ကမ္ဘာလုံးပွဲ/ ကွဲ

ကမ္ဘာလုံးပွဲ/ ကွဲ
ခရမ်းပြာထက်လူ



ကိစ္စများမြောင် လူတို့ဘောင်မှာ
ဘောင်တွေ ထွက်ပြေးသွားကြတယ်
စည်းတွေ ရေတိုက်စားသွားကြတယ်

မတော်တဆတွေ အဆပေါင်းများစွာနဲ့
တည်ထွင်မှုတွေ ထွက်ပြေးသွားကြ
မတော်တဆတွေ အဆပေါင်းများစွာနဲ့
ဖျက်ဆီးမှုတွေ ပြေးဝင်လာကြ

တရားက လူကိုရှာနေပြီး
လူက ပြဿနာကို ရှာနေတယ်၊


ဒီကွင်းထဲမှာပဲ
ငါတို့အသင်းပြောင်းလို့မရ၊

ကားဘီးအောက်က
နားထင်ဆီပြေးဝင်လာတဲ့ လိပ်သည်းကျောက်လေး
တဖြည်းဖြည်း/ ကြီးလာတယ်

ကာဗွန်လျော့ချရေး
နျူကလီးယားလျော့ချရေး
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး
လူမှောင်ခိုပပျောက်ရေး
ငလျင်လှုပ်မယ်။
ရေကြီးမယ်။
မိုးခေါင်မယ်။
မုန်တိုင်းတိုက်မယ်။
ကမ္ဘာပျက်မယ်။
အသင်းပြောင်းလို့မရ။
ငါတို့ဆုတောင်းမယ်။

ခရမ်းပြာထက်လူ

မြန်မာသစ် ရသစုံမဂ္ဂဇင်း
အမှတ်- ၁၄၊ ဇွန်လ၊ ၂၀၁၀။

No comments: