နိုင်ငံတကာရှိ မြန်မာသံအမှုထမ်းများ သိန်းစိန်ရုပ်သေး အစိုးရကို လုံးဝ အယုံအကြည်မရှိတော့


ဝါရှင်တန်ဒီစီရှိ မြန်မာသံရုံးက နောက်ထပ် မြန်မာသံတမန်တဦးဖြစ်တဲ့ ဦးစိုးအောင်ဟာ အမေရိကန် ပြည်ထောင်စု၌ ဒီကနေ့ ဇူလိုင်လ ၁၃ ရက်နေ့မှာ နိုင်ငံရေး ခိုလှုံဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူဟာ သံရုံး ပထမအတွင်းဝန် အဖြစ် တာဝန် ထမ်းဆောင်နေသူဖြစ်တယ်။
ဝါရှင်တန်ဒီစီရှိ မြန်မာသံရုံးက ပထမ အတွင်းဝန် ဦးစိုးအောင်ကို ၂၄ နာရီအတွင်း သိန်းစိန် စစ်အစိုးရ က စစ်တပ်က အရာရှိတဦးနဲ့အတူ နေပြည်တော်ကို ပြန်ရမယ်ဆိုပြီး ဇူလိုင် ၁၂ ရက်နေ့က မြန်မာ နိုင်ငံ ခြားရေး ၀န်ကြီးဌာနက အမိန့်ထုတ်ခဲ့တဲ့အပြင် သူ့ရဲ့ သံတမန် နိုင်ငံကူး လက်မှတ်တွေကိုလည်း သံရုံးက သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။
ဝါရှင်တန် မြန်မာသံရုံးက သံအရာရှိတွေ အနေနဲ့ အမေရိကန်၊ မြန်မာ ဆက်ဆံရေး ကောင်းမွန်အောင် ကြိုးပမ်းခဲ့ကြပေမဲ့ မြန်မာ စစ်အစိုးရ ဘက်က နိုင်ငံတကာ လိုလားတဲ့ အပြောင်းအလဲမျိုးတွေ လုပ်မလာတဲ့ အပေါ်မှာလည်း မြန်မာ သံအရာရှိတွေဘက်က စိတ်ပျက်ကြရတယ်လို့ အမေရိကန်နိုင်ငံ ဆိုင်ရာ မြန်မာသံမှူးကြီး ဦးကျော်ဝင်းက ပြီးခဲ့တဲ့ အပတ်က ပြောပြခဲ့ပါတယ်။
ဘာကြောင့် သိန်းစိန်ရုပ်သေး အစိုးရ ကို အယုံအကြည်မရှိကြတော့လဲ?

(၁) စစ်အစိုးရရဲ့ ဖြုတ်ထုတ်၊ ထောင်ချ၊ ချောင်ထိုး တတ်တဲ့ လမ်းစဉ်ကို သံတမန်များ အကြားသိရှိနေခြင်း။

(၂) အရည်အချင်း မရှိသော်လည်း၊ စစ်အစိုးရ အလိုကျ ဟောင်နေသူများနှင့်  စစ်အုပ်စု ခေါင်းဆောင်များရဲ့ မိသားစုဝင်တွေကိုသာ ရာထူးတိုးပေးနေခြင်း။

(၃) ၀ဏ္ဏမောင်လွင်ဟာ စစ်အစိုးရ အလိုကျ ဟောင်နေသောကြောင့် အတွေ့အကြုံနုသော်လည်း နိုင်ငံခြားရေး ၀န်ကြီးအဆင့်သို့ ရာထူးတိုးပေး ခံခဲ့ရမှုအပေါ် နိုင်ငံတကာမှာ တာဝန် ထမ်းဆောင်နေကြတဲ့ မြန်မာသံတမန်များအကြား ကျေနပ်မှု မရှိခြင်း။

(၄) ရာထူးတက်သွားတဲ့ ၀ဏ္ဏမောင်လွင်ဟာ အမိန့်နာခံလာအောင် ၀ါရင့်သံတမန်တွေကို ဖယ်ရှားဖို့ ကြိုးစားနေခြင်း။

(၅) ရွှေမန်း၊ တင်အောင်မြင့်ဦး၊ သိန်းစိန်ရုပ်သေးအစိုးရကို လုံးဝ ယုံကြည်မှု မရှိတော့ခြင်း။

(၆) အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ဆောင်ပေးနေကြတဲ့ မြန်မာ သံတမန်များရဲ့ ကျိုးပမ်း ဆောင်ရွက်မှုများကို အရေးတယူမလုပ်ပဲ၊ လစ်လျူမှု ပြုလုပ်ခဲ့ခြင်းကြောင့် နိုင်ငံတကာရောက် မြန်မာအသိုင်းအ၀န်း အကြား၌ သူတို့၏ ဂုဏ်သိက္ခာ ကျဆင်းလာခြင်း။

(၇) နိုင်ငံတကာ သံတမန် အသိုင်းအ၀ိုင်းအကြား ဂုဏ်သိက္ခာ မရရှိတော့ခြင်း။

(၈) စစ်အုပ်စုအတွင်း ဂိုဏ်းဖွဲ့ ခြစားနေမှုကို လုံးဝ လက်မခံနိုင်တော့ခြင်းတို့ကြောင့် ဖြစ်တယ်လို့ နိုင်ငံတကာရောက် မြန်မာသံတမန် အသိုင်းအ၀ိုင်းက ပြောဆိုနေကြကြောင်း ကြားသိရပါသည်။

ကိုမိုးသီးဇွန်ဘလော့ဂ်မှ ကူးယူသည်။

No comments: