တရုတ်တွေဟာ ဗီယက်နမ်ရေပိုင်နက်ကို ကျူးလွန်နေပါတယ်...။ ဒါကို ဗီယက်နမ်က နိုင်ငံတကာကို တိုင်ကြားတဲ့အခါ တရုတ်က ဘယ်နိုင်ငံက ဝင်မစွက်ဖို့ ရာဇသံတောင် ပေးလိုက်ပါသေးတယ်။ ကျူးလွန်တဲ့သူက ဒီလိုကြွေးကျော်တာဟာ သူခိုးက လူကိုပြန်ဟစ်တယ်ဆိုတာနဲ့ အတူတူပဲ။ ပြီးတော့ နိုင်ငံတကာကို မလေးစားလို့ ပြသတဲ့သဘော ဖြစ်ပါတယ်။ အာရှနဲ့ ရှေ့တောင်အာရှမှာ တရုတ်ဟာ အင်အားကြီးတာကြောင့် နိုင်ငံငယ်တွေ နိုင်ကျင့်နေခြင်း ဖြစ်ပါတယ်။ ဒါကို နိုင်ငံငယ်တွေက စုပေါင်း တွန်းလှန်ပါမှ တော်ကာကျပါလိမ့်မယ်။ မဟုတ်ရင်တော့ အာဆီနိုင်ငံအကုန်လုံး တရုတ် လက်ဝါးကြီး အုပ်သွားပါလိမ့်မယ်။
ဒါကို ဗီယက်နမ်ပြည်သူများက တာဝန်သိသိ တရုတ်ဆန့်ကျင်ကို ပြုလုပ်နေကြပါတယ်။ နောက်ပြီး ဗမာနိုင်ငံဟာလည်း သတိထားစရာ အလွန်ကောင်းပါတယ်။ အခုဆိုရင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြို့အများအပြား၊ မန္တလေးမြို့ တမြို့လုံးနီးပါးနဲ့၊ ရန်ကုန်မြို့တွေက တန်ဘိုးကြီး စက်မှုဇုန်တွေ၊ အိမ်ယာ မြေတွေကို ကြေငွေ အလုံးအရင်း ပစ်သွင်းပြီး တတိတိ သိမ်းယူနေမှုဟာ အလွန်စိုးရိမ်ဖွယ်ရာ ကောင်း ပါတယ်။
နောက်ပြီး လွန်ခဲ့တဲ့ လပိုင်းလောက်က တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်ကိုယ်တိုင် ဗမာပြည်ဟာ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းဖြစ်တယ်လို့ နိုင်ငံတကာသတင်းဌာနတွေကို ပိုင်စိုးပိုင်နင်း ပြောသွားတာ ဟာ ဗမာတမျိုးလုံးကို စော်ကားလိုက်တာပါပဲ။ အခုလို ပိုင်စိုးပိုင်နင်း ပြောပြီးနောက်ပိုင်းမှာ တရုတ်ငါး ဖမ်းများဟာ ဗမာနိုင်ငံရေပိုင်နက် (ရန်ကုန်နားထိရောက်) ကို ကျူးကျော်ဝင်ရောက်ပြီး ငါးဖမ်းနေကြ တာကို တွေ့ရပါတယ်။ အာဏာပိုင်များက ပြူးတူးပြဲတဲနဲ့ မနည်းဖြေရှင်းလိုက်ပါတယ်။
ခု နောက်ပိုင်းမှာ တရုတ်တွေရဲ့ လုပ်ရပ်ဟာ အလွန်ရိုင်းပြနေပါတယ်။ ဂျပန်သင်္ဘောကို တရုတ် သင်္ဘောက ပြောင်ပြောင်တင်းတင်း ဝင်တိုက်ပစ်လိုက်တယ်။ ဗီယက်နမ် ရေနံပိုက်လိုင်းတွေက ဖျက် ဆီးပစ်တယ်။ ဗမာ့ရေပိုင်နက်ထဲ ဝင်ကျူးကျော်တယ်။ ဒါတွေဟာ တမင်တကာ ရန်စပြီး စိန်ခေါ်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလို ရိုင်းပြ စော်ကားမှုတွေကို လက်ခံထားလို့ လုံးဝမဖြစ်ပါဘူး။ ဒါကြောင့် ခုကစပြီး တရုတ်ဆန့်ကျင်ရေးကို ဗီယက်နမ်များအတူ စတင်ကြပါစို့လို့ နှိုးဆောက်လိုက်ပါတယ်။
No comments:
Post a Comment