၂၀၁၀- အနိုင်ကြဲကြစို့


“၂၀၁၀- အနိုင်ကြဲကြစို့”

မင်းမနိုင်- မိအေး

၂၀၊ ၁၀၊ ၂၀၁၀။


လေးစားရပါတဲ့ စာချစ်သူမိတ်ဆွေ အောက်ပါဆောင်းပါးဟာ စကားပြေရေးဟန်မဟုတ်ပဲ အတို့အဆိတ် ဆောင်းပါးပုံစံဖြင့် စာရေးသူက သူဆိုလိုချင်တဲ့ အဓိပ္ပါယ်ကို ကျစ်ကျစ်လစ်လစ် ပေါ်လွှင်အောင် ရေးသားထားခြင်းဖြစ်ပါတယ်။ စာရေးသူဟာ ပြည်တွင်းမှ နိုင်ငံရေး ခေါင်းဆောင်တဦးဖြစ်ပါသဖြင့် အမည်မဖေါ်ပြပေးနိုင်တာကို နားလည်ပေးစေချင်ပါတယ်။ ဝေဖန် အကြံဉာဏ်ပေးချက်များကို အညာနွေမှထပ်ဆင့် ပြောကြားပေးပါမည်။

မတရားတဲ့ ၂၀၁၀ ရွေးကောက်ပွဲ
သူတို့မတရားတဲ့ ဥပဒေကိုပင်- သူတို့မလိုက်နာကြ။ ဒီမတရားတဲ့ဥပဒေကို ချိုးဖောက်၊ ကြံ့ဖွံ့နိုင်ရေး ပြောင်ပြောင်တင်းတင်းလုပ်၊ အနိုင်ကျင့်။ တွေ့နေကြပြီ မဟုတ်လား၊ အထင်အရှား။

နအဖ ဘက်သား ပါတီတွေ- ငုံ့ခံနေကြမယ်  
ဒီမိုကရေစီဘက်သား ပါတီများ- သူတို့ ဥပဒေနဲ့ သူတို့ကို တရားပြန်စွဲကြ- အဲဒါက ဥပဒေတွင်းတိုက်ပွဲ။

ဥုံဟ ဖွဟ - အလိုတော်ရိနဲ့ ဒီမိုကရေစီ ထင်ရှားအောင် ခွဲပြ ခွဲပြကြ
ခုချက်ချင်း ကွဲပြားအောင် ခွဲပြကြ ။ ငါ့အမိန့် မဟုတ် ။ လူထုအမိန့် ။ မဲလိုချင် အလုပ်နဲ့ပြ ။

ရွေးကောက်ပွဲ သပိတ်မှောက်တဲ့ NLD ( ဒီချုပ် )
ဗဟိုကော်မီတီတွေ နယ်ဆင်းတယ်။ မှန်လိုက်လေ။
တိုင်းကော်မီတီတွေ ဘာဆက်လုပ်လဲ? ဘာဆက်လှုပ်လဲ?
မြို့နယ်စည်းတွေ တုတ်တုတ်မျှမလှုပ်။ အကုန်လုံးလှုပ်ကြ။

သပိတ်- သပိတ်- မှောက်- မှောက်
အနိုင်လား ? စတိလား ? အလုပ်ပြရုံလား ?
ဗဟိုကော်မီတီလော ? ဒေါ်အောင်ဆန်းစုကြည် တမန်တော်လော ?
တကယ် အလုပ် လုပ်မှာဆိုရင်- အလုပ်ဖြစ်ဖို့ အချိန်ရှိသေး ။
အနိုင်ရဖို့ အခြေအနေရှိသေး။ ဗဟိုက ဦးစီပြီးလုပ်။
ဆက်လုပ်။ ဆက်လှုပ်။ အုံနဲ့ ကျင်းနဲ့ လှုပ်။
လှုပ်- လှုပ်- လှုပ်။ ဆက်လှုပ်။

သပိတ် မှောက်ကြလို့ - ဆော်သြတဲ့ လူ့ဘောင်သစ်
ရွေးကောက်ပွဲ တိုက်ပွဲကြီး
ဘယ်အဆင့်ရောက်ပြီလဲ ? ဘာတွေလုပ်ပြီးပြီလဲ ?
အလုပ်ပါရဲ့လား ? သြဝါဒ ပေးရုံဘဲလား ?
ညီလာခံကြီး ကျင်းပ။ ရုပ်မြင်မှာ ခမ်းခမ်းနားနား ။
အဲဒါ သပိတ်တိုက်ပွဲလား? ဖော်ရှိုးလား ?

မြေအောက်ယူဂျီ
အန္တရာယ်ကင်းရာ၊ နိုင်ငံခြားမှာ၊ စတိုင်ကျကျ
ပြောလိုက်၊ ဟောလိုက်၊ စကားလုံး လောက်နဲ့တော့-
တော်လှန်ရေးနဲ့ မထိုက်တန်သေး ။

မင်းမနိုင် - မိအေး ။
၂၀ - ၁၀ - ၂၀၁၀ ။

No comments: