အုတ်ခဲကျိုးဇော်ကြီး (သို့) သတ္တ၀ါတကောင်အကြောင်း (ဧရာဝတီသတင်းဌာန ဖြစ်ပေါ်လာခြင်းအစ)

၁၉၈၈ စက်တင်ဘာလမှာ စစ်တပ်ကအာဏာသိမ်းအပြီး မြန်မာနိုင်ငံ အရပ်ရပ်မှာရှိတဲ့ ကျောင်းသားလူငယ်တော်တော်များများဟာ လက်နက်ကိုင်တော်လှန်ရေး တရပ် ဆင်နွှဲဖို့အတွက် နယ်စပ်ဒေသတွေဆီ ထွက်လာကြတယ်။ တော်လှန်ရေး နယ်မြေထဲမှာ အစား အသောက်ဆင်းရဲဒါဏ်၊ ငှက်ဖျားဒါဏ်တွေခံစားရတာကြောင့် တချို့လဲပြည်တော်ပြန်ကြပြီ၊ တချို့လဲဘန်ကောက်မြို့ပေါ်တက်ပြီး U
NHCR မှာ ဒုက္ခသယ်အဖြစ်ခံယူပြီး၊ မြို့ပေါ်နိုင်ငံရေး ဆက်လုပ်ကြတယ်။ ကျနော့်ညီမလေးတယောက်လဲ အရေးအခင်းပြီး သူ့ သူငယ်ချင်းတွေနဲ့ ထွက်သွားတာလိုက်တာ လိုက်ရှာရင်း ညီမလေးကို ဘန်ကော်မြို့ Victory monument အနီး စနမ်းပေါဝ်ရပ်ကွက် ဆွိုင်ရ် လူးခြားမှာရှိတဲ့ JRS Jesuit Refugee Service မှာ ပြန်တွေ့ခဲ့ရပါတယ်။ Jesuit ဆိုတာ ကောင်းကျိုးအတွက်ဆို လိမ်ညာ သင့်ရင် လိမ်ညာရမယ်လို့ အယူအဆရှိတဲ့ ခရစ်ယန်ဘုန်းတော်ကြီး အုပ်စုဖြစ်ပြ်ီး ဒီအယူအဆနဲ့ဘဲ ဒုက္ခသယ်တော်တော် များများကို အကာအကွယ်ပေးနိုင်ခဲ့ပါတယ်။ 

JRS က ဘန်ကောက်ရောက် မြန်မာကျောင်းသားလေးတွေအချို့ကို ကာကွယ်စောင့်ရှောက်ထားပြီး အဲဒီကျာင်းသားလေးတွေကလဲ အချင်းချင်းပြန်လည်အကူအညီပေးဖို့ BSCSA Burmese Student Committee for Social Affairs ဆိုတဲ့ အဖွဲ့လေးဖွဲ့ထားကြ ပါတယ်။ ၁၉၉၀ လောက်က ကျနော် သူတို့လေးတွေကို သဘောကျပြီး ၀င်ရောက်ကူညီခဲ့ပါတယ်။ နောက်တော့ ကျနော့်အတွက် JRS ကအလုပ်အကိုင်အသစ်ကလေးဖန်တီးပေးပြီး Burmese Border Liaison Person အဖြစ်နဲ့ တာဝန်ယူရပါတယ်။ ကျနော် အလုပ် က အချုပ်ခန်းတွေနဲ့၊ အကျဉ်းထောင်တွေဆီက အမောင်တွေကို လိုက်တွေ့ပြီး အကူအညီပေးရတယ်၊ ပြင်ပမှာရှိနေတဲ့ ရဲဘော်တွေနဲ့ အဆက်အသွယ်လုပ်ပေးရတယ်။ (၂) ပါတ်တကြိမ်လောက် နယ်စပ်ဆင်းပြီး Camp တွေကိုဆန်နဲ့ဆေးဝါး ဝေပေးတဲ့ အလုပ်နဲ့ လူ့အခွင့်အရေး ချိုးဖေါက်ခံရတဲ့ သတင်းတွေစုစည်းပေးရပါတယ်။ အဲဒီအချိန်က IDC မှာ ဘဂုံးကုလား (ဘင်္ဂလားဒေ့ရှင်္) တွေကို တော်တော်အောက်ကျခံပြီး ပေါင်းခဲ့ရတယ်။ ဘဂုံးကုလားတွေဟာ ကျောင်းသားတွေထက် ဆယ်စုနှစ်တခုလောက် စောပြီး တောင်ကျော်လာခဲ့ကြတာဖြစ်တယ်။ သူတို့အလုပ်က ထိုင်းပုလိပ်ကို ဆရာမွေးပြီး တွန်းလှည်းနဲ့ ပလာတာလိုက်ရောင်းတယ်၊ ပြီးရင်
ကျောင်းသားတွေ ဘယ်မှာနေတယ်ဆိုတာ သတင်းပေးတယ်။ အခန့်မသင့်လို့ အဖမ်းခံရရင်လဲ ထိုင်းပုလိပ်က ဘဂုံးကလားကို တန်းစီးပြန်ခန့်ပြီး ဆက်ကြေးတောင်းခိုင်းတယ်။


IDC (Immigration detention Centre) ဆိုတာ နိုင်ငံတကာက အချုပ်သားတွေထားတဲ့ နေရာမို့ အမောင်တွေဟာ တတ်နိုင်သမျှ စု စည်းပြီးနေတာတောင် အခြားလူမျိုးတွေက ရန်စတာခံရတယ်၊ ထိုင်းပုလိတ်ရဲ့ ရိုက်နှက်ချင်းကို ခံရတယ်။ ရဲနည်လေးဆိုရင် နှာ ခေါင်းရိုးနဲ့ နံကြားတွေမှာ တော်တော်ထိခံထားရတယ်။ သြဇီ (သြစတြေးလျ) က ၀င်းအောင်တို့၊ နော်ဝေက အရှည်ကြီးအောင်ထွန်း၊ နယ်သာလန်က ရန်နိုင်၊ ကိုဘီစီ၊ ကနေဒါကကိုဝင်းသိန်း၊ မင်းသူရ၀င်းတို့ဆိုအသိဆုံးဘဲနေမှာပါ။ JRS မှာ ကျောင်းသားလေး (၂) ယောက်နဲ့ ဆုံခဲ့ဘူးပါတယ်၊ တယောက်က English major ကလို့ မိတ်ဆက်ပြီး၊ တယောက်ကတော့ ဘန်ကောက် ရောက်မလာခင် ရနောင်းမြို့မှာ သူဘယ်လို ကြက်ခြင်းတွေထမ်းပြီး ရပ်တည်ခဲ့ရတယ်ဆိုတာ သနားစဖွယ် ပြောပြရှာတယ်၊ နာမည်ကတော့ ကြည် ဇော်မိုးတဲ့။ ဒီတုံးကတော့ သိပ်သနားစရာကောင်းတဲ့ ကျောင်းသားလေးတယောက်ပါဘဲ၊ နောက်တော့လဲ အုတ်ခဲကြိုးလောက် အောင် ခေါင်းမာတဲ့ ရွံစရာ သတ္တ၀ါတကောင် ဖြစ်သွားတယ်။


သူ့ရဲ့ပထမဦးဆုံး စရွှေ့လိုက်တဲ့ အကွက်က ဘယ်သူမှမသိလိုက်ပါဘူး။ ဘာလဲဆိုတော့ သူနဲ့တွဲနေတဲ့ သူငယ်ချင်းကို သံရုံးကနေ တဆင့် မြန်မာပြည်ပြန်ဖို့ လှော်ပေးလိုက်တာပါ။ အဖမ်းအဆီးအရမ်းများလို့ စိတ်ဓါတ်အရမ်းကျနေတဲ့ အချိန် ပြည်တွင်းထဲကနေလဲ ပြည်ပနဲ့ ဆက်သွယ်ပြီး လုပ်လို့ရတယ်ဆိုပြီး လိုင်းချပေးလိုက်တယ်။ ဒါနဲ့ဘဲ English major က သူ့ရဲ့ဘော်ဒါ (နာမည်အတို ကောက်က YL)နဲ့ တခြားတယောက် (KM) တို့ သံရုံးကနေ တဆင့်မြန်မာပြည်ပြန်ကြတယ်၊ သူ့အတွက်ကတော ပြည်တွင်းမှာ အ ချိန်ကျရင်သုံးဖို့ ဒေါက်တိုင်တချောင်း ထောင်ထားနိုင်ခဲ့တယ်။ ABSDF ဟာ လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနေသလို။ လက်နက် ကိုင်တော်လှန်ရေး လမ်းစဉ်ကိုစွန့်ခဲ့တဲ့ ကျောင်းသားတွေဟာ (Overseas National Students’ Organization of Burma) ဆိုပြီး ဒီမိုကရေစီအရေး လှုပ်ရှားခဲ့ကြတယ်။ ONSOB ဟာ (Ramkamhaeng) ရမ်ကမ်ဟဲင် တက္ကသိုလ်ကျောင်းသားအဖွဲ့အစည်းနဲ့ ပေါင်း ပြီမြန်မာသံရုံးရှေ့မှာ မြန်မာ့ဒီမိုကရေစီအရေးအတွက် အကြိမ်ကြိမ်ဆန္ဒပြနိုင်ခဲ့သလို၊ ထိုင်းအစိုးရရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှု တွေ ကိုလဲ ခေါင်းငုံ့မခံဘဲ အပြည်ပြည်ဆိုင်ရာကသိအောင် မီးမောင်းထိုးပြနိုင်ခဲ့တဲ့ သမိုင်းအစဉ်အလာကောင်းတခုရှိခဲ့တယ်။

ဘန်ကောက်မြို့ပေါ်ရောက် ကျောင်းသားတွေရဲ့ ဘ၀ကလဲ သက်တောင့်သက်သာတော့မဟုတ်ပါဘူ။ ၁၉၉၁ လောက်မှာ အဖမ်းအ ဆီးအရမ်းကြမ်းပါတယ်။ ရွှေတွေလဲ ရှမ်းယောင်ဆောင်ပြီး နေကြတာပါဘဲ။ ဒါပေမဲ့လဲ ရိုးရာမပျက်၊ ဆေးပေါ့လိပ်သောက်တာ၊ မန္တ လေးဖိနပ်စီးတာ၊ ဆံပင်မညှပ်တာ၊ သုံးယောက်လောက်စုမိရင် ဂီတာတီးတာတွေကြောင့်လဲ ဖမ်းခံရတယ်။ အဖမ်းခံရလို့ လွှတ်ရင် နယ်စပ်ပြန်ပို့ပါတယ်၊ မြန်မာဘက်ခြမ်းအနီးမှာ လူတွေကို အမှိုက်လို သွားသွန်တာပါ။ လူကိုသွန်လို့ရတယ်ဆိုတာ အဲဒီတော့မှ သိရ တယ်။ မြန်မာဘက်ခြမ်း ရောက်သွားလို့ ကံဆိုးပြီး ကျောင်းသားမှန်းသိသွားရင် အန္တရာယ်အရမ်းကြီးသလို၊ ဘန်ကောက် ပြန်တက် ဖို့ကလဲ စရိတ်စကကြီးပါတယ်။ တချို့ကျောင်းသားတွေဆိုအိမ်မှာ ညမအိပ်ရဲဘဲ ညလုံးပေါက်ပြေးတဲ့ ဘစ်ကားတွေပေါ်မှာ ဂိတ်စ ဂိတ်ဆုံးစီးပြီး အိပ်ခဲ့ကြရပါတယ်။ ထိုင်းပုလိပ်ရဲ့ Walki-Talki က ရှဲရှဲမြည်သံကြားရင် နေမထိ ထိုင်မသာဖြစ်ရပါတယ်။ ဒီလိုနဲ့ တ နေ့ ညနေပိုင်း JRS ဧည့်ခန်းထဲမှာ ကျောင်းသားတော်တော်များများ ရောက်နေကြတယ်။ သူတို့ရဲ့မျက်နှာတွေဟာ သာမန်နေ့တွေ နဲ့မတူဘဲ ခက်ထန်နေတယ်၊ သူတို့ဟာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တခုကို အများသဘောတူ ဆုံးဖြတ်ကြဖို့ ပြင်ဆင်နေကြတယ်။ မှတ်မှတ်ရရ မြန်မာသံရုံးကိုဝင်စီး၊ န၀တ အလံကိုဖြုတ်ချပြီး ခွတ်ဒေါင်းအလံကို တင်ခဲ့တဲ့ ဂျော်နီလဲပါဝင်ခဲ့ပါတယ်။ အဲဒီ့အချိန်မှာ ကြောက်စိတ်တွေကြောင့် ခြေမကိုင်မိ လက်မကိုင်မိဖြစ်ပြီး တုန်တုန်ရီရီနဲ့ (ဟေး ပျော်တယ်ဟေ့ ငါတို့တော့ မနက်ဖန်သွား အဖမ်ခံ တော့မယ်) ဆိုပြီး အကြောက်ပြေ လာပြောတာကတော့ ကြက်ခြင်းထမ်းခဲ့တဲ့ အကြံသမား ကျောင်းသားငယ်လေးဖြစ်ပါတယ်။

သူတို့ဟာ UNHCR က အသိအမှတ်ပြုခံထားရတဲ့ ဒုက္ခသယ်တွေဖြစ်ပေမဲ့ ထိုင်းအစိုးရကဖမ်းဆီးပြီး ပြန်ပို့နေတာတွေကို အပြည် ပြည်ဆိုင်ရာက အလေးထားလာဖို့အတွက် မနက်ဖန်မှာ သတင်းဌာနတွေကို အသိပေးပြီး လ၀က ရှေ့မှာဆန္ဒပြကြမှာဖြစ်ပါတယ်။ သတင်းတွေထုတ်ပြန်ဖို့က BSCSA ရဲ့ Information group ကနေတာဝန်ယူရမှာပါ။ တာဝန်ပေးခံရတာတော့ ဇော်ဇော်ပါ။ ဒါပေမဲ့ တာဝန်တွေအားလုံး ခွဲဝေပြီးတဲ့ အခါမှာတော့ အကြံသမား ကျောင်းသားငယ်လေးဟာ ဇော်ဇော်တယောက်ထဲ တာဝန်တွေကို မနိုင် မှာ အကြောင်းပြပြီး နောက်ချန်နေခဲ့လိုက်တယ်။ အကြောင်းပြချက်ကလဲ ကောင်းပါတယ်။ ဇော်ဇော်ဟာ အမေရိကားကို scholar နဲ့ သွားဖို့အတွက် visa ရပြီ ဖြစ်နေလို့ပါဘဲ။ နောက်တနေ့မှာတော့ သူတို့ရဲ့ ဆုံးဖြတ်ချက်အတိုင်းဘဲ ဘန်ကောက် လ၀က ရုံးရှေ့မှာ အင်္ကျီအဖြူရောင်လက်ရှည်၊ ဘောင်းဘီအနက်ရောင်ဝတ်ပြ်ီး ဆန္ဒပြ အဖမ်းခံကြပါတယ်။ သူတို့ဟာ စနစ်တကျ တန်းစီထိုင်ပြီး ကျောင်းသားတွေကို ဖမ်းတာမရပ်ရင် ငါတို့ကို ဖမ်းပါဆိုပြီး ဆန္ဒပြကြတော့ နိုင်ငံတကာရဲ့ မီဒီယာရှေ့မှာ ဒီအတွေ့အကြုံမျိုး မရှိခဲ့ တဲ့ ထိုင်းအာဏာပိုင်တွေ အခက်တွေ့ခဲ့ရပါတယ်။ ထိုင်းအာဏာပိုင်တွေက နိုင်ငံတကာရဲ့ မီဒီယာရှေ့မှာ ဖမ်းဆီးဖို့ ခက်နေတဲ့အ တွက် ကျောင်းသားတွေကို မဖမ်းဘဲ ပြန်လွှတ်ပါတယ်၊ ဒါပေမဲ့ ဘာကတိစကားမှ မရတဲ့အတွက် ကျောင်းသားတွေကလဲ ဆက် လက်ဆန္ဒပြကြတယ်။ နောက်ဆုံးမှာတော့ ကျောင်းသားအားလုံး ယောင်္ကျားလေး ၃၅ ယောက်၊ စိုးလွင်၊ ညီညီ၊ နီထွန်း၊ စိုးစိုး၊ ပြည် ကြီး၊ ကျော်နီ၊ ငွေစိုး စသည်တို့ပါပြီး၊ မိန်းခလေး ၃ ယောက်ကတော့ ညီမငယ် မြင့်မြင့်စန်း၊ ဖိုးသက်နဲ့ ဖွားဖွားတို့ အဖမ်းခံခဲ့ကြ တယ်။ သူ့ကောင်မလေးပါသွားလို့ ရင်ကွဲနာကျပြီး ကျန်ခဲ့ရတာကတော့ ကိုယဉ်ထွေးပါဘဲ။

သူ့ခမျာ တော်တော်ခံစားလိုက်ရပါတယ်။ ကျောင်းသားတွေကို ထိမ်းသိမ်လိုက်ပြီးတဲ့နောက် ဘာသတင်းမှမရတော့ပါဘူး၊ ဘယ်နေ ရာမှာ ထားတယ်ဆိုတာတောင် မသိရတော့ပါဘူး။ တော်တော်စိတ်ပူစရာကောင်းတဲ့ အခြေအနေပါဘဲ။ JRS မှာလဲ တော်တော် အ ပြောင်းအလဲတွေ ဖြစ်သွားတယ်။ ဇော်ဇော်က အမေရိကားထွက်သွားပြီး၊ အုပ်ချုပ်ရေးပိုင်းက Father Tom က အမေရိကား ပြန် သွားတယ်။ သူနေရာမှာ Alan နဲ့ Dennis ဆိုတဲ့ (Aussie) မိသားစု ရောက်လာကြတယ်။ Alan က Baptist တရားဟောဆရာပါ။ သူ က စာရေးတာဝါသနာပါပြီး ရောက်ရောက်ခြင်းဘဲ news journal လေးထုတ်ဖြစ်အောင် ကြိုးစားခဲ့တယ်။ အင်္ဂလိပ်စာအရေး အ သားအတွက်လဲ အကူအညီပေးခဲ့တယ်။ JRS ခြံဝင်းထဲ ရုံးခန်းရဲ့ မျက်စောင်းထိုးမှာ Bertil Lintner က အိမ်ခန်းလေးတခန်းငှား နေ ပါတယ်၊ ၀င်ဝင်ခြင်းဘယ်ဖက်မှာပါ။ သူ့ကို အကူအညီပေးနေတဲ့ အေးချမ်းနိုင်တို့၊ မသီတာတို့ကလဲ DVB မှာ တာဝန်ထမ်းဆောင်ဖို့ နော်ဝေးကိုသွားကြပြီ။ ကြက်ခြင်းထမ်းခဲ့တဲ့ လူငယ်လေးကတော့ တပည့်လိုနေတဲ့ Bertil Lintner နဲ့ စာသင်ပေးလိုတဲ့ Alan အကူ အညီနဲ့ journalist ပညာသင်ဖို့ အခွင့်သာသွားတယ်။ (ဒါကတော့ လူငယ်တိုင်းကြိုးစားရမဲ့ တာဝန်မို့ ကောင်းတဲ့အလုပ်လို့ဘဲ မြင်ပါ တယ်) သူက ညနေစောင်းရင် မြန်မာလွယ်အိတ်ကလေးလွယ်ပြီး Foreign correspondent club ကိုသွားတတ်နေပြီ၊ ဘန်ကောက် ကျောင်းသားတွေထဲမှာ လုပ်ရည်ကိုင်ရည်ရှိတဲ့ သူတွေတော်တော်များများကလဲ ထောင်ထဲရောက်နေကြတာမို့ ကျောင်းသားတွေရဲ့ သတင်းတွေအတွက် သူဟာအရေးပါတဲ့ နေရာကိုရောက်သွားတယ်။ ဒါပေမဲ့ဘယ်တုံးကမှ JRS အပြင်ထွက်ပြီး ကျောင်းသားထုရဲ့ အသံကို နားမထောင်ခဲ့ဘဲ လုံခြုံတဲ့နေရာမှာ နေထိုင်ပြီး ကိုယ့်စိတ်ကြိုက် အာဘော်တွေကို သွားဖလှယ်နေတာသာဖြစ်တယ်။ သူတ ယောက်ထဲ မျက်နှာရနေတဲ့ အပေါ်မှာလဲ တော်တော်ကျေနပ်နေပုံရပါတယ်။ 

သတ္တ၀ါတကောင် အဖြစ်ကိုပြောင်းသွားတဲ့ လုပ်ရပ်ကတော့ BSCSA ရဲ့ သတင်းဌာနကို သူ့ရဲ့သတင်းဌာနအမည် ပြောင်းခဲ့တာပါ ဘဲ။ ပြောင်းလိုက်တဲ့ သတင်းဌာနအမည်ကတော့ BIG (Burma Information Group) ပေါ့။ နာမည်ကိုကြည့်ရင် သူ့ရဲ့ ပင်ကိုယ် စိတ်ထား ကြီးကျယ်တာကို တွေ့ရမှာပါ။ နေ၀င်းလိုကောင်မျိုးကို အာဏာအပ်မိသွားပြီ။ တကြိမ်မှာဆို တော်တော်လေး စိတ် အနှောက်အယှက်လဲဖြစ် ဒေါသလဲဖြစ်ခဲ့ရတယ်။ ONSOB ဥက္ကဌ ကိုသီဟရဲ့ သတင်းပါဘဲ။ ကျနော်က IDC သွားနေတော့ ဘယ်သူ တွေ ဘယ်နေ့လွတ်မယ်၊ ဘယ်သူတွေဆီက လွတ်လာတဲ့သူအတွက် ဘယ်လို အကူအညီပေးရမယ်ဆိုပြီ အသိပေးပါတယ်။ IDC က လွတ်တဲ့နေ့မှာ ရနောင်းကိုပို့ရင် ပြန်တက်လာရတာခက်တယ်။ ရနောင်းကနေ ကော့သောင်ဖက်ကမ်းကို လှေနဲ့ပို့ရင်လဲ ထောက် လှမ်းရေးနဲ့ တိုးမှာမို့ ထိုင်းပုလိပ်နဲ့ ငွေပေးပြီး စံခလဘူလီဘက်ကိုထွက်ကြတယ်။ စံခလဘူလီ ဘက်ကတော့ နေ့ခြင်းပြန် တက်လာ လို့ရတယ်။ ကျနော် ကိုသီဟနဲ့ မတွေ့ခဲ့ရဘူး၊ ဒါပေမဲ့သူထွက်မှာကတော့ သေခြာနေပြီ၊ မတော်တဆ သူ့ကိုထောက်လှမ်ရေးကနေ ဖမ်းသွားခဲ့ရင် မီဒီယာကနေအော်ပေးဖို့နဲ့ သူစိတ်ချရတဲ့နေရာ ရောက်မှ ဒီသတင်းကိုထုတ်ဖို့ပါဘဲ။ ကျနော်ဒီသတင်းကိုယူလာပြီ JRS မှာ ပေးပါတယ်။ သေသေခြာခြာလဲ မှာခဲ့ပါတယ် ကိုသီဟ လုံခြုံတဲ့ နေရာရောက်မှ ဒီသတင်းကိုထုတ်ပါလို့။ နောက်နေ့ ကျနော် လဲ JRS ရောက်ရော သတင်းစာကိုင်ပြီး သူပို့လိုက်တဲ့ သတင်းပါလာတယ်ဆိုပြီးရှောက်ကြွားနေတဲ့ သတ္တ၀ါကိုတွေ့လိုက်ရတယ်။ အေးဗျာ ကိုယဉ်ထွေးတို့ ချက်ချင်းစုံစမ်းပေးမှ ကိုသီဟပြန်ရောက်နေတာ သိရပြီး စိတ်အေးရတော့တယ်။ အပေါ်ယံရှပ် ကြည့်ရင် တော့ သတင်းဦးလေးပို့ယုံဘဲထင်ရတာ တကယ်တော့သူ့နေရာမှာ တခြားသူတွေမရှိရအောင်ရှင်းလိုက်တာပါ။ ကျနော်ကိုသီဟကို ဒီနေ့ထိ မတောင်းပန်ရသေးဘူး၊ လိုင်းပေါ်ကနေ ဒီစာနဲ့ဘဲ တောင်းပန်လိုက်ပါတယ်။

JRS ခြံဝင်းရဲ့ ၀င်ဝင်ခြင်းညာဖက် အဆောက်အဦးဟာ ဧည့်ခန်းဖြစ်ပြီး၊ ရုံးဝန်ထမ်းတွေ ထမင်စား ကော်ဖီသောက်ကြပါတယ်။ အ ပေါ်ထပ်ကိုတော့ မြန်မာကျောင်းသားတွေ ရုံးခန်းလုပ်ထားပါတယ်။ ပြင်ပကဧည့်သယ်တွေလာရင် အောက်ထပ်နေရာလေးမှာဘဲ ဧည့်ခံကြပါတယ်။ ABSDF က ကျောင်းသူ မရီရီထွန်း ငှက်ဖျားပိုး ဦဏှောက်ထဲဝင်ပြီး ဆေးရုံမှာ မဆုံးမီအထိ အပေါ်ထပ် အခန်း လေးထဲမှာ နေသွားပါတယ်။ ကျနော်မှာ ဦးဝင်းတင်ဆိုတဲ့ မိတ်ဆွေ တဦးရှိပါတယ်။ ဦးဝင်းတင်က ရနောင်းက မြန်မာတွေကို အရမ်း အကူအညီပေးတဲ သူဌေးချိုချိုင်းရဲ့ လူယုံဖြစ်ပါတယ်။ IDC ကနေလွှတ်လိုက်တဲ့ ကျောင်းသားတချို့ ဦးဝင်းတင် အကူအညီနဲ့ သူ ဌေးချိုချိုင်းရဲ့ ငါးခြောက်ဂိုဒေါင်မှာ ခိုလှုံခဲ့ရဘူးပါတယ်။ တနေ့ မိတ်ဆွေကြီး ဦးဝင်းတင်က ပြောလာတယ်၊ သူစိတ်တိုနေပုံလဲ ရပါ တယ်။ (ကျနော် ဒီကောင်ကိုရိုက်မိတော့မယ်တဲ့) ဒါနဲ့ အကျိုးအကြောင်း မေးကြည့်တော့၊ နယ်စပ်ကတက်လာတဲ့ ကျောင်းသား လေးတယောက် ရေတောင်းသောက်တယ်တဲ့ ရေသောက်ပြီးတော့ ခလေးကခွက်ကို မဆေးဘဲချထားလိုက်တယ်၊ အဲဒါကိုခွက်ကို ယူပြီး အဲဒီကျောင်းသားလေး ရှေ့မှာ ရေဆေးပြနေတာ မပြီးတော့ဘူးဗျာတဲ့၊ ကြေကြေကွဲကွဲပြေရှာတယ်။ တကယ်တော့ နယ်စပ် က တက်လာတဲ့ ခလေးတွေက တော်တော်သနားစရာကောင်းပါတယ်။ အဟာရကလဲချို့တဲ့၊ ငှက်ဖျားကလဲပါလာ၊ အ၀တ်အစားက လဲ မတော်တရော်၊ တချို့က တောလမ်းကအသက်စွန့်ပြီးတက်လာ၊ အသားအရေကလဲ ညစ်ပေပေနဲ့ဆိုတော့၊ တော်တော်လေး နှိမ့်ချခံကြရတယ်။ မတူမတန်သလို အမူအရာလုပ်ပြတာ၊ ဖိုင်တွဲကြီးပိုက်ပြီး အလုပ်များနေတဲ့ပုံစံနဲ့ ရုံးခန်းတွေကူးချည်သန်းချည် လုပ်ပြတာလဲ ခံကြရတယ်။ ကျနော်ကတော့ ပုံမှန်ပါဘဲ။ နယ်စပ်သွားတယ်၊ အချုပ်ခန်းတွေလဲ ပုံမှန်သွားကြည့်ဖြစ်ပါတယ်။

ဒီအတောအတွင်းမှာ စိတ်အနှောက်အယှက်နဲ့ ကြုံလာရပြန်တယ်။ IDC က ပြန်ရောက်ရင် IDC ထဲကနေ UNHCR ရုံးလေးမှာရှိတဲ့ သူ ငယ်ချင်းတွေဆီ ပေးလိုက်တဲ့စာတွေနဲ့ IDC ထဲက ထူးတဲ့သတင်းတွေ JRS မှာ ၀င်ပေးပါတယ်၊ အဲဒီစာတွေကို ကိုယဉ်ထွေးက ရုံး လေးပို့ပေးပါတယ်၊ ပြီးတော့ သူပြန်ပေးတဲ့ ရဲဖမ်းခံထားခံရတဲ့သူတွေရဲ့ နာမည်စာရင်းနဲ့ IDC ထဲမှာ လိုက်ရှာပေးရတယ်။ ဒါပေမဲ့ (၂) ရက် (၃) ရက်လောက်ရှိနေပြီ JRS ရုံးခန်းတခါး ပိတ်ပိတ်ထားတော့ အမောဆို့ဆို့သွားတယ်။ ရုံးခန်းထဲမှာ လူရှိနေတာ ကျနော် သိနေတယ်။ ကိုယဉ်ထွေးကိုတော့ မှာခဲ့ပါတယ် နေ့ခင်းရုံးခန်းပိတ်မထားဖို့၊ ဒါပေမဲ့လဲမထူးပါဘူး။ ဘာဖြစ်လို့ ပိတ်ထားတာလဲ ပြောရရင်တော့။ JRS ကို ၀င်ထွက်နေတဲ့ Canadian မတယောက်ရှိတယ်၊ သူ့နာမည်က Monique ပါ။ သူက အမောင်တွေကို လာ ပြီး အီစီကလီ လုပ်နေတာ။ JRS မှာ ရွေးစရာတွေက များနေတော့ သူလဲ အိုက်စကလင် လုပ်နေရတာပေါ့။ ဒါပေမဲ့ သူ့ကို သတ် သတ်မှတ်မှတ်ထားပြီး အသိအမှတ်ပြုပေးထားခံရတဲ့ သူတယောက်လဲရှိတယ်။ အဲဒီကျောင်းသားလေးကတော့ IDC မှာ သွားအဖမ်း ခံတဲ့အထဲ ပါသွားပြီး ဘယ်ရောက်နေမှန်းမသိရသေးဘူး။ ခုတော့ Canadian မလဲ ရွေးစရာလူမရှိတော့ဘဲ ရုံးခန်းတံခါးပိတ်ပြီး စာ သင်တဲ့ အဆင့်ရောက်သွားတော့တာပါဘဲ။ SDC ထဲ က ကိုယ့်ရဲဘော်တယောက်ဘယ်လို ခံစားရမလဲ။

ဒီလိုနေရင်းနဲ့ဘဲ ကျောင်းသားတွေကို SDC (Special Detention Centre) ပို့လိုက်တယ်လို့ ကြားရပါတယ်။ IDC ထဲက ကျောင်း သားအချို့ကိုလဲ SDC ပို့လိုက်လို့ SDC ထဲမှာ ကျောင်းသား ၅၀ လောက်ဖြစ်သွားတယ်။ သူတို့ထက်အရင် လေယာဉ်ပြန်ပေးဆွဲမှု့နဲ့ နှစ်ရှည် ထောင်ချခံထားရတဲ့ ရဲရင့်နဲ့ ရဲသီဟဆိုတဲ့ ကျောင်းသား ၂ ယောက်လဲရှိသေးတယ်။ သတင်းတွေကတော့ မြန်မာပြည် ပြန် ပို့မယ်၊ ကျောင်းသား camp အသစ်ဖွင့်ပြီး အရင်ဆုံးအသုတ်အနေနဲ့ ထည့်မယ်၊ တွေ့ခွင့်ပေးမယ်၊ စသည်ဖြင့်ပေါ့။ နောက်တော့ တွေ့ခွင့်ရပြီဆိုတဲ့ သတင်းကြားရလို့ အရမ်းဝမ်းသာတယ်။ ခြေမကိုင်မိ လက်မကိုင်မိနဲ့ စိုးရိမ်ကြောက်လန့် နေတာကတော့ ဟိုသတ္တ ၀ါလေးဘဲ၊ အခွင့်ကောင်းကို အမိအရဖမ်းပြီး တကိုယ်ရည် journalist တယောက်ဖြစ်ဖို့ ကြိုးစားနေတာကလွဲလို့ ဘာမှမယ်မယ်ရရ မလုပ်ထားခဲ့တော့ SDC ကို ထောင်ဝင်စာတွေ့လို့ရတဲ့အချိန် ဘာသတင်းစကားမှမပါးနိုင်ခဲ့ဘူး။ အထဲကသူတွေ စိတ်ဓါတ်မကျ အောင် အပြင်မှာလဲ အရမ်းကြိုးစားနေပါတယ်ကွာ ဆိုပြီး ချွေးသိပ်ခဲ့ရတယ်။ တကယ်ပါလုပ်ရည်ကိုင်ရည် ရှိပြီးအပြင်မှာ ကျန်နေတဲ့
ဘယ်ကျောင်းသားမှ JRS မှာ လာပြီး ဆွေးနွေးတာလဲ မတွေ့ရသလို ကိုယ်တိုင်လဲသွားပြီး ဆွေးနွေးတိုင်ပင်လာတာမကြားမိဘူး။ SDC အထဲမှာလဲရက်တွေ ကြာလာတော ဦးဆောင်ခဲ့သူတွေလဲ အကွိုင်ခံနေရပြီ။ သတ္တ၀ါလေးကြည့်ရတာ ရဲဘော်ရဲဘက်တွေ လွတ်လာမှာ အရမ်းစိုးရိမ်နေပုံရတယ်။ သူဟာ အခုရနေတဲ့အခင်းအကျင်းမျိုးမှာ သာယာနေပြီး ထိမ်းသိမ်းခံထားရသူတွေ လွတ် လာရင် သူ့ကို လွှဲခဲ့တဲ့လုပ်ပိုင်ခွင့်တွေကို ပြန်မအပ်နိုင်တော့ဘူး (အာဏာရူးဖြစ်သွားတာပေါ)။

SDC က ကျောင်းသားတွေ လွတ်လာတော့မယ် ကြားရလို့ ကျနော်တို့တတွေအားလုံး ၀မ်းသာနေတဲ့အချိန် သူတော်တော်ခြောက် ခြားနေပြီဖြစ်တယ်။ ဒါနဲ့ဘဲ (၉) လနီးပါးမှာ SDC က ကျောင်းသားတွေလွတ်လာတယ်၊ ကျနော်အမှန်အတိုင်းဘဲရှင်းပြလိုက်တယ်။ သူတို့လဲ တော်တော်ကြေကွဲနေပုံရပါတယ်။ အရာရာဟာ ပြောင်းလဲနေပြီး နွေးထွေးစွာကြိုဆိုမှုကို မရတဲ့အပြင်၊ လက်တွဲခေါ်ယူဖို့ကို ကန့်ထားသလိုဖြစ်နေတယ်၊ ရဲဘော်ရဲဘက်တွေဟာ သူနဲ့တစိမ်းတွေလို ရှိန်နေကြတယ်။ တနေ့မှာတော့ သူတို့အစည်းအဝေး တရပ် ခေါ်ပြီး ခေါင်းဆောင်လုပ်မဲ့သူ အသစ်ပြန်ရွေးတဲ့အခါ၊ အဲဒီသတ္တ၀ါရှုံးသွားပါတယ်၊ ဒါပေမဲ့ နေရာဖယ်ပေးဖို့ ဝေ့လည်ကြောင်ပတ် လုပ်နေပါတော့တယ်။ ထိုင်းအာဏာပိုင်တွေကို သတ္တိပြခဲ့တဲ့သူတွေဟာ လေးစား အသိအမှတ်ပြုခြင်း မခံရဘဲ လူသစ်ကလေး တွေလို ပြန်ဖြစ်နေတော့ မကျေနပ်မှု့တွေဟာ ထိမ်းချုပ်မရဘဲ သူတို့ထဲက စကားနဲပြီး အအေးဆုံးကျောင်းသားလေးတယောက်က အုတ်ခဲနဲ့ သတ္တ၀ါကို ထုလိုက်ပါတော့တယ်။ အုတ်ခဲလဲကျိုး သတ္တ၀ါလဲဆေးရုံပို့လိုက်ရတယ်။ ဆေးရုံကတော့ ဘန်ကောက်မြို့၊ ဗဟို ယိုထင် လမ်းမကြီးပေါ်မှာရှိတဲ့ ဖရထိုင်း ၂ ဆေးရုံပါ။ ခေါင်းမှာလေးငါးချက်လောက် ချုပ်လိုက်ရပြီး၊ နှစ်ညလောက် ဆေးရုံတက် လိုက်ရပါတယ်။ 

အကြမ်းဖက်ခြင်းဟာ မှားယွင်းတဲ့လုပ်ရပ်ဆိုတာ နားလည်ပါတယ်၊ အဲဒီကျောင်းသားငယ် မှားသွားတယ်၊ ဒါပေမဲ့ အပြစ်ရှိပြီး တာ ၀န်ရှိတာ ကျနော်ဖြစ်ပါတယ်။ ကျနော်ရဲ့ ခံစားချက်ကိုဦးစားပေးတဲ့ စကားတွေကြောင့် ဒေါသပေါက်ကွဲရတာသာဖြစ်တယ်။ ကျနော် ဆေးရုံကို မသွားခဲ့ဘူး၊ ဆေးရုံသွားကြည့်တဲ့ သူတွေကတော ပြောပြတယ်၊ အဖြူတွေရှေ့မှာ “ပဲ” တွေ အရမ်းများပြတယ်တဲ့။ ဆေး ရုံကုတင်ပေါ်မှာတောင် သနားသွားအောင် lobby လုပ်လိုက်သေးတယ်။ Alan ရဲ့ ဇနီး Dennies ကတော့ အရမ်းဝမ်းနည်းပြီး စိတ်မ ကောင်းတော်တော်ဖြစ်ရှာတယ်၊ Dennies က စိတ်ထားသိပ်ပြီးနူးညံ့တယ်၊ ဘာအကူအညီသွားတောင်းတောင်း မရရအောင် ကြိုး စားပြီး ချက်ချင်းတုံ့ပြန်တယ်၊ သူ့ကို စိတ်မကောင်းစရာသတင်းသွားပြောမိရင် သူကပိုပြီးထိခိုက်လွယ်တယ်။ Dennies မသိလိုက် တာကတော သူ့နောက်ကွယ်မှာ ဒီသတ္တ၀ါက ( ဒီကောင်မလေး အရမ်းကိုနန့်တယ်) လို့ ပြောခဲ့တာပါဘဲ။ Dennies က သူ့အမေအ ရွယ်လောက်ရှိပါတယ်။ ဒါနဲ့ ကျနော်လဲ မပျော်တော့တာနဲ့ JRS က အလုပ်ထွက်လိုက်ပါတယ်။ နောက်တော့ BIG ကနေ ဧရာဝတီ သတင်းဌာနဆိုပြီး ပြောင်းသွားတယ် ကြားတယ်၊ ကျနော် ဧရာဝတီသတင်းကိုမဖတ်ပါဘူး။ ပုဂ္ဂိုလ်ရေးအရ ရွံလွန်းလို့ပါ၊ ဒါပေမဲ့ links တွေကနေ ရောက်သွားတော့လည်း ကျနော့်ညီငယ်လေးတွေ (ရဲနည်၊ ကိုသက်) ဧရာဝတီမှာ လုပ်နေတာဘဲလေဆိုပြီး ဖြေပါ တယ်။ 

ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့ကို စော်ကားပြီး အင်တာနက်ဟက် လုပ်ခံရတယ် ပြောတာလဲကြားပါတယ်။ ကို ကျော်သန်းတယောက် နပိုလီယံဆိုပြီး ရေးလိုက်တာတွေ့တယ်။ နပိုလီယံနဲ့ နှိုင်းရင်တော့ နောက်ကွယ်မှာ ဟားတိုက်တာခံရတာ မြင်မိတယ်။ သူ့ဗီဇက သူဆွလိုက်လို့ သူများဒေါသထွက်သွားရင် ဟားတိုက်တတ်တဲ့ မညှိုးလုံးဗျ။ မန္တလေးမှာ ကိုထွန်းအောင်ကျော် ရဲ့ညီမ မသင်းသင်းနဲ့ မချောအိဖြူတို့ကို ချိုးလိုက်တဲ့ အချိုးမျိုးတွေ JRS မှာ နယ်စပ်ကလာတဲ့ ကျောင်းသားတွေအပေါ် ဆက်ဆံခဲ့ တာ ပြန်မြင်မိတယ်။ မြောက်ပိုင်းကိစ္စ သူကအစောဆုံး ၁၉၉၆ က စခဲ့တာပါတဲ့၊ ဟုတ်ပါတယ်။ အဲဒီအချိန်က အတိုက်အခံတွေ ဘက်မှာ ဒီသတင်းကို မပျံ့စေခြင်သေးဘူး၊ အတိုက်အခံ အင်အားလျော့သွားမှာ စိုးတယ်၊ တချို့လည်းမြောက်ပိုင်းမှာ တကယ်ဘဲ သူလျှို ၀င်ခဲ့တယ် ထင်ကြသလို၊ လွတ်မြောက်လာသူတွေ ကိုယ်တိုင်က သူတို့လေးစားဂုဏ်ယူခဲ့တဲ့ ABSDF ရဲ့ ဂုဏ်သိက္ခာကို ငဲ့ညှာပြီး ခုလို ဖွင့်ဟမပြောကြသေးဘဲ ကာလတခုကို စောင့်ဆိုင်းနေတဲ့အချိန်မှာ သတင်းဦးအနေနဲ့ သတင်းဌာန နာမည်ရဖို့အ တွက် အတိုက်အခံ အချင်းချင်းနှိပ်ကွပ်လိုက်တာပါ။ မြောက်ပိုင်းက လွတ်မြောက်လာတဲ့ ကျောင်သားတွေရဲ့ သဘောထားကြီးမှုနဲ့ သည်းခံ စိတ်ရှည်မှုကလဲ အံ့သြစရာပါဘဲ။ နောက်တကြောင်းက NGO လောကထဲက Donor ငွေတွေရှယ်ပြီး ယူနေရတဲ့ သူတ ယောက် (ကိုနိုင်အောင်) ကိုရှင်းလိုက်ရင် သူ့ဆီငွေတွေ ပိုပြီးစီးဆင်းလာဖို့အတွက်ပါ။ မြောက်ပိုင်းက ကျောင်သားတွေကို ကရုဏာ သက်လို့တော့ ဖြစ်ဟန်မတူပါဘူး။ မရိုးနိုင်တဲ့ ဟင်္သာကိုးသောင်းဇာတ် ခင်းလိုက်တာပါဘဲ။ လက်ရှိအခြေအနေမှာတော့ တခြားသ တင်းထောက်တွေလဲ ရေးနေကြတာမို့ သတင်းဦးမဟုတ်တော့တဲ့အတွက် မြောက်ပိုင်းကိစ္စက သေးသေးလေးဖြစ်သွားတာပေါ့။

(၈၈) အရေးအခင်းက ထွက်လာခဲ့တဲ့ ကျောင်းသားတွေဟာ အနာဂါတ်တွေ ပျောက်မှာစိုးရိမ်လို့ တတိယနိုင်ငံတွေထွက်ပြီး ပညာ လဲသင် နိုင်ငံရေးလဲလုပ်ဖို့ ကြိုးစားကြတယ်။ တကယ်တန်းမှာတော့ ကျောင်းသားအချို့လောက်သာ အဆင့်မြင့် တက္ကသိုလ်တွေမှာ အစိုးရ ချေးငွေနဲ့ ပညာသင်ကြားနိုင်ခဲ့ကြတယ်။ တော်တော်များများက လုပ်ငန်းခွင်ထဲဝင်၊ အိမ်ထောင်တွေကျဖြစ်ကုန်ပြီး၊ နေ့ကြီး ရက်ကြီးတွေမှာ ဆန္ဒပြတာထက် သိပ်ပိုပြီးတိုးမပေါက်ခဲ့ပါဘူး။ ဘာသာစကားအခက်အခဲကလဲ အကြီးမားဆုံး ပြဿနာတရပ်ပါဘဲ။ လုပ်ငန်းခွင်ထဲမှာ စကားပြောသင်နေလို့ ရတာမှမဟုတ်တာဘဲ၊ ကိုယ့်အသိုင်းအ၀ိုင်းမှာကြတော့လဲ ဗမာလိုဘဲ ပြောကြဆိုကြနဲ့မို့ အင်္ဂလိပ်စကားကို အလုပ်ဖြစ်လောက်အောင်ဘဲ ပြောတတ်ကြတယ်ဆိုတော့ မြန်မာ့အရေးလုပ်တော့မယ်ဆိုရင် နိုင်ငံခြားသားတွေ ဆီမှာ အကူအညီသွားပြီးတောင်းကြရတယ်။ ချင်းမိုင် ဂွင်ကျတော့ ပြောင်းပြန်ပါ၊ မြန်မာ့အရေးစိတ်ဝင်စားတဲ့ နိုင်ငံခြားသားတွေ၊ နိုင် ငံတကာက ကျောင်းသားတွေဟာ စာတမ်းပြုစုတာဘဲဖြစ်ဖြစ် သူတို့နိုင်ငံမှာ ပြန်တင်ပြဖို့ဘဲဖြစ်ဖြစ် မြန်မာတွေဆီမှာ သိချင်တာလေး တွေလာမေးရတယ်။ ကျောင်းဆင်းလေးတွေ၊ ဂျာနယ်လစ်အသစ်လေးတွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေဟာ၊ တလေးတစားနဲ့ လာပြီး သူတိုသိချင်တာလေးတွေ မြန်မာတွေဆီ တလေးတစားလာ မေးရတဲ့အဆင့်ပါ။ စာအရေးအသားလက်သွေးပြီး ကူညီချင်သူ တွေရှိသလို အင်္ဂလိပ်စကားပြောကြတဲ့ အကြောင်းအရာတွေကလဲ လူအခွင့်အရေး၊ မြန်မာ့ဒီမိုကရေစီအရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေမို့ စကားပြောရာမှာလဲ တိုးတက်ပါတယ်။ Donor တွေဆီက project တင်လို့ ရထားတဲ့ငွေတွေ အသုံးပြုပေးဖို့ လာတဲ့ NGO တွေက လုပ်ပေးကိုင်ပေးမဲ့သူ လာရှာရတာမို့ ကိုယ်ကအလိုက်သင့်လေး ဆွဲစားယုံပါဘဲ။ NGO တွေဆီမှာ project တင် နည်းတောင် သင်တန်းပေးပါသေးတယ်။

ပြည်တွင်းက မြန်မာပြည်သူပြည်သားတွေဟာ အမှန်တရားတွေ ကမ္ဘာက သိရှိဖို့အတွက်၊ အလုပ်အပြုတ်ခံ၊ နှစ်ရှည်ထောင်ကျခံပြီး သတင်းဌာနတွေဆီ သတင်းတွေ ပေးပို့ကြတယ်။ ပြည်ပက မီဒီယာသမားတွေကတော့ အဲဒီချွေး၊ သွေးတွေနဲ့ ပေးဆပ်ထားတဲ့ သ တင်းတွေကို ရင်းပြီး နိုင်ငံတကာက အလှူရှင်တွေဆီက အလှူငွေတွေနဲ့ နှစ်၂၀ လောက် လေအေးစက်ပါတဲ့ရုံးခန်း၊ ကိုယ်ပိုင်ကား၊ အသုံးအဆောင်အပြည့်နဲ့ အီဆိမ့်နေအောင်နေခဲ့ကြတယ်။ မြန်မာပြည်ထဲမှာ မီဒီယာနဲ့ ဆက်သွယ်လို့  အဖမ်းခံသွားရပြန်တော့ သူ့ လူပါဆိုပြီး အလှူရှင်တွေဆီ အသုံးစရိတ်ပြလို့ ကောင်းသွားပြန်ရော။ ခုတော့ အလှူရှင်တွေက ပြည်ပမှာထက် ပြည်တွင်းကို စိတ်ဝင် စားလာတယ်၊ သတင်းဌာနတွေထက် လူမှု့ရေး၊ ပညာရေးနဲ့၊ လူငယ်တွေပြုစုပျိုးထောင်ရေးတွေမှာ စိတ်ဝင်စားလာတော့၊ သတင်း ဌာနတွေလဲ ၀မ်းရေးအတွက် သူများထက်ဦးအောင် မြန်မာပြည်ထဲပြေးဝင်ကြရတော့တယ်။ မြန်မာပြည်ကိုချစ်လို့ ပြန်လာတာမဟုတ်ပါဘူး ဂွင်ပျောက်ကုန်လို့ပါ။ ဒီသတ္တ၀ါတကောင်က အခု NLD လဲဝင်ထွက်နေတာမို့ ကောက်ကျစ်တဲ့ကောင်ကို သတိထားဖို့ ဒီစာကိုရေးလိုက်တာပါ။ ဒီကောင့်မှာ သူ့သတင်းဦးဖို့ ကလွဲရင် ဘာ stance မှမရှိပါဘူး။ ခြေလှမ်းတိုင်းဟာ အကွက်ချထားပြီး သူ့ရဲ့ စားခွက်ကို လုမဲ့သူကို အခွင့်သာရင် နှိပ်ကွတ်ဖို့ အမြဲတန်း အကောက်ကြံနေတတ်တယ်။ ဂျာနယ်လစ် အသစ်လေးတွေကိုလဲ မှာပါရ စေ၊ တန်ရာတန်ကြေးရမှ အလုပ်လုပ်ပါ။ တန်ရာတန်ကြေးဆိုတာ ငွေကြေးထက်၊ လေးစား၊ အသိအမှတ်ပြုခြင်းခံရမှုကိုဆိုလိုတာပါ၊ Press conference တွေမှာထပ်တွေ့ရင်မေးကြည့်ပါ၊ ဘန်ကောက်က ကျောင်းသား ၃၈ ယောက် အရေးမှာ ဘယ်အခန်းကဏ္ဍက ပါဝင်ခဲ့ပါသလဲ၊ ဘယ်မျှလောက် တာဝန်ကျေခဲ့ပါသလဲ။ အဲဒီသတ္တ၀ါ မျက်နှာမှာ မရှိတဲ့သွေးတောင်ပျောက်သွားအုံးမယ်။

အားလုံးကိုခင်မင်လေးစားလျက်
ကိုဖိုးထောင်

No comments: