ကြုံဘူးမှ ယုံစဖွယ်ဟူသောစကားကို အားလုံးကြားဖူးကြပေလိမ့်မည်။ ယုတ္တိလည်း လွန်စွာတန်သော စကားဖြစ်ပါ၏။ မည်သူမဆို သဘာဝထက်လွန်သော နေ့တဒူဝ သိ၊ မြင်၊ တွေ့နေကြ အကြောင်းအဖြစ် အပျက်များမဟုတ်ပါက ကိုယ်တွေ့မဟုတ်၍ မယုံကြည်နိုင်ကြ ခြင်းများအား အပြစ်ဖို့ရန် မလိုအပ်လှပေ။ တစ်ခါတစ်ရံ ကိုယ်တွေ့ ဖြစ်ရပ်များသည် လွန်စွာမှ ဆန်းကြယ် အံ့မခန်းဖြစ်ကြရ၏။ ပြောပြ၍ မယုံကြည် နိုင်လောက်အောင်လည်း ဖြစ်ကြရ၏။ ထိုမယုံကြည်နိုင်ကြကုန်သော အဓိကအကြောင်းအရင်းမှာ (ပရု) ဟူသော သက်သေ အထောက်အထားကို မပြသနိုင်ကြခြင်းကြောင့်သာလျှင် ဖြစ်ပါ၏။ သက်သေပြနိုင်ကြ ခြင်းသည် ကြိုတင်စီစဉ်ထားကြ၍သော်၎င်း ရုပ်သံစက်တို့ဖြင့် မှတ်တမ်းတင်ရန် အခွင့်ကြုံ သွားကြ၍ သော်၎င်း ဖြစ်ရကား ထိုအခါမျိုးတွင်ပင် တိုးတက်လာသော နည်းပညာများကြောင့် ပြုလုပ်ခြင်း (အဖက်က်ထ်) များလော၊ သို့လောသို့လော တစ်မျိုးထင်ခံကြရပြန်ပါ၏။ တစ်ချို့ များမှာလည်း တမင် ဖန်တီးယူထားကြခြင်းဖြစ်ပြီး လုပ်ကြံ၍ ဖန်တီးထားကြကုန်၏။
ယ္ခု ကျွန်ုပ်၏ ကိုယ်တွေ့ဖြစ်ရပ်ကြီးမှာ မည်သည့်ရုပ်သံမျှ မတင်ပြနိုင်သော်လည်း စာဖတ်သူ နှင့်တစ်ကွသော ကမ္ဘာကြီးကို တုန်လှုပ်ခြောက်ခြားသွားစေလိမ့်မည်ဟု ယုံကြည်မိပါသည်။
ယ္ခု ကျွန်ုပ်၏ ကိုယ်တွေ့ဖြစ်ရပ်ကြီးမှာ မည်သည့်ရုပ်သံမျှ မတင်ပြနိုင်သော်လည်း စာဖတ်သူ နှင့်တစ်ကွသော ကမ္ဘာကြီးကို တုန်လှုပ်ခြောက်ခြားသွားစေလိမ့်မည်ဟု ယုံကြည်မိပါသည်။
ကျွန်ုပ် သန်သန်စွမ်းစွမ်း အားကောင်းမောင်းသန်လူရွယ်ကလေး အရွယ်တွင်ဖြစ်ပါ၏။ ကျွန်ုပ်တို့ နေထိုင်ရာရွာာနှင့် နှစ်မိုင်သာသာမျှအကွာတွင် ပန်းကုန်း ဟူသော ရွာတစ်ရွာ ရှိ၍နေပြီးလျှင် တစ်ရွာစီ၏ မျက်နှာချင်းဆိုင် အစွန်းတစ်ဖက်စီသော ရွာဦးကွင်းတိုင်းတွင် စေတီတစ်ဆူစီ တည်ထားကိုးကွယ်ကြလေကုန်၏။ ဤသည်ကိုလည်း ဘုရားကုန်းဟု ခေါ်ဆိုသည်မှာ ရွာတိုင်း၏ မွေးရာပါ အမည်နာမလည်းဖြစ်ပေသည်။ တစ်ဖက်ရွာမှ တစ်ဖက်ရွာသို့ မျှော်၍ကြည့်ပါကြကုန်လျှင် စေတီတို့ကို အပြန်အလှန် တွေ့မြင်ကြရမည် ဖြစ်၏။
ကျွန်ုပ်တို့ရွာနှင့် ပန်းကုန်းရွာကို ဆက်သွယ်ထားသော တစ်ကြောင်းတည်းသော ကျောက်ခင်းလမ်းသည် အလွန်ဖြောင့်တန်းလွန်းလှပါ၏။ လမ်းဘေးအစပ် ဝဲယာဘက်တို့တွင် ခြုံပုတ်ငယ်လေးများနှင့် ယာခင်းများအတိသာဖြစ်ပါ၏။ တစ်နေ့တွင် ကျွန်ုပ်သည် အိမ်မှ နွားလှည်းဖြင့် ပန်းကုန်းရွာသို့ ဓာတ်မြေသြဇာများ သယ်ယူရန်အလို့ငှာ သွားရလေသည်။ ကျွန်ုပ်တို့ရွာ ဘုရားကုန်းသို့ ရောက်သောအခါ စိုစွတ်စွတ်အထုပ်တစ်ထုပ်ကို ကိုင်ထားသော အဖွားကြီး (အမေအို) အသက် (၇၀) ခန့် ခပ်ဝဝတစ်ယောက်ကိုတွေ့ကာ “ဗျို့အဖွားကြီး ကျွန်တော်ပန်းကုန်းသွားမလို့ လမ်းကြုံလိုက်ခဲ့လို့ရတယ်” ဟု ပြောလိုက်သောအခါ အဖွားကြီးသည် မျက်နှာမသာမယာဖြင့် ကျွန်ုပ်အား ခေါင်းခါပြပြီးလျှင် ပန်းကုန်းဖက်သို့ တူရူ၍ သုတ်သုတ်နှင်လေတော့၏။
ထိုတွင်စဉ်၌ ကျွန်ုပ်၏နွားနှစ်ကောာင်သည် မကြုံစဖူး ပေကပ်ကပ်လုပ်ကြကုန်လေ၏။ အလေးပင်မပါဘဲ ဘယ့်နှယ်ဖြစ်ပါလိမ့်ဟု ဇဝေဇဝါလည်း ဖြစ်ရတော့၏။ ရွာ၏ဓလေ့အရ ဘုရားကုန်းသည် သရဲခြောက်ခြင်းဖြင့် နာမည်ကြီးသော နေရာဖြစ်ရကား ကျွန်ုပ်လည်း တောင်ကြည့်မြောက်ကြည့် လိုက်ကြည့်ပြီး ပေ၍ပင်ငြိမ်နေလိုက်၏။ ဆယ်မိနစ်ခန့် ကြာသော အခါ ဘာမျှမလုပ်ရပါဘဲ နွားများသည် ပန်းကုန်းရွာသို့ ဦးတည်၍ ရွေ့လျှားကြကုန်၏။ ဘာဖြစ်ပါလိမ့်ပေါ့။ ကျွန်ုပ်အရှေ့ဆီသို့ မျှော်၍ကြည့်လိုက်ပါသောအခါ အဖွားကြီးသည် မြန်မြန် သုတ်ခြေတင်နေသည်မှာ ဖုန်များပင် တစ်ထောင်းထောင်း ထလျှက်ရှိ၏။ အဖွားကြီးသည် အရွယ်နှင့်မလိုက်အောင်ပင် အလွန်မြန်မြန်လျှောက်နိုင်ပေသည်ဟု တွေးတောနေမိ၏။
လွင်ပြင်လယ်ကွင်းလမ်းများဖြစ်၍ မြင်ကွင်းသည် အလွန်သဲကွဲစွာ ထင်သာမြင်သာ ဖြစ်ရ၏။ ကြည့်နေစဉ် ထိုခဏ၌ပင် အဖွားကြီးသည် ချုံငယ်တစ်ခုတွင် လှစ်ကနဲ့ ပျောက်ကွယ်သွားတော့၏။ ကျွန်ုပ် ကြက်သီးများပင် တဖျန်းဖျန်းထသွားရတော့သည်။
ကျွန်ုပ်၏လှည်းသည်လည်း တဖြည်းဖြည်းနှင့် နီးလာ၏ ကြိမ်တံကို အသင့်ပြင်ဆင်ထားပြီးလျှင် အဖွားကြီးပျောက်ကွယ်သွားသော ချုံငယ်နားသို့ သတိကြီးစွာဖြင့် ချဉ်းကပ်လိုက်၏ လေအဝှေ့ တစ်ချက်တွင် ]ညှီစို့စို့ အနံ့ဆိုးတစ်ခုကို ရှုရှိုက်လိုက်မိ၏။ ကျွန်ုပ်ပို၍ပင် သတိကြီးရတော့၏။
ဤ၌တွင်ပင် ချုံကွယ်၌ ဘွားကနဲ အဖွားကြီးကို တွေ့လိုက်ရလေတော့၏ ကျွန်ုပ်၏ သွေးများ ငယ်ထိပ်ရောက်သွားလေပြီလားဟု ထင်မှတ်လိုက်ရတော့၏။ အကြောင်းမှာ အဖွားကြီးသည် ချုံအကွယ်တွင် ဖင်လှန်၍ ချီးပါနေခြင်းကို မျက်ဝါးထင်ထင် မြင်တွေ့ လိုက်ရသောကြောင့် ပင်ဖြစ်ပါတော့၏။

(အဖွားကြီး နှင့် ချီး ဟု သုံးစွဲထားခြင်းအား နားလည်ပေးကြစေလိုသည်)
စာရေးဆရာအမည်= မိုက်ကယ်ဂျော်နီအောင်ပု။ခေါင်းစီး= ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့သော ကိုယ်တွေ့ဖြစ်ရပ်။
မူပိုင်= http://www.mandalaygazette.com/
Written by: michaelaungpu .
No comments:
Post a Comment