အများသိစေရန် မန္တလေးစည်ပင်သာယာမှ လူမဆန်သော လုပ်ရပ်အချို့

အများသိစေရန်.....

မန္တလေးစည်ပင်သာယာမှ လူမဆန်သော လုပ်ရပ်အချို့ ၃၁၊ ၁၀၊ ၂၀၁၂ နေ့ ညနေ ၁၀ ခန့်တွင် ဖြစ်ပွားခဲ့သော အမှိုက်ကန်နှင့် အမှိုက်ပစ်ခြင်း ကိစ္စရပ်တစ်ရပ်။

မန္တလေးမြို့စွန် ၂၂ (စီ) လမ်း ယောမင်းကြီးဈေးရှိ အမှိုက်ပုံတွင် ညနေ ၁၀ တွင် ကားဖြင့် အမှိုက်သွားပစ်ရာ ထောင့်တနေရာမှ မန္တ လေးစည်ပင်ဝတ်စုံ ၀တ်ဆင်ထားသော လူဆယ်ယောက်ခန့်သည် ထွက်လာပြီး ကားကို တားလေသည်။ ကားလိုင်စင် စစ်တယ် မှတ်လို့ ကားကို ရပ်တန်းပေးလိုက်ရာ ကားပေါ်မှ လူကိုဆင်းခိုင်းပြီး ဒီနေရာအမှိုက်မပစ်ရဟု ပြောပြီး ဒဏ်ငွေ ၆၀၀၀၀ ဆောင်ခိုင်း ပါတယ်။ မဆောင်နိင်ရင် ကားဒစ်စ၀ိုင်း သိမ်းမယ်လို့ပြောပါတယ်။ 

ကျနော်က ကြည့်လိုက်တော့ အဲဒီအမှိုက်ပစ်ရ ဆိုင်းဘုတ်မရှိတဲ့အပြင် ဘယ်အချိန်မှ ဘယ်အချိန်ထိ အမှိုက်ပစ်ချိန်ပါလို့ ရေးသား ထားခြင်း မရှိပါ။ ထိုသို ငြင်းလိုက်သောအခါ အမှိုက်ပစ်တဲ့အချိန် ကျော်သွားပြီလို့ပြောပါတယ်။ ကျနော် ဒီကိစ္စ မဖြစ်နိင်ဘူး နေ့တိုင်း နေ့တိုင်းအမှိုက်ကို ဒီအချိန်ပစ်နေကြလို့ ပြောတော့ မဆိုင်ဘူးဆိုပြီး စည်ပင်လူတွေ ၀ိုလိုက်ကြတယ် ကျနော်က ကြောက်တော့ အများကြီးမပြောဘဲ စည်းမျဉ်းအရ ၆၀၀၀၀ မဖြစ်နိင်ဘူးလို့ ပြောလိုက်တယ်။ ၁သောင်းခွဲ ဆောင်ခိုင်းပြန်တယ်။ ကျနော် အမှိုက်ပစ် လာရုံ သက်သက်ဘဲ ဘယ်လိုလုပ်ပိုက်ဆံပါမှာလဲလို့ ပြောတော့ ကားဒစ်စ၀ိုင်းကို အတင်းဖြုတ်သိမ်းပြီး ဘောက်ချာ ရေးပေးတယ်။ စည်ပင်ကလူတွေကို ကြည့်လိုက်တော့ ရဲဝတ်စုံဝတ်ထားတဲ့ သူကို တွေ့တယ်။ ထိုသူကိုလည်း သိတယ် မြို့နယ်ရဲစခန်းက ရဲပါ။ အဲဒီအချိန်မှာ ရပ်ကွက်နေသူတွေကလည်း သူစီကိုယ်စီ အမှိုက်လာပစ်နေကြတာကိုတွေ့တယ်။ ရပ်ကွက်က လူတွေကိုလည်း ဖမ်း နေတာကို တွေခဲ့တယ်။ ကျနော်ဒီလိုနဲ့ ကြောက်လို့အငြင်းမပွားဘဲ ပြန်လာခဲ့တယ်။


နောက်နေ့ အမှိုက်ပုံနားနီးတဲ့ အိမ်တွေမနေ့တုန်းက တွေ့လိုက်ရသူတွေကို လိုက်မေးကြည့်တော့ တစ်ခါတလေ ပေါ်ပေါ်လာပြီး ဒီလို မှောင်တဲ့နေရာမှာ ထိုင်ပြီး လုပ်စားနေတာလို့ ပြောကြတယ် ကျနော်တွေ့တဲ့ အခေါက်က လူနည်းတာလို့လဲ ပြောပါတယ်။ အခွန် မဆောင်ဘူးဆိုရင် ထောင်ချလို့ရတယ်လို့ပါ ခြိမ်းခြောက်လို့ အချို့ရပ်ကွက်နေ မိဖများ ထိုနေ့က အခွန်ဆောင်ပေးလိုက်ရတယ်လို့ ပြောပါတယ်။ ကျနော် ထပ်မံစုံးစမ်းကြည့်တော့ စည်ပင် ဒုညွန်းကြားရေးမှူး ဦးအောင်မြင့်ကိုယ်တိုင် ဦးဆောင်နေတယ်လို့ ကြားသိရ တယ်။ သူအပေါင်းအပါးတွေရဲ့ လုပ်ရပ်က အကျည်းတန်းလွန်းတယ်။

အခွန်ဆောင်ခိုင်းတဲ့ စာရွက်ပေါ်မှာ ရေးထားတာမှ ကားပေါ်မှ အမှိုက်ပစ်တဲ့ မိုက်ရိုင်းလိုက်ကြတာ ဒီလိုမျိုး ဥပဒေစည်းမျဉ်း ထုတ် ပြန်ထားခြင်းမရှိတဲ့နေရာမှာ ဒီလိုဥပဒေမဲ့ လုပ်ရပ်၊ လူဝိုင်းပြီးအတင်းအဓမ္မ အခွန်မဆောင်ရင် ကားကိုဝန်းရိုက်မယ့် လုပ်ရပ်တွေ လုပ်နေပါတယ်။ ရပ်ကွက်နေရပ်မိရပ်ဖများက မကျေမနပ်ဖြစ်လျှက်ရှိသည်။ မြို့နယ်ရုံးမှလည်း မသိချင်ယောင်ဆောင်နေကြောင်း မန္တလေးနေ ပြည်သူပြည်သားများ စည်ပင်သာယာရုံး သန့်ရှင်းရေးဌာနမှ လူမဆန်ကောက်ကျစ်စဉ်းလဲမှုများကို ကိုယ်တွေ့ခံဖြစ်ရပ် များဖြင့် ဝေမျှလိုက်ပါသည်။

ဘယ်လိုလုပ်ပြီးဒီလိုနည်းနဲ့ ဒီမိုကရေစီနိင်ငံတော်ကို တည်ထောင်ခြင်တာလဲကို စဉ်းစားကြပါအုံး...။

ဒီမိုဝေယံမှ ကူးယူဖော်ပြသည်။ 

No comments: