တခါက ရွာတရွာမှာ ချစ်ချစ်ဆိုတဲ့ လူတယောက်ရှိတယ်။ ဗိုလ်ရှစ်မောင်က ရှောက်လုံးပြူးနဲ့ မြက်ချောကို ရှောက်ရှက်ပစ်တာ တရှက်ပဲ ချပ်မှန်ပီး အကုန်ရှော်သွားတယ်ဆိုတဲ့ “ရှ” နဲ့ “ချ” ကို တလွဲသုံးပြောတဲ့ လယ်ဝေးသားတွေ အပြောနဲ့ဆိုယင် ရှစ်ရှစ်ပေါ့။ ရှစ်ရှစ် အဲလေ ချစ်ချစ်ဆိုလို့ ဣိတ္ထိယခေါ် မိန်းမတယောက်တော့မဟုတ်ဖူး။ ယောင်္ကျားမှ အဆင်း အင်္ဂါ အလုံးအရပ်ကော သတ္တိကော ကောင်းတဲ့ ယောင်္ကျားကြီးလုံးလုံးဖြစ်သော ပုရိဿပေါ့။ ဒါပေမယ့် ထိုးထွင်းသိမြင် ဝေဖန်ပိုင်းခြား ခြင်း ကြံရည်ဖန်ရည်ဆိုတဲ့ ဗျတ္တိကတော့ နဲရှာတယ်အဲလေ နဲနဲချာတယ်။ စိတ်ရောဂါဆန်ဆန်တခုကြောင့် ဒီလို ဖြစ်နေတာပဲ။ ဒီအချက်ကိုတော့ နီးစပ်ရာလူတချို့ပဲသိတယ်။ နာမည်ရင်းကတော့ ဘချစ်တဲ့။ တကယ်တော့ သူ့ရဲ့အဆင်း အင်္ဂါ အလုံးအရပ်ကော သတ္တိကော ကောင်းတဲ့အရည်အချင်းတွေအပြင် ရပ်ကျိုးရွာကျိုးကိုလည်း တတ်စွမ်းသလောက် စေတနာကောင်းကောင်းနဲ့ အားကျိုးမာန်တက် ဆောင်ရွက် တတ်တာကြောင့် “ဘ” တင်မက ဘွားကော၊ ဦးကော ဒေါ်ပါမကျန် တရွာလုံးက ဝိုင်းချစ်ြ က ဦးစားပေကြရတဲ့ ရွာ့မင်းသား ရွာ့မျက်ရှုပါ့။ ဒါကြောင့်လည်း ချစ်စနိုးနဲ့ ဘချစ်ကို ချစ်ချစ်လို့ အဖျားဆွတ်ခေါ်နေကြတာပဲ။
ရှစ်ရှစ် အဲလေ ချစ်ချစ်ဟာတနေ့မှာ ရွာကိုတိုးတက်ကြီးပွားအောင် လုပ် ပေးနိုင်လိမ့်မယ်လို့ လဲမျှော် လင့်ကြတယ်။ ဒါပေမယ့် အထက်မှာပြောခဲ့သလို စိတ်ရောဂါဆန်ဆန် အကျင့်တခုကရှိေ နတယ်။ သူ့သဘောက နေရာတကာမှာ လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်းရှိစေချင်တယ် ၊ ဖြစ်စေချင်တယ်။ ပွင့်လင်းရောဂါပေါ့။ ဒါကြောင့်အပိတ်အဆို့တွေ အတားအဆီးတွေလို့ထင်တဲ့ တံခါးမှန်တွေတွေ့ယင် သားရေကြိုးတချောင်းနဲ့ ရိုက်မခွဲပဲမနေနိုင်ဘူး။
သူ့စိတ်အထင်က ဒီမှန်တံခါးတွေမရှိယင် လွတ်လပ်သွားမယ် ပွင့်လင်းသွာမယ်ထင်နေတာ။ ဒီတံခါးတွေ ဘာ့ကြောင့်ရှိနေတာ ဘယ်လိုရှိနေတာကိုသူမသိဘူး။ အစပိုင်းတော့ ဒီရောဂါက သိပ်မဆိုးဘူး။ ကွဲသွားတဲ့မှန်တွေအတွက် ငှက်ပစ်ယင်းချော်သွားလို့ပါလို့ ဆင်ခြေပေးတန်တာပေး၊ လျော်တန်တာလျော်နဲ့ ရောဂါကို လူမသိအောင် ဖုံးဖိနိုင်သေးတယ်။ နောက်ပိုင်းအခြေနေတွေ ဆိုးလာတော့ ဆင်ခြေပေးဖို့ခက်လာတယ်။ ဖုံးဖိဖို့ခက်လာတယ်။ ဒါကြောင့်နီးစပ်ရာတွေက ဆေးကုမှဖြစ်တော့မယ်ဆိုပြီး စိတ်ကုဆရာဝန်ရှိရာ မြို့ကိုခေါ်လာ ကြတယ်။ မြို့ဆေးခန်းရောက်တော့ ထုံးစံအတိုင်းတန်းစီ တိုကင်ပြားယူ ကိုယ့်အလှည့်စောင့်ပေါ့။ ကိုယ့်အလှည့်ရောက်တော့ ရှစ်ရှစ် ဆိုပြီးခေါ်လာတယ်။ ကုလားဆရာဝန်ကလဲ စကားမပီတော့ ချစ်ချစ်ကို ရှစ်ရှစ်လို့ပဲခေါ်တာပေါ့။ ဒါနဲ့အဖော်တယောက်နဲ့ ဆရာဝန်အခန်း ကို ဝင်သွားကြတယ်။ အထဲရောက်တော့ ပါလာတဲ့အဖော်က ဖြစ်ကြောင်းရယ်ကုန်စင် ချစ်ချစ်ရဲ့ရောဂါအခြေနေကိုပြောပြတယ်။ ချစ်ချစ်ကတော့ ဘေးနားကနေဘာမှ မဟုတ်ပဲ ဒီလူတွေရောဂါမဟုတ်တာကို ရောဂါလုပ်နေတယ်၊ သူကတော့ပုံမှန်အေးဆေးပဲ၊ ဒီလူတွေစိတ်ချမ်းသာဖို့ လုပ်ချင်တာလုပ် ပြောချင်တာပြော လိုက်လျောပေးနေတာဆိုတဲ့ အပေါက်နဲ့ နားထောင်နေတယ်။ အဖော်ပါတဲ့သူက အကျိုးအကြောင်းစုံ ကိုပြောပြီးတာနဲ့ ဆရာဝန်က ကျုပ်ချစ်ချစ်နဲ့နှစ်ယောက်တည်း ဆွေးနွေးစရာရှိတယ်ဆိုပြီး အဖော်ပါ လာတဲ့သူကို အခန်းပြင်ထွက်ခိုင်းလိုက်တယ်။ နှစ်ယောက်တည်းရှိတဲ့အခါ ဆရာဝန်က ချစ်ချစ်ကိုမေးတယ်။
“ဒီလူပြောတာတွေဘယ်လိုလဲ”
“အလကားပါဗျာ ဒီလူတွေကကျုပ်ကို အစိုးရိမ်လွန်ပြီးပေါက်နေကြတာ"
“မှန်တွေကိုသားရေကြိုးနဲ့ ခွဲပစ် နေတာကြတော့ကော”
“ဒါကတော့ဟုတ်ပါတယ်၊ ဟုတ်တယ်လေဗျာ ဒီတံခါးတွေမှန်တွေရဲ့သဘောကအပိတ် အဆို့တွေ၊ အချုပ်အနှောင်တွေ၊ ဒါတွေမရှိမှ လွတ်လပ်လာမယ် ပွင့်လင်းလာမယ် ဒါကြောင့်ကျနော်ကခွဲပစ်နေရတာ”
“မှန်တာပေါ့၊ ပွင်းလင်းလာဖို့က ဒီတံခါးတွေမရှိမှဖြစ်မှာပေါ့"
“ဆရာက သဘောပေါက်လွယ်တယ်၊ ကျနော့ရွာကလူတွေကတော့ မနိပ်ပါဘူး၊ အာပေါက်အောင်ရှင်းပြလဲ သဘောကမပေါက်ကြဘူး ကျနော့တောင် အရူးထင်နေကြတယ်”
“ဟုတ်တာပေါ့ ရှစ်ရှစ်ရာ၊ သူတို့ကစာမှသိပ်မတတ်ကြပဲ။ ဒါနဲ့ ဒီတံခါးတွေ ဘာကြောင့်ဖြစ်လာတယ် ဘယ်လိုရှိနေတယ်ဆိုတာကို စဉ်းစာြး ကည့်ပါအုံး”
“ဒါတွေစဉ်းစားနေယင် အချိန်ကုန်တာပဲ အဖတ်တင်မယ်၊ လက်တွေ့လုပ်နိုင်တာအယင်လုပ်ရမှာ ပဲ။ ကျုပ်ကစိတ်ကူးယင် သမားမဟုတ်ဖူး ဗျ။ ဒီရွာသားတွေနဲ့တော့ ခက်တယ်ဗျာ၊ သူတို့လွတ်လပ်ပွင့်လင်းဖို့အတွ က် ဒီတံခါးတွေ မှန်တွေကို ရိုက်ခွဲရမယ်ဆိုတာနားမလည်ကြဘူး၊ ဒါကြောင့် ကျုပ်ကစေတနာနဲ့ ဒိုင်ခံ ရိုက်ခွဲပေးနေရတာ။ ကျုပ်စေတနာတွေ ဘယ်လောက်ကြီးမားပြင်းထန်နေသလဲဆို မှန်တံခါးနဲ့ သားရေကြိုးတွေ့ယင် နေကို မနေနိုင်ဘူးရိုက်ခွဲလိုက်ရမှ ဆရာရဲ့၊ ဆရာလဲရွာသားတွေကို လွတ်လပ်ပွင့် လင်းစေချင်ယင် ကျနော်နဲ့ပူးပေါင်းပါ”
“ကောင်းပါပြီ ရှစ်ရှစ်ရယ်၊ ဒါနဲ့စကားမစပ်တခုမေးမယ်”
“မေးပါဆရာ၊ ဆရာ မရှင်းတာတွေ နားမလည်တာတွေ အကုန်ကျနော်ရှင်းပြပေးပါ့မယ်။ ကျနော်ကပွင့်လင်းမှကြိုက်တယ်”
“ဒီလိုဗျာ ရှစ်ရှစ်.. အကျော်အမော် အချောအလှမော်ဒယ်လေးတယောက်နဲ့ ခင်ဗျား နှစ်ယောက်တည်း မှန်လုံခန်းကြီးထဲမှာရှိနေတယ်၊ မော်ဒယ်လေးကလဲ ခင်ဗျားကို ရွှန်းလဲ့တဲ့မျက်လုံးရွဲကြီးတွေ နဲ့ ဖိတ်ခေါ်သလိုကြည်နေမယ်ဆိုယင် ခင်ဗျားဘာလုပ်မလဲ”
“ဟာဗျာဆရာကလဲ သိသားနဲ့မေးနေရတယ် ဟဲဟဲ”
“ပြောပါအုံး ခင်ဗျားဘာလုပ်မလဲ ဆွေးနွေးတဲ့သဘောပေါ့”
“ဟဲ ဟဲဆရာကလဲ..ပထမဆုံး ဟေ့ အလှလေး..ရုပ်ကလေးကလှသလို မင်းရဲ့နာမည်လေးကလဲလှမယ်ဆိုတာ ကိုယ်သိပါတယ်၊ မင်းရဲ့နာမည်လှလှလေးက ဘာများပါလိ မ့်..ဆိုပြီးသူနားကပ်ထိုင်လိုက် မယ်ဆရာ”
“နောက်ပြီးတော့ကော” “ သူ့လက်ကလေးကိုကိုင်မယ်ဆရာ”
“ပြီးတော့ကော” “ပါးလေးကိုကိုင် မယ်ဆရာ”
“ပြီးတော့ကော” “နမ်းမယ်ဆရာ”
“ပြီးတော့ကော” “အင်္ကျီကိုချွတ်မယ်ဆရာ”
“ပြီးတော့ကော” “အောက်ခံအင်္ကျီကို လဲချွတ်မယ်ဆရာ”
“ပြီးတော့ကော” “နမ်းမယ်ဆရာ”
“ပြီးတော့ကော” “ထမိန်ကိုချွတ်မယ်”
“ပြီးတော့ကော” “အောက်ခံဗောင်းဗီကို ချွတ်မယ်”
“ပြီးတော့ကော” “အောက်ခံဗောင်းဗီက သားရေကြိုးကိုထုတ်ပြီး ဘေးကမှန်တွေကိုခွဲပစ်မယ်ဆရာ” လဲဆိုရော ကုလားဆရာဝန်လဲ သူ့နဖူးသူလက်နဲ့ အားကုန်ရိုက်ပြီး ရေရွတ်လိုက်တာက “ ဟရေး ဘားဗရေး.. ဗောင်းဗီကျွတ်တွားဒါေ တာင် တယေကြိုးပဲနင်တေ့တယ် တယေကြိုးဂိုကျိတ်နာဒယ်”
ရဲဘော်ကျော်သန်း
No comments:
Post a Comment