မြန်မာ့အမျိုးသမီး အယ်ဒီတာများ (၅)



၁၉၂၂ ခုနှစ် မတ်လ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့စွဲဖြင့် ၁၉၂၂ ခုနှစ် အက်ဥပဒေနံ ပါတ် ၁၄ The Press Law Repeal and Amendment Act, 1922 ထုတ်ပြန် သည်။၁ ယင်းဥပဒေအရ…။
(၁) သတင်းအဖုံးတိုင်းတွင် အယ်ဒီတာအမည်ကို ဖော်ပြရမည်။
(၂) ထွက်တိုင်းသတင်းစာနှစ်စောင်ကို အစိုးရထံ အခမဲ့ပေးအပ်ရမည်။ ပျက် ကွက်ပါက ဒဏ်ငွေကျပ် ၅၀ ထိ ခံဆောင်ရမည်။
(၃) အစိုးရအား တော်လှန်ရန် နှိုးဆော်သည့် အကြောင်းရပ်များရှိပါက အစိုး

ရ ဘဏ္ဍာအဖြစ် သိမ်းပိုင်ခွင့်ရှိသည်။
(၄) ယခင်က ထုတ်ပြန်ခဲ့သော ၁၉၀၈ ခုနှစ်နှင့် ၁၉၁၀ ဥပဒေများ သတ် မှတ်ခဲ့သော ပြစ်ဒဏ်များကို ဒဏ်ငွေကျပ် ၅၀၀၀ အစား ကျပ် ၂၀၀၀၊ ထောင်ဒဏ် နှစ်နှစ် အစားခြောက်လဟူ၍ ပြင်ဆင်သတ်မှတ်သည်။

အဆိုပါဥပဒေကို အိန္ဒိယနိုင်ငံတော်ဆိုင်ရာ တရားဥပဒေပြု မင်းတိုင်ပင် လွှတ်တော်က ပြဋ္ဌာန်းခဲ့သည်။ နောက် ဘုရင်ခံချုပ် အမိန့် တော် ဆိုပြီး ဦးထိပ်ထက် ဆင်ရွက်ရမည်ဟု အမျးသိစေရန် ကြော်ငြာတော်မူပါသည်။ (ကိုလိုနီအင်္ဂလိပ် ခေတ်တွင် အရှင်သခင်နှင့် ကျွန်ပမာခွဲခြားကာ "သခင်" ဟု ခေါ်၍ "ဘုရား" ဟု ထူးခဲ့ရသည်။) အယ်ဒီတာ "ဒဗလျူချန်းနင်းအာနိုး" (W. CHANNING ARNOLD) ၏ The Burma Critic သတင်းစာ (၁၉၁၂ ခုနှစ်တွင် စတင်ထွက် လာသည်) ၌ The Shoe and Shikkho ခေါင်းစဉ်ဖြင့် ဝေဖန်ခဲ့သည်။ မင်းသတင်းစာ၏ မူဝါဒသည် ထူးခြားစံထားအပ်ပါသည်။ ကျွန်ခေတ်တွင် ကျွန်မဖြစ်ချင်သော စိတ်ဓာတ်ကို နှိုးဆော်ပါသည်။ "ဘယ်သူ့မှ အောက်မကြို့၊ ဘယ်သူ့မှ မကြောက်" (We court no man's favour, we fear no man's frown) ဖြစ်သည်။

ယင်းသတင်းစာမထုတ်ခင် (၄) နှစ်လောက်က (၁၉၀၈) ခုနှစ်တွင် "သတင်းစာများ အက်ဥပဒေ" (The Newspapers (Incitement of offence) Act 1909 (Acts No 8 of 1909) ကို အစိုးရက ထုတ်ပြန်ကြော်ငြာသည်။ ထိုဥပဒေ၏ သဘောမှာ သတင်းစာများ၌ လူသတ်မှုနှင့် အခြားပြစ်မှုများ ပြုလုပ်ဆောင်ရွက်ခြင်းတို့ကို ကာကွယ်ရန်ဟု ဖော်ပြပါသည်။ ၁၉၂၂ ခုနှစ်တွင် ဥပဒေများ နုတ်သိမ်း ခြင်း၊ ပျက်ကွက်ခြင်းများအတွက် ပြင်ဆင်ပြဋ္ဌာန်းသည်။ ဘုရင်ခံချုပ် အမိန့်ဖြင့် ကြော်ငြာသည်။ နောင်သတင်းစာများကို ယင်းအက် ဥပဒေဖြင့် အရေးယူခံရသော သတင်းစာများ အယ်ဒီတာများ၊ သတင်းထောက်များ ထွက်ပေါ်လာသည်။


(ဥပမာ) အယ်ဒီတာ ရမ်းဗြဲမောင်မောင်၏ "မြန်မာ့ဝန်ထမ်းသတင်းစာ" (The Servant of Burma) သတင်းစာသည် (ဒိုင်အာခီ အ စိုးရကို အတိုက်အခံပြု၍၎င်း၊ ဝံသာနုအဖွဲ့များကို ထောက်ခံ၍၎င်း ရေးသားနေရာ၊ ဝေလမင်းသား မြန်မာပြည်လာသောအခါ နယ် နှင်ခံရသည်။ "သူရိယသတင်းစာ" သည် စစ်ကြေးနန်းသတင်းတစ်ပုဒ်ကြောင့် အစိုးရက အာမခံ ၂၀၀၀ိ/ တောင်းခံရသည်။ "မြန်မာ အလင်းသတင်းစာ" သည် "မတ်လ ၁၅ ရက်နေ့ကို သတိပြုပါ" ကြော်ငြာကြောင့် ပိုင်ရှင်ဦးရွှေဗြူး၏ ညီအား အကျယ်ချုပ်ဖြင့် ဖမ်း ၍၊ ပြန်အလွှတ်တွင် အာမခံရွှေ ၅၀၀၀ တောင်းခံရသည်။ ပညာအလင်းသတင်းစာမှ ဦးပုသောပျို့လယ်တော် ပန်းချီကား)၊ ဂျာနယ် တွင် အဖွင့်ခေါင်းကြီးများ (ဘယ်သူ့တာဝန်နည်း၊ မျက်နှာဖုံးပန်းချီတွင် ရက္ကန်းယက်နေသူများ ပုံကားများနှင့် ပတ်သက်၍ ဗမာ ရက္ကန်းသမား တစ်သိန်းအတွက် ဗမာပြည်အစိုးရနှင့် အိန္ဒိယလူမျိုးတို့ ဆင်ခြင်စဉ်းစားရန် တင်ပြချက်များ) ၃၊ (ဘုရင်ခံပြောင်း၍ အကြောင်းအထူး၊ ဆာဟူးဘတ်ရန့်အလာ ဗမာပြည်သူများ ကန့်ကွက်ပွဲများ ဖော်ပြရင်း ကြွေးကြော်သံများ ဖော်ပြသည်။ "သတင်း စာတွေ မချုပ်ချယ်နဲ့၊ ဖမ်းထားတဲ့ နိုင်ငံရေးသမား အားလုံးလွှတ်၊ အမျိုးသားအစိုးရဖွဲ့စည်းလော့၊ တရားသော ရွေးကောက်ပွဲ အမြန်လုပ်၊ ဗမာနှင့် တိုင်းရင်းသားများ သွေးစည်းကြ" ၎

တိုင်းရင်းသူဂျာနယ်၏ ခေါင်းကြီးများသည် အမျိုးသမီးရေးရာများသာမက တိုင်းပြည်နိုင်ငံရေးရာများကိုပါ တစေ့တစောင်း ရေးထား သည်။ ထိုခေတ် အချိန်ကာလနှင့် ထပ်တူကျသော အမျိုးသမီးဂျာနယ်ဖြစ်လာ သည်။ အယ်ဒီတာအာဘော်လည်းဖြစ်သည်။ ရဲဝံ့ သည်။ သတင်းစာ အက်ဥပဒေကို မကြောက်မရွံ့ ရေးသားသည်။ (ဗြိတိသျှတို့၏ ဝါဒမပြောင်းသမျှ ဘုရင်ခံဘယ်လို ပြောင်းပြောင်း၊ လူထုတွင် အကြောင်းထူးဖို့မရှိ) ဟူ၍၊ ဘဂျမ်းကာတွန်းများသည် အထူးစိတ်ဝင်တစား ကြည့်ရှုဖတ်ရှုရသည်။ (ဥပမာ) ဗမာပြည် အုပ်ချုပ်ရေး၊ ဖွတ်ကားကာတွန်း၊ ၁၉၄၆ ခုနှစ် အထွေထွေ သပိတ်ကာလကြီးတွင်လည်း သပိတ်အရေး ခေါင်းကြီးများနှင့် ဘဂျမ်း ကာတွန်းများမှာ အထူးထိမိရဲဝံ့လှသည်။

အမျိုးသမီး အယ်ဒီတာအဖွဲ့ဝင် ခင်မျိုးချစ်၏ စာပေဆောင်းပါးများသည် တိုင်းရင်းသူဂျာနယ်တွင် တစ်တပ်တအားပင်ဖြစ်သည်။ အ မှတ် (၃) ဂျာနယ်အဖွင့်တွင် အမျိုးသမီးများထံသို့ လိပ်မူပြီး ရေားးသောစာ၌ (မိန်းမတွေ အဆင့်အတန်း မြင့်ချင်လျှင် စာရေးဆရာ တွေ စာဖွဲ့တိုင်းလည်း စိတ်ကြီးမဝင်နှင့်၊ နိုင်ငံရေးသမားတွေ မြှောက်တိုင်းလည်း မမြောက်နှင့်၊ ကိုယ့်လက်ရှိ အခြေအနေမှန်ကို မြင်အောင်ကြည့်၊ ကိုယ့်အပြစ်ကို ကိုယ်သိအောင် စစ်ဆေး၊ အပြစ်ကိုသိလျှင် ပြုပြင်၊ အခြေအနေအလိုက် စဉ်းစားဉာဏ်ကို အသုံး ပြု၊ ဦးခေါင်းအေးအေးနှင့် စိတ်ကိုပိုင်းဖြတ်ပြီး ဘယ်အရာမဆို လုပ်လျှင် မိန်းမအတန်အစား အဆင့်အတန်းမြင့်မည်) ၅ အမျိုးသမီး ထုအား တိုက်တွန်းထားသော စိတ်ကူးသစ်များ ဖတ်ရသည်။

အခြားစာမျက်နှာများတွင် လှသထက်လှမယ်ဆိုရင်၊ ဇာထိုးသင်ရအောင်၊ ကြီးကြီးလှ၏ သြဝါဒ၊ (လှချင်ရင် ဒီလိုစား၊ ဥပုသ်စောင့် သွား) ကျမ်းမာရေးနည်းဆန်းတစ်ခု၊ ခင်မျိုးချစ်နှင့် သူ့ရင်သွေးအပါအဝင် ရင်သွေးများကဏ္ဍ၊ တက္ကသိုလ်ခင်မိမိ၏ စကားပြောနည်း၊ (Nowadays, Power is with those who can speak ဆိုသော စကားပြောခန်းများ)၊ မေးပါရစေ- ကြီးကြီးမေ (အိမ်ထောင်ဦး မေး ခွန်းတွေကို ဖြေထားသည်) ဆံကေသာပြုပြင်ရေး၊ အခန်းများဖြင့် ခေတ်ပြိုင် အမျိုးသမီးရေးရာများ ဝေဝေဆာဆာ ဖတ်ရှုရသည်။

ခင်မျိုးချစ်၊ ငွေတာရီ၊ နုယဉ်တို့၏ ဆောင်းပါးကဗျာများ၊ ဝတ္ထုတိုများပါဝင်သည်။ မဟာဆွေ၊ ဒဂုန်ရွှေမျှား၊ ဒဂုန်တာရာ၊ သင်္ခါတို့၏ ဝတ္ထုတိုများ ဖော်ပြသည်။ အမျိုးသမီးအရေးအရာများနှင့် အမျိုးသားစာရေးဆရာများ၏ ဆောင်းပါးများလည်း ဖတ်ရသည်။ (ဥပမာ) "ဦးဗချီငို" ၏ "ဂျန်တိုတက္ကသိုလ်" ဆောင်းပါး၊ နောက်အဆိုတော်များ (စိန်ပါတီ)၊ ထင်ရှားသော အမျိုးသမီးများ (စော်ဘွားကတော်၊ ပွဲစားကတော် စသဖြင့်) ကလေး၏ "ဝေလမင်းသားနှင့် ဆေးဖရောင်းတိုင်" ဆောင်းပါးကြောင့် ဦးပုကလေး အဖမ်းခံရပြီး ထောင်ချ ခံလိုက်ရသည်။

၁၉၀၈ ခုနှစ်နှင့် ၁၉၂၂ ခုနှစ်အတွင်း တည်ဆဲသတင်းစာဥပဒေအောက်တွင် မြန်မာအမျိုးသား အယ်ဒီတာများ၏ သတင်းစာများနှင့် အတူ ၁၉၁၇ ခုနှစ်တွင် ပထမဦးဆုံး မြန်မာအမျိုးသမီး အယ်ဒီတာ ဒေါ်ဖွားရှင်၏ သာယာဝတီသတင်းစာ စတင်ထွက်ပေါ်လာသည်။ အစိုးရ၏ သတိပေးခြင်းများ ခံရပါသည်။ နောက် အင်ဒီပင်းဒင့် ဒေါ်စန်းနှင့် ဒေါင်းသတင်းစဉ် သခင်မ မခင်ခင်တို့သည် အစိုးရ အတိုက်အခံပြု နိုင်ငံရေး သတင်းစာများဖြစ်၍ သတိပေးခံရသည်။

စစ်ကြိုခေတ် မြန်မာအမျိုးသမီးအယ်ဒီတာများ၏ သတင်းစာ အစ မြစ်ဖျားမလိခ နောက်ခံ ကားချပ်များဖြစ်ပါသည်။ စစ်ပြီးခေတ် ရောက်သောအခါ အမျိုးသမီးစာစောင်၊ ဂျာနယ်မဂ္ဂဇင်းများ ထွက်ပေါ်လာရာ အမျိုးသမီးကလောင်ရှင်များပင် ကိုယ်တိုင်ကိုယ်ကျ ဦးစီးဆောင်ရွက်လာကြသည်ကို တွေ့ရသည်။ ခေတ်အမျိုးသမီး၊ တိုင်းရင်းသူ၊ ယုဝတီစသဖြင့်၊ မဂ္ဂဇင်း၊ ဂျာနယ်များဖြစ်သည်။ "ခေတ်အမျိုးသမီး" မဂ္ဂဇင်းသည် ၁၉၄၆ ခုနှစ် မေလတွင် စတင်ထွက်လာပြီး တစ်လတစ်ကြိမ်ထုတ် မဂ္ဂဇင်းဖြစ်သည်။ Women Today ဟု အင်္ဂလိပ်စာလုံးများဖြင့် နာမည်ထိုးသည်။ အယ်ဒီတာချုပ်မှာ "ဒေါ်ခင်ခင်ကြီး၊ B.A, Bil, Fcs" ဖြစ်သည်။ မြန်မာနိုင်ငံ လုံးဆိုင်ရာ အမျိုးသမီးအသင်း ဥက္ကဋ္ဌလည်း ဖြစ်သည်။ အမှုဆောင်အယ်ဒီတာအဖြစ် ဦးတင်က ဆောင်ရွက်သည်။ အမျိုးသမီးများ အလှပြုပြင်ရေး၊ ကျန်းမာရေး၊ ကိုယ်လက်ကြံ့ခိုင်ရေးများအဖြစ် မိခင်နှင့် ကလေးကျန်းမာရေး၊ အိမ်ထောင်ရှင်တို့အတွက် အိမ် ထောင် သာယာရေးများကို ဦးစားပေးရေးသားသည်။

အထူးသဖြင့် လူမျိုးကွဲများနှင့် အိမ်ထောင်မပြုရန်၊ အကြောင်းကြောင်းကြောင့် အိမ်ထောင်ပြုမိလျှင် မနစ်နာစေရန်၊ နောက်ဆုံး လက်ထပ်သည့် ဥပဒေ၊ မယားများယူခြင်း ဥပဒေ၊ အခြားသိသင့်သည့် ဥပဒေများကိုလည်း ဖော်ပြရေးသားသည်။ စာမျက်နှာများ အနေဖြင့် စာမျက်နှာ ၃၆ မျက်နှာပင် ရှိသော်လည်း အမျိုးသမီးမဂ္ဂဇင်းအနေဖြင့် ထင်ရှားခဲ့သည်။

(ခေတ်အမျိုးသမီးများ အထူးသဖြင့် ခေတ်ပညာတတ်အမျိုးသမီးကြီးငယ်တို့ကို အဆင့်အတန်း တိုးတက်မြင့်မားရေးကို ရည်သန် ကာ ပညာပေးသော စာစောင်ဟု ကောက်ချက်ချနိုင်ပါသည်။) ဟု "ဒေါ်ကြန်" ၏ "အမျိုးသမီးများနှင့် စာနယ်ဇင်းလောက" တွင် တင်ပြထားသည်။

ဒုတိယ "တိုင်းရင်းသူ" ဂျာနယ်သည် စစ်ပြီးခေတ် မြန်မာအမျိုးသမီးမဂ္ဂဇင်းတွင် ထင်ရှား အောင်မြင်သော ဂျာနယ်တစ်စောင် ဖြစ် ပါသည်။ ၁၉၄၆ ခုနှစ် ဇွန်လတွင် စတင်ထုတ်ဝေး နှစ်ပတ်တစ်ခါ (တစ်လနှစ်ကြိမ်) ထုတ် ဂျာနယ်၊ တန်ဖိုးတစ်ကျပ်၊ သုဓမ္မဝတီ တိုက်ပိုင်ရှင် ဦးတင်ထူး၊ တိုက်အုပ်ဦးပန်းမောင်၊ စီးပွားရေး နေ့စဉ်ဦးစီး အယ်ဒီတာ ဦးအုန်းမြင့်၊ တာဝန်ခံအယ်ဒီတာ ဦးစံမြင့်နှင့် ဒေါ်စန်းမြမြတို့ ဝိုင်းဝန်း ထုတ်ဝေကြခြင်းဖြစ်သည်။

အတွဲ (၁)၊ အမှတ် (၁) ထွက်လာသောအခါ အမျိုးသမီး အယ်ဒီတာ "စန်းမြမြ" နှင့် အမှုဆောင်အယ်ဒီတာ "မောင်တင်မောင်" တို့ နာမည်များသာ ဖော်ပြသည်။ မျက်နှာဖုံးပန်းချီ "ဦးငွေကိုင် (ညို့မှိုင်းအကြောင်း တစိတ်တဒေသနှင့် အယ်ဒီတာထံ ပေးစာများ လည်း ပါသည်။ စာအုပ်ခန်းလည်း ရှိသေးသည်။ (ဥပမာ) "ဒေါ်အုန်း (အမ်အေ)" စာအုပ် (မိန်းမကိစ္စ) နှင့် ပတ်သက်၍ အညွှန်းနှင့် ဝေဖန်ချက်" 

တိုင်းရင်းသူဂျာနယ်သည် စတင်ထွက်စမှာပင် စောင်ရေ ၂၀၀၀ ထုတ်ဝေရပြီး၊ တစ်နှစ်ကြာသောအခါ စောင် ၅၅၀၀ အထိ တိုး၍ ထုတ်ဝေရသည်။ ဂျာနယ်ဖြစ်သော်လည်း အဖွင့်စာမျက်နှာတွင် သြဝါဒများ၊ ဆောင်းပါးအကျဉ်းများ ဖော်ပြပြီး၊ အတွင်းစာမျက်နှာ အလှန်တွင် ခေါင်းကြီးများ တွေ့ရသည်။ သို့သော် မာတိကာ စာမျက်နှာတော့ မပါချေ။ သာမန်အလယ်အလတ် အမျိုးသမီးများ အတွက် နိုင်ငံရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာပေးစာစောင် ဖြစ်သော်လည်း စီစဉ်ပုံ ချို့ယွင်းချက်နှင့် ထွက်ရက်မမှန်ခြင်းများ ရှိနေကြောင်း ဝေဖန်ထောက်ပြပါသည်။၆ 

သို့ရာတွင် စတင်ထွက်ပေါ်လာသောအခါ တိုင်းရင်းသူဂျာနယ်အပေါ် ဝေဖန်ချီးကျူးစာများ တွေ့ရပါ သည်။ "တိုင်းရင်းသူဂျာနယ်နှင့် သူတို့အမြင်" အခန်းဖြင့် ဖော်ပြသည်။ (ဥပမာ) "ဟံသာဝတီ" သတင်းစာမှ (သားလောင်းမိခင်၊ လင်ကောင်းမယားဖြစ်လို၍ တိုင်း ရင်းသူတိုင်း လက်ကိုင်ထားအပ်သည့် စာစောင်ကောင်း တစ်စောင်ပင်)၊ "ဗမာ့ခေတ်" သတင်းစာမှ (အမျိုးသမီးတိုင်း တောင်းတ အပ်သော ရတနာ)၊ 'Mr. Burma' ဆိုသူက (Our Women: Taing Yin Thu: The contents of the first issue show promise of worthy, fort nightly Journal for Burmese women, the need of which cannot be over emphasized) စသည်ဖြင့် ရေးသားကြပါသည်။

 လေးကိုတင်

၁။ တက္ကသိုလ်ထင်ကြီး - စာနယ်ဇင်းသမိုင်း

၂။ စာနယ်ဇင်းသမိုင်းများ (ပထမတွဲ)
၃။ တိုင်းရင်းသူဂျာနယ် - အတွဲ (၁)- အမှတ် (၃)
၎။ တိုင်းရင်းသူဂျာနယ် - အတွဲ (၁)- အမှတ် (၄)
၅။ တိုင်းရင်းသူဂျာနယ် - အတွဲ (၁)- အမှတ် (၃)
၆။ ဒေါ်ကြန်၊ အမျိုးသမီးများနှင့် စာနယ်ဇင်းလောက၊ စာနယ်ဇင်းသမိုင်းစာတမ်းများ (ပထမတွဲ)

ပေဖူးလွှာမဂ္ဂဇင်းမှ ကူးယူတင်ပြသည်။ 

No comments: