နယူးဒေလီမြို့ လမ်းများပေါ်တွင် လျှပ်စစ်ဆိုက်ကားများ စတင်ပြေးဆွဲ

Eleven Media Group


အိန္ဒိယနိုင်ငံ၏မြို့တော် နယူးဒေလီတွင် လေထုညစ်ညမ်းမှုကို လျော့ချရန်အတွက် ကာဘွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု လုံးဝမရှိသည့် ဘက်ထရီသုံး လျှပ်စစ်ဆိုက်ကားများကို ဆက်သွယ်ရေးကုမ္ပဏီ မိုလာဖုန်းနှင့် သဘာဝပတ်ဝန်းကျင် အရေး လှုပ်ရှားသည့် အဖွဲ့တစ်ဖွဲ့က စတင်မိတ်ဆက်ခဲ့ကြောင်း သိရသည်။
        E-rick ဟု အမည်ရသော တစ်နာရီလျင် ၂၅ ကီလိုမီတာအထိ သွားနိုင်သည့် လျှပ်စစ်ဆိုက်ကားများကို နောက်ဆုံးပေါ် လျှပ်စစ်နည်းပညာ အသုံးပြု၍ ထုတ်လုပ်ထားပြီး ဆိုက်ကားကိုယ်ထည်ကို သံမဏိဖြင့် ပြုလုပ်ထားသည်။ မောင်းနှင်သူထိုင်ခုံနှင့် ခရီးသည်ထိုင်ခုံတို့ကို ပြန်လည်ပြုပြင် ထုတ်လုပ်နိုင်သော ပေါလီအီသလင်ဖြင့် ထုတ်လုပ်ထားကြောင်း သိရသည်။ ယင်းလျှပ်စစ်ဆိုက်ကားများကို နိုဝင်ဘာတွင် ပြုလုပ်မည့် ဓနသဟာယ အားကစား ပြိုင်ပွဲမတိုင်မီ အစီး ၄၀၀၀ ခန့် ပြေးဆွဲသွားရန် ဒေလီအာဏာပိုင်များက မျှော်မှန်းထားသည်။

        အိန္ဒိယမြို့ပြ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြို့ပြသယ်ယူပို့ဆောင်ရေး သိပ္ပံက ဆောင်ရွက်ခဲ့သော သုတေသနစီမံကိန်း၏ အကျိုးဆက်ကြောင့် လျှပ်စစ်ဆိုက်ကားများကို ထုတ်လုပ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း လျှပ်စစ်ဆိုက်ကား ထုတ်လုပ်သုံးစွဲရေးကို အဓိက ဦး ဆောင်လှုံ့ဆော်ခဲ့သော Eco-activate က ပြောကြားခဲ့သည်။ ယင်း လျှပ်စစ်ဆိုက်ကားများကို ယခင်အသုံးပြုနေသော လန်ချားများနေရာတွင် အစားထိုးသုံးစွဲသွားမည်ဟုလည်း  သိရသည်။ 

1 comment:

Anonymous said...

သတင်းကောင်းပဲဗျ..ပွတာပဲ..ကိုယ်တောင် မကြားလိုက်ဘူး..