အရှည်ကြာဆုံး လကြတ်မှု

မီနစ် ၁၀၀ ကျော် လကြတ်မှု တခု ဇွန်လ (၁၅) ရက် အင်္ဂါနေ့ သန်းကောင်ယံ (၁၆) ရက် ဗုဒ္ဓဟူးနေ့ အစောပိုင်းတွင် ပေါ်ပေါက်မည်ဟု ကမ္ဘာ့မိုးလေဝသနှင့် နက္ခတ္တပညာရှင်များက ထုတ်ဖော် ပြောကြားသည်။

ဤလကြတ်မှုသည် (၂၀၁၁) ခုနှစ်တွင် ဖြစ်ပေါ်မည့် လကြတ်မှု (၆) ခုတွင် အရှည်ကြာဆုံးနှင့် လကြတ်မှု အပြည့် အဝဆုံး ဖြစ်ပြီး အမှောင်အမိုက်မှု များဆုံးဖြစ်မည်ဟု ခန့်မှန်းထားကြသည်။ လကြတ်မှုသည် မြန်မာ စံတော်ချိန် ဗုဒ္ဓဟူးနေ့ နံနက် (၁:၅၂) မှ (၃:၅၂) ကြားတွင် အပြည့်အဝ ငပုပ်ဖမ်းမည်ဖြစ်ပြီး (၄:၅၂) တွင် လငပုပ်ဖမ်းမှုမှ လုံးဝကင်းလွတ်မည် ဖြစ်သည်။ အဆိုပါ လကြတ်မှုကို အာရှ၊ အာဖရိကတိုက်များတွင် အပြည့်အဝ မြင်ရမည် ဖြစ်ပြီး ဥရောပတိုက်မှ နောက်ပိုင်း အချိန်များတွင် မြင်တွေ့ရမည် ဖြစ်သည်။

No comments: