေ့ ခံစားခဲ့ရသူပါ၊ ကျောင်းသားတွေဦးဆောင်ပီး ရှစ်ဆယ့်ရှစ်မှာအရေးခင်းဖြစ်တော့  ကျွန်တော်အရမ်းလေးစားအထင်ကြီးအားကိုးခဲ့တာပါ၊ ကျောင်းသားတွေ အသေခံပြီးဆန္ဒတွေပြလို့ မဆလဦးနေ၀င်းကြီးပြုတ်ကျပီဆိုေ တာ့ အားရ၀မ်းသာစိတ်ဖြစ်လိုက်ရတာများ ဗျာ….။
စစ်တပ်ကပစ်သတ် အာဏာသိမ်းလို့ ကျောင်းသားတွေသေလိုက်ကြတာဆိုတော့  သူတို့မိသားစုတွေကိုယ်စားခံစား မိပြီး တောက်ခေါက်ဒေါသလဲ ထွက်ခဲ့ဘူးပါ တယ်၊ ပြန်ခံချရအောင် ကျောင်းသားတွေတောခိုကြတယ်ဆိုတော့ လဲ လေးစားလိုက်ရတာဗျာ၊ ငါတို့ပြည်သူတွေအတွက် ဘ၀တွေအသက်တွေကိုစတေးပြီး တိုက်ပွဲဝင်ပေးနေတဲ့သူတွေဆိုပြီး အထင်ကြီးအားကျလိုက်ရတာ၊ ကျောင်းသားခေါင်းဆောင်မင်းကိုနိုင်ကိုဖမ်းသွားပြီ၊ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းသွာြး ပီဆိုတော့လဲ သူတို့တွေနဲ့နှိုင်းယှဉ်ပြီး နိုင်ငံရေးသမားဆိုတာ ငါတို့ပြည်သူတွေအတွက် မိတကွဲဘတကွဲဘ၀တွေပျက်ခံပြီး၊ အဘက်ဘက်ကအနစ်နာခံကိုယ်ကျိုးစွန့် ပြီး လုပ်နေ သူတွေလို့ အရမ်းကြည်ညိုခဲ့တာပါ……။
“ဒါဆိုလဲ ..မင်းကိုယ်တိုင်လဲလုပ်ပေါ့ကွာ” လို့ ခင်ဗျားတို့ ပြောချင်မှာပေါ့၊ လုပ်ချင်တာပေါ့ဗျာ၊ ဒါပေမဲ့ လူတိုင်းဟာ လိုက်ပါနိုင်တဲ့ပုံသဏ္ဍာန်ကွဲပြား ကြတာပါပဲ၊ ခင်ဗျားတို့ထဲမှာတောင် လူမှုရေးအသင်းဖွဲ့တွေလောက်အလုပ် မှာတင် ပြီးနေတဲ့သူတွေ၊ ကျောင်းသားအဖွဲ့ဆိုပြီးလုပ်နေတာေ တွ၊ ပါတီဝင်ဆိုပီးလုပ်နေတာတွေ၊ လက်နက်ကိုင်ပြီးပြန်ချကြတာတွေ အမျိုးမျိုးဖြစ်နေတာမလား၊ ကျွန်တော်လဲ ကျွန်တော်နိုင်သလောက်တော့ ပါခဲ့လုပ်ခဲ့ဘူးတာပေါ့၊ ခင်ဗျားတို့ကို လက်ခုတ်တီး အားပေးတယ်ဗျာ၊ စစ်တပ်လိုက်ဖမ်းလို့ ပြေးရသူတွေ ကို ၀ှက်ပေးတယ်ဗျာ၊ ခင်ဗျားတို့အတွက် ကျွန်တော့ချွေးနဲစာလေးထဲကနေ ထမင်းထုတ်ဝေ ရေဘူးကမ်း လုပ်တယ်ဗျာ၊ ခင်ဗျားတို့ကိုချီးမွမ်းခန်း အရပ်တကာလှည့်ပြောဘူးတယ်ဗျာ၊ ကဲ..ဒါကျွန်တော်တတ်နိုင်သလောက် လုပ်ခဲ့တာထင်တာပါပဲ၊ မိသားစုဘ၀အခြေနေကြောင့် ကိုယ်တိုင် လက်သီးဆုတ်ဆန့်တန်း ဒို့အရေးအော်ဆန္ဒမပြဘူးပေမဲ့၊ ကိုယ်တိုင်သေနတ်ကိုင် ပြန်မချဘူး ပေမဲ့၊ ခင်ဗျားတို့ကိုကူညီတဲ့နည်းနဲ့ေ တာ့ အားပေးပါဝင်ခဲ့တာပါပဲ ..။
ခုတော့ဗျာ.. ၂၂ နှစ်ဆိုတဲ့အချိန် ကာလက ခင်ဗျားတို့ကိုပြောင်းလဲပလိုက်ြ ပီပဲ၊ ခင်ဗျားတို့သမိုင်းတွေကို ဒီကာလထဲမှာ ခင်ဗျားတို့ဘာသာပဲ ပြန်ဖျက်ဆီးနေကြပီ ပဲဗျာ..၊ ဗမာပြည်ထဲမှာထောင်ကျနေတဲ့သူတွေ နဲ့ တောထဲမှာသေခဲ့ပြီးတဲ့သူတွေကလွဲ ရင် ခုဘယ်မှာလဲ သေနတ်ကိုင်ပြန်ချနေတဲ့  ရှစ်ဆယ့်ရှစ်ကျောင်းသား၊ ဘယ်မှာလဲ ကိုယ်ကျိုးစွန့်အနစ်နာခံနေပါတယ် ဆိုတဲ့သူတွေ၊ မဆလခေတ်ကကောင်စီလူကြီးတွေလို အခွင့်ထူးခံနေသူတွေကိုပဲတွေ့ေ နရတော့ ရွှေ့ပြောင်း အလုပ်သမားတွေကြား နိုင်ငံရေးသမားချီးမွမ်းခန်း ဖွ င့်ပြောတဲ့ကျွန်တော့စကားတွေ ၊ ပုံပြင်လိုလို ပျက်လုံးလိုလို လှောင်ပြုံးခံနေရလေရဲ့..။
ဘယ်မှာလဲ ခင်ဗျားတို့လုပ်နေတဲ့နိုင်ငံရေး၊ ဘယ်မှာလဲတော်လှန်ရေး၊ ဘယ်ရောက်သွားပီလဲ၊ လက်တွေ့အလုပ်မပြောနဲ့ နိုင်ငံရေးစကားတောင် ၀တ်ကျေတန်းကျေ (ခင်ဗျားတို့ရနေတဲ့အထောက်အပံ့ေ တွ ရပ်မသွားယုံလောက်) ပြောနေကြတာမဟု တ်လား၊ တချို့ကသွားပြီ၊ နိုင်ငံတကာမှာ ရောက်သွားကုန်ပီ၊ ဗမာပြည်နဲ့ မိုင်ထောင်ချီဝေးတဲ့နေရာမှာသွား နေပြီး ဒီစစ်တပ်ကိုဘယ်လိုပြန်တိုက်မှာ လဲ၊ ကိုယ့်ဘာသာကျောင်းတွေတက် စီးပွားရေးတွေလုပ်နေကြပြီး အင်တာနက်ပေါ်မှာ ကိုယ်ရေသွေးပြ၊ ရန်ဖြစ်ကြနဲ့ ၊ ဆယ်ရေးတရေး ကိုးရေးတခါ သံရုံးရှေ့ဆန္ဒပြတာထက်ပိုမလာတော့ ဘူး၊ ဗမာပြည်သူတွေရဲ့အခြေနေမှန်ကိုလဲ အင်တာနက်ပေါ် တွေ့သလောက်နဲ့ ရမ်းဝေဖန်နေတာထက် ပိုပြီး မသိတော့ဘူး၊ ပြောကြည့်စမ်းပါဗျာ ခင်ဗျားတို့နိုင်ငံတကာရောက်သူေ တွ ဆက်လုပ်နိုင်မဲ့ နိုင်ငံရေးအလုပ်တွေကို..။
ကျွန်တော်တို့က ရှစ်ဆယ့်ရှစ်မှာတည်းက ခင်ဗျားတို့ ကိုထောက်ခံခဲ့တာပါ၊ ၁၉၉၀ မှာလဲ ကျောင်းသားတွေရဲ့ခွပ်ဒေါင်းအလြံ ကီးနဲ့ ဒေါ်အောင်ဆန်းစုကြည်ပါတီကိုပဲ မဲပေးခဲ့တာပါ၊ အဲဒီယုံကြည်မှုတွေကို အလွဲသုံးစားလုပ် ဖျက်ဆီးခဲ့တဲ့ အတွက် ခင်ဗျားတို့ကနေ့ထိမအောင်မြင်တာ၊ ကျွန်တော်တို့လဲသူများနိုင်ငံမှာ ခုလိုကျွန်ဖြစ် နေသေးတာပါ၊ ငြင်းမလား၊ ငြင်းရဲတဲ့သူရှိလား၊ ကျွန်တော်တို့မဲဆောက်ဟာ နိုင်ငံရေးမြို့တော်ပဲ၊ နိုင်ငံရေးသမား၊ တော်လှန်ရေးသမားပါဆိုတဲ့လူတွေ အကုန် ရှိတယ်၊ အဖွဲ့အစည်းအကုန်ရှိတယ်၊ စစ်တပ်မကောင်းဘူး၊ ဗမာပြည်ကအစိုးရမကောင်းဘူး၊ ဒါကြောင့်ငါတို့ဒီမှာ လူမျိုးခြားတွေ စော်ကားခံပြီးကျွ န်ဖြစ်နေရတာဆိုတာကိုသိတဲ့ ကျွန်တော်လိုအလုပ်သမား သိန်းနဲ့ချီရှိတယ်၊ ဗမာပြည်ကပြည်သူတွေမပြောနဲ့ မဲဆောက်မှာရှိတဲ့ အလုပ်သမားတွေကိုတောင် မစည်းရုံး နိုင်လို့၊ ယုံကြည်လေးစားအောင် မနေကြလို့ ခင်ဗျားတို့ ကနေ့ထိမအောင်မြင်တာ ။
ဘာထူးလဲ၊ ကျွန်တော်တို့မဲဆောက်ကအလုပ်သမားတွေအမြင်မှာ အဖွဲ့အစည်းကလူ ( နိုင်ငံရေးသမား၊ တော်လှန်ရေးသမား ) ဆိုတာတွေဟာ အခွင့်ထူးခံတွေပဲ၊ လူထူးတွေပဲ၊ ကျွန်တော်တို့နဲ့ ဘ၀တွေတခြားစီပဲ၊ ကျွန်တော်တို့က ဘတ်၇၀၀/ ၈၀၀တန်အခန်းလေးတွေကို နှစ်ဦးသုံးဦးစုနေကြရတယ်၊ ခင်ဗျားတို့တွေက တစ်ဦးကို ဘတ် ၂၀၀၀ ကနေသောင်းချီတန်တဲ့ အိမ်ေ တွခြံတွေနဲ့နေနိုင်တယ်၊ ခင်ဗျားတို့အိမ်တွေတိုင်းမှာ တီဗွီ, အောက်စက်, ရေခဲသေတ္တာ,အ၀တ်ေ လျှာ်စက် ဇိမ်ခံ ပစ္စည်းတွေအကုန်ရှိတယ်၊ ဆိုင်ကယ်တ၀ီဝီနဲ့သွားလာနေကြတယ်၊ တချို့ဆို ဘတ်သန်းချီတန်တဲ့ကားကြီးတွေနဲ့ (တခါတခါ ကျွန်တော်တို့ အလုပ်သမားတွေကို မတူမတန်သလိုနှိမ်ချတဲ့အကြည့်တွေ နဲ့ ကားပေါ်ကနေလှမ်းကြည့်နေတတ်သေးတယ် )၊ ခင်ဗျားတို့သားသမီးတွေကို ကျွန်တော်တို့အလုပ်သမားသားသမီးေ တွ အတွက်ဖွင့်ပေးထားတာပါဆိုတဲ့ ခင်ဗျားတို့ကိုယ်တိုင် ထူထောင်ထားတဲ့ ကျောင်းတွေမှာတောင် တန်းတူမထားကြပါဘူး၊ ထိုင်းကျောင်း၊ တရုပ်ကျောင်း၊ အင်တာနေရှင်နယ်ကျောင်းဆိုတာတွေ မှာပဲ ထားကြတယ်၊ ပစ္စည်းမဲ့လူတန်းစားအရေး၊ အလုပ်သမားအရေးကြွေးကြော်ခဲ့ဘူး တဲ့ ကွန်မြူနစ်ဆိုသူကြီးတွေက အစပဲလေ၊ ကျွန်တော်တို့က တလဘတ် ၂၀၀၀ လောက်ရဘို့ သူများကျွန်အဖြစ် အချိန်ပြည့်ပင်ပင်ပန်းပန်း လုပ်ေ နရချိန်မှာ ခင်ဗျားတို့က လစာ ငါးထောင် တစ်သောင်း သက်တောင့်သက်သာရနေကြတယ်၊ ကျွန်တော်တို့က တနပ်ငါးဘတ်နဲ့ ၀အောင်စားနေချိန် မှာ ခင်ဗျားတို့ကဆိုင်ကြီးဆိုင်ကော င်းတွေမှာ ဘတ်ရာကျော် အကုန်ခံစားနေကြတယ်၊ ကုန်ကုန်ပြောရရင်ဗျာ၊ ကျွန်တော်တို့အလုပ်သမားတွေ မရောက်နိုင် မသွားနိုင်တဲ့ ကာရာအိုကေ နိုက်ကလပ်၊ ဖာရုံ၊ အနှိပ်ခန်း၊ ဘီယာဆိုင်ကြီးတွေကို ခင်ဗျားတို့ပဲ ညတိုင်းလိုသွားနိုင် နေနိုင်ကြတယ်၊ ကဲ..ပြော၊ ဘယ်မှာလဲ ခင်ဗျားတို့ကိုယ်ကျိုးစွန့်နြေ ကတာပါဆိုတာ၊ ကျွန်တော်တို့ ပြည်သူတွေအတွက် အနစ်နာခံနေကြပါတယ်ဆိုတာ ဘယ်နေရာမှာမှ မတွေ့ရတော့ဘူး၊ ခင်ဗျားတို့ကရော ကျွန်တော်တို့ဆန့်ကျင်ရမဲ့ စစ်ဗိုလ်ချုပ်အသိုင်း အ၀ိုင်းက လူတွေရဲ့နေထိုင်မှုမျိုးတွေနဲ့ ဘာကွာတော့လဲ၊ ဒါပဲ၊ ကျွန်တော်တို့က စစ်တပ်အစိုးရမကောင်းမှန်းသိပါရဲ့  မဆန့်ကျင်ကြသေးတာ၊ ခင်ဗျားတို့ကိုပါ မယုံတော့လို့ပဲ ..။
ကျွန်တော်တို့အမြင်မှာ ခင်ဗျားတို့ဟာ ကျွန်တော်တို့ကိုပြလုပ်စားနေသူေ တွပဲ၊ မယုံဘူး၊ စစ်တပ်ကိုနာကျည်းသလို ခင်ဗျားတို့ကိုလဲ မယုံကြတော့ဘူး၊ ခင်ဗျားတို့ ဘာကော်မတီ၊ ဘာအဖွဲ့ဆိုပြီး တရားတွေလာဟော ဆွေးနွေးပွဲတွေလုပ် လုပ်နေတာ အလုပ်ရုံတရုံတရုံချင်းမှာရှိတဲ့ ဦးရေထဲက ဆယ်ရာခိုင်နှုန်းပြည့်အောင် တလေးတစားလာနားထောင်ကြရဲ့လား၊ အဲဒီပွဲကိုပြပြီး ခင်ဗျားတို့ အလုပ်ခံစားမှာ ကျွန်တော်တို့သိနေပြီ၊ ခင်ဗျားတို့ပြန်သွားပြီးရင် “အအေးလေးတလုံးနဲ့ အားနာပါးနာနားထောင်ပေးနေလိုက် ရတာ မတန်လိုက်တာဟယ်၊ ဘာမှလဲဟုတ်တာမဟုတ်ဘူး၊ သူတို့များဦးဆောင်ပြီးဝင်တိုက် မှာလားလို့၊ အလကားဟာတွေ” လို့ ပြောကျန်နေခဲ့ကြတာ ကြားနေရတဲ့ ခင်ဗျားတို့ကိုလေးစားခဲ့ဘူးတဲ့ ကျွန်တော် ရှက်လိုက်တာဗျာ၊ လာဟောပြောတဲ့ဆရာကြီးတွေကို ညဘက်ကျ ဖာရုံထဲဝင် သွားတာ၊ အရက်ဆိုင်ကြီးတွေထဲကနေထွက်လာတာေ တွ တွေ့ရတော့ ပိုဆိုးကုန်ရောပေါ့။
နလပိန်းတုံးတွေလို့ခင်ဗျားတို့ ထင်နေတဲ့ ကျွန်တော်တို့အလုပ်သမားတွေက အားလုံးသိပါတယ်ဗျာ၊ ကျွန်တော်တို့ပြည်သူတွေကိုဆက် အနိုင်ကျင့်ဘို့ သူတို့အာဏာ တည်မြဲဘို့ ရွေးကောက်ပွဲလုပ်မှာလဲသိပါတယ်၊ အဲဒီရွေးကောက်ပွဲကိုဆန့်ကျင်သင့် တာလဲသိပါတယ်၊ သံဃာသတ်ထားတာလဲသိပါတယ်၊ သန်းရွှေအပါအ၀င် အာဏာရူးတွေပြုတ်မှ ကိုယ့်တိုင်းကိုယ့်ပြည်မှာ လုပ်ကိုင်စားနိုင်မှာလဲသိပါတယ်၊ ခက်တာက ခင်ဗျားတို့ နိုင်ငံရေးသမား ၊တော်လှန်ရေးသမား နာမည်ခံထားသူ တွေက အကျင့်ကောင်းကောင်း လမ်းကြောင်းမှန်မှန်ဦးဆောင်ဘို့ ပါပဲ၊ ခင်ဗျားတို့အခန်းအနားတွေလုပ်တို င်းဖွင့်နေတဲ့ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်း လိုပေါ့၊ “ခင်ဗျားတို့ကိုယ်ကို စည်းကမ်းရှိကြဘို့ အခုထဲက စောက်ကျင့်တွေ အကျင့်ဆိုးတွေ ပြင်ကြဘို့လိုပီ”ဆိုတာမျိုး ခင်ဗျားတို့ပြန်ပြင်ရင် ရှစ်ဆယ့်ရှစ်လို ခင်ဗျားတို့ကို ထောက်ခံဘို့ ခင်ဗျားတို့နောက်ကလိုက်ပါဘို့ ကျွန်တော်တို့အသင့်ပါပဲ…။
စားကောင်းသောက်ဖွယ်တွေစားကာနီး တိုင်း ထောင်ထဲမှာအနေဆင်းရဲအစားဆင်းရြဲ ဖစ်နေမဲ့ ခင်ဗျားတို့ရဲဘော်တွေရဲ့မျက်နှာ တွေ၊ ငတ်မွတ်ခေါင်းပါးနေတဲ့ ကျွန်တော်တို့ပြည်သူတွေရဲ့ဘ၀တွေ မြင်ယောင်ပါဗျာ၊ ဖာရုံဘက်ကိုခြေမလှမ်းခင်၊ အရက်ပုလင်းကိုမဖွင့်ခင် စစ်တပ်ရဲ့ရက်ရက်စက်စက်ပစ်သတ်မှု ကြောင့် ကျဆုံးခဲ့ရတဲ့ ခင်ဗျားတို့ရဲဘော်တွေရဲ့မျက်နှာ တွေ၊ သူတို့သွေးနဲ့ရေးခဲ့ရတဲ့သမိုင်း တွေ မြင်ယောင်ပါဗျာ၊ ကိုယ့်ကိုယ်ကိုယ်ဘာလဲ၊ ဘာလုပ်မှာလဲ၊ ပြန်စဉ်းစား ကြည့်ကြပါ၊ ရှစ်ဆယ့်ရှစ်ကာလတွေကလို ခင်ဗျားတို့ကို ပြန်လေးစားပါရစေဗျာ….။
ကျွန်တော်တို့ကိုဦးဆောင်မှုပေး ပါ၊ ယုံကြည်လေးစားရလောက်တဲ့ နေထိုင်မှုတွေနဲ့ ကျွန်တော်တို့ အလုပ်သမားတွေကို ဦးဆောင်မှုပေးကြပါဗျာ…။
(မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦး-မဲဆောက်)
No comments:
Post a Comment