မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီး ဂေါပက အဖွဲ့ပိုင် အိုးစည်တန်းရှိ ဆိုင်ခန်းတစ်ခန်းကို ဦးအောင်တင့်စန်းက ၀ယ်ယူပိုင်ဆိုင်ထားပါသည်။ ဆိုင်ခန်း၏ နောက်ဖေးဝင်ထွက်ပေါက် လုံခြုံစိတ် ချမှုရှိရန်အတွက် ဂေါပကရုံးမှ ခွင့်ပြုချက်ရရှိပြီးမှ ပြုပြင်ရာ ဂေါပကအဖွဲ့မှ ဦးစန်းလွင်ဦး၊ ဦးခင်မောင် မြင့်နှင့် အဖွဲ့က ဆိုင်ရှင်ခွင့်ပြုချက်မတောင်းပဲ ဆိုင်ခန်းအတွင်း ၀င်ရောက်ဟန့်တားခဲ့ရာမှ နှစ်ဖက် အငြင်းပွားခဲ့ပါသည်။ ဘုရားကြီးဂေါပကအဖွဲ့က ဦးအေင်တင့်စန်း အပေါ် လုံးဝမရှိသော ဘုရား အုတ်တံတိုင်း ဖျက်ဆီးမှုနှင့် အမှုဖွင့် အရေးယူခဲ့တဲ့အတွက် ဦးအောင်တင့်စန်းမှာ ချမ်းမြသာစည် မြို့နယ် တရားရုံးကနေ အဆင့်ဆင့်တရားရုံးများသို့ အချိန်ကြာမြင့်စွာ ဖြေရှင်းခဲ့ရ ပါသည်။
ဦးအောင်တင့်စန်းက မိမိဆိုင်ခန်းအတွင်း ခွင့်ပြုချက်မတောင်းပဲ ၀င်ရောက် ခြိမ်းခြောက်ဟန့် တားခဲ့
ဦးအောင်တင့်စန်းအနေနှင့် အချိန်တစ်နှစ်မျှ ရင်ဆိုင်ဖြေရှင်းရခြင်း အမှန်မရှိသော အုတ်တံ တိုင်း ဖျက်ဆီးသည်ဟု မမှန်စွပ်စွဲ ခဲ့ခြင်းတို့အပေါ် မကျေနပ်သဖြင့် ၄င်းအား အပြီးပြတ်လွှတ်ပေးပြီး ချိန်မှာ တိုင်ကြားသူများအပေါ် ဂုဏ်သိက္ခာထိခိုင်နစ်နာအောင် ဆိုင်ရွက်ခဲ့ခြင်းနှင့် မမှန်စွပ်စွဲတိုင်ကြား ခဲ့ခြင်း များအတွက် အရေးယူပေးရန် အမှုဖွင့်တိုင်ကြားခဲ့ပါသည်။
ချမ်းမြသာစည်မြို့နယ်တရားရုံး တွဲဖက် တရားသူကြီး ဒေါ်ဥမ္မာအေးက လက်ခံကြားနာပြီး အမှုကို စုံစမ်းစစ်ဆေးစေရန် အမှတ်(၁၀) ရဲစခန်းသို့ တာဝန်ပေးအပ်ခဲ့ပါသည်။ အမှတ်(၁၀) ရဲစခန်းမှ စခန်းမှူးနှင့် အမှုစစ်ရဲအရာရှိ ဒုရဲအုပ် ခင်ကိုကို တို့က အမှုကို စုံစမ်းစစ်ဆေးပြီး ဦးအောင်တင့်စန်းက ရဲတိုင်ကြားချက်များ မှန်ကန်ကြောင်း တရားရုံးသို့ အစီရင်ခံတင်ပြခဲ့ပါသည်။ သို့သော် ချမ်းမြသာစည် တရားရုံးမှ အမှုအား လက်ခံခြင်းမပြုပဲ ပလပ် ခဲ့ပါသည်။ နိုင်ငံသားတစ်ဦးအနေဖြင့် အဖွဲ့အစည်းများ နှင့် အငြင်းပွားမှုပေါ်ပေါက်လာလျှင် တဖက်သတ် ဖိနှိပ်အနိုင်ကျင့်ခံရမှုသာ များပြီး တရားရေးအနေနှင့် အမှန်တရားဘက်မှာ မရှိပဲ အဖွဲ့အစည်း ဖက်မှ ကူညီပံ့ပိုးခြင်းဟာ တရားစီရင်ရေး ယန္တရားကို အလွဲသုံးစားပြုရာရောက်ပါသည်။
နိုင်ငံသားတစ်ဦးမှာ တာဝန်ကိုယ်စီရှိသလို အခွင့်အရေးလည်းရှိပါသည်။ မိမိအခွင့်အရေးကို ထုတ်ဖော်တင်ပြခွင့်မရဘဲ အဖွဲ့အစည်းနှင့် တရားရေး ပူးပေါင်းချေဖျက်မှုများ အမှန်တရားပေါ် ပေါက်လာစေရေးအတွက် ဒီစာကို တင်လိုက်ဖြစ်ပါတယ်။
သည်ဖြစ်ရပ်ကို တင်ချင်လို့။ ဘယ်လိုများတင်ခွင့်ရမလဲ။ ကျေးဇူးပြုပြီး အကြောင်းပြန်ပေးပါ။
No comments:
Post a Comment