NLD ရဲ့ရွေးကောက်ပွဲ သပိတ်မှောက်မှု ကြေညာချက်အား ပြည်သူများက တစ်ခဲနက်ကြိုဆို

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်ရဲ့ ရွေးကောက်ပွဲ သပိတ်မှောက်မှု သတင်းထုတ်ပြန်ချက်ကို ပြည်သူက တစ်ခဲနက် ကြိုဆိုသည်ဟု ရန်ကုန် နိုင်ငံရေး လှုပ်ရှားမှု အသိုင်းအ၀ိုင်းမှ သတင်းရရှိသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ်သည် စစ်အစိုးရက မကြာခင်ကျင်းပမည့် ရွေးကောက်ပွဲအား သပိတ်မှောက်မည့် ကိစ္စအတွက် ပြည်သူကို ယခုထက် ပို၍ ဦးဆောင်လှုံဆော်မှုပေးကာ ဆန့် ကျင်သင့်သည်ဟု သုံးသပ်သူများလည်းရှိသည်။

စစ်အစိုးရ၏ လက်ဝေခံ ပါတီ တစ်ခု ဖြစ်သည့် ကြံ့ဖွံ့ ပါတီ သည် နိုင်ငံတ၀ှမ်း၌ ယနေ့ ရုံးများ ဖွင့်လှစ်သည် ဟု သတင်းရရှိသည်။ ကြံ့ဖွံ့ ပါတီသည် မြန်မာနိုင်ငံနေရာ အချို့တွင် စည်းရုံးရေးများ လုပ်ဆောင်သော် လည်းပြည်သူ၏  ပါဝင်မှုမရရှိဟု သိရသည်။

ရန်ကုန် မြို့မှ တပ်မတော် အရာရှိဟောင်း တစ်ဦးကမူ NLD ကရွေးကောက်ပွဲ သပိတ်မှောက်ထားတယ် ဆိုတော့ ပြည်သူက မဲပေးမှာမဟုတ်တော့ဘူး … ကျွန်တော့် အနေနဲ့လည်း မဲပေးရအောင် အခုအချိန်ထိ တိုင်းပြည်အပေါ် ကိုယ်ကျိုးစွန့် မယ့်ကောင် တစ်ကောင်မှမမြင် သေးဘူး အားလုံးအချောင်သမားတွေ ဟု ပြောသည်။

စစ်အစိုးရ ၏ လမ်းပြမြေပုံထဲမှ နောက်ဆုံးအချက်ကို နိုဝင်ဘာလ ၇ ရက်နေ့ တွင် အကောင်အထည်ဖော် မည်ဖြစ်သည်။ ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီ အနိုင်ရပါက ပြည်သူလူထု၏ အုံကြွမှုနှင့် ရင်ဆိုင်ရနိုင်သည် ဟု ရန်ကုန် နိုင်ငံရေး အသိုင်းအ၀ိုင်းက သုံးသပ်သည်။

Freedom News Group မှ ကူးယူဖော်ပြသည်။


No comments: