စစ်တွေမြို့တွင်လုံခြုံရေးစိုးရိမ်နေရ

ဆူပူများပိုများလာနေသည့် အတွက် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လုံခြုံရေး အလွန်စိုးရိမ်နေရကြောင်းသိရ သည်။

“ဒီမှာက လုံခြုံရေး အရမ်းကို အရေးကြီးနေပါတယ်၊ ဘင်္ဂလီတွေ
နေတဲ့ ရပ်ကွက်တွေမှာရှိတဲ့ ရခိုင်တွေဆိုရင် ထွက်ပြေးလာကြတယ်၊ အခု မင်းဂံရပ်ကွက်တို့၊ စက်ရုံစု ရပ်ကွက်တို့ဟာ လုံခြုံရေးအရ အရမ်းကို စိုးရိမ်နေရပါတယ်၊ ဒီကလူတွေ ကင်းလှည့်နေကြတာ ၄ ရက်ရှိသွားပြီ၊ ညလဲ မအိပ်ရဘူး၊ သက်ဆိုင်ရာကလဲ ကင်းလှည့် ထားပါတယ်၊ ဒါပေမယ့် ဘင်္ဂလီတွေက ရဲတွေကိုမကြောက်ဘူးဟု မင်းဂံရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။

“ ဒီပြဿာနာက တော်တော်လေးကို ပြင်းထန်လာတယ်၊ မနေ့က ဘင်္ဂလီတွေဟာ ရခိုင်အိမ်တွေကို မီးရှီု့ဖျက်ဆီးဖို့အတွက် ချီတက်လာကြတယ်၊ ကျနော်တို့ဘက်ကလဲ ပြည်သူအင်အားတွေ ဖြည့်ထားတယ်၊ ဒုက္ခသည်တွေ အတွက်လည်း ကျနော်တို့ ကူညီထောက်ပံ့တာတွေလုပ်နေပါတယ်၊ အခု မင်းဂံရပ်ကွက် ဓမ္မာရုံမှာ ဒုက္ခသည်တွေ အတွက် စားရေးသောက်ရေးကို စီစဉ်ထားပါတယ်၊”ဟု မင်းဂံရပ်ကွက်မှ ကိုနိုင်စိုးကပြောသည်။


လက်ရှိတွင် စစ်တွေမြို့၌ ဆိုင်ခန်းများ အားလုံးပစ်ထားရသလို ညနေဘက်တွင်လည်း ဆူပူမှုဖြစ်လာမည့် အနေအထားရှိကြောင်း ဒေသခံများကပြောသည်။

“ညဆိုရင် ဘင်္ဂလီတွေက ရခိုင်အိမ်တွေကို ၀င်စီးမယ့် အနေအထားရှိတယ်၊ အခုမင်းဂံရပ်ကွက်ဆိုရင် မီးခိုးတွေ တစ်ထောင်းထောင်းနဲ့၊ ဒီအတိုင်းဆိုရင်တော့ မလွယ်ဘူးဗျာ၊ ကျနော်တို့်အတွက် တကယ့်ကို ရင်လေးစရာဘဲ၊ ဒဏ်ရာရတဲ့ ရခိုင်တွေလဲ မနည်းတော့ဘူး၊ အခုဈေးတွေလဲပစ် အလုပ်တွေလဲ ရပ်ထားရတာ ၃ ရက်ရှိသွားပြီ မရှိဆင်းရဲသားတွေအတွက် တော်တော်လေးကို ဆိုးနေပါပြီ။ ဒါကို သက်ဆိုင်ရာက အမြန်ဖြေရှင်းစေချင်တယ်ဗျာ၊” ဟု ဒေသခံကိုဆန်းဝေ ကပြောသည်။
---------------

ဆရာမ ကျနော်အင်တာနက် သုံးနေတဲ့ အချိန် ဘင်္ဂလီတွေ ချီတက်လာတယ်ဆိုတဲ့ အတွက်ကျနော် သွားတော့


မြစ်မခရဲ့ ရခိုင်ပြည်နယ် သတင်းထောက် ဂျီမေးကတဆင့် နောက်ဆုံးပေးပို့ထားတဲ့သတင်းပါ။ 

No comments: