"အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်" လို့ သစ္စာဆိုရလို့ အခြေခံဥပဒေ မပြင်နိုင်တော့မှာ စိုးရိမ်လို့ပါလို့ ဆိုနေတဲ့ ပုဂ္ဂိုလ်များသိစေရန်မှာ..
"အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်" ဆိုတဲ့ စကားဟာ လုပ်ထုံးလုပ်နည်းအရ အမြဲလိုလို ပါလေ့ရှိတဲ့ စကား (Procedural Words) သာဖြစ်တယ်။
၁၉၆၂ အာဏာသိမ်းတဲ့ မတ်လ (၂) ရက်နေ့ ပထမဆုံးမှာ ပျက်စေဆိုပြီး ဗိုလ်နေဝင်း အမိန့်ထုတ်ခံရတဲ့ ဗမာပြည်ရဲ့ ပထမဆုံး အခြေခံဥပဒေကိုလည်း ဗိုလ်နေဝင်းကိုယ်တိုင် ၁၉၅၈ အာဏာသိမ်းခဲ့တုန်းက "အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်" ဆိုပြီး ကျမ်းသစ္စာ ဆိုခဲ့ရတာပဲ။
"အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်" ဆိုတဲ့စကားက အခြေခံဥပဒေနဲ့ အုပ်ချုပ်တဲ့ နိုင်ငံတိုင်းလိုလိုမှာလည်း သုံးတဲ့ စကားလည်းဖစ်တယ်။
အမေရိကန် သမ္မတတစ်ယောက်၊ ဒါမှမဟုတ် လွှတ်တော် အမတ်တစ်ယောက် ရာထူးလက်ခံယူမယ် ဆိုရင်လည်း "အခြေခံ ဥပဒေကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကာကွယ်၊ ထိန်းသိမ်း၊ စောင့်ရှောက်ပါမည်" အင်္ဂလိပ်လို "Preserve, Protect and Defend the Constitution" ဆိုတဲ့ အဓိပ္ပါယ်မျိုး ကျမ်းသစ္စာ ကျိန်ဆိုရတာပဲ။
"အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်" ဆိုတဲ့ ကတိသစ္စာ ပြုချက်ကြောင့် ဥပဒေ မပြင်နိုင်ခြင်း အကြောင်းဖြစ်စရာမရှိပါ။ ဥပဒေပြင်ဖို့ သတ်မှတ်ထားတဲ့ အချက်အ လက်တွေ ပြည့်စုံရင်၊ ထောက်ခံမှုရရင် ပြင်လို့ရမှာပဲ။ မရရင် ပြင်လို့မရဘူးပဲ။
၂၀၀၈ နာဂစ် စစ်ဖွဲ့စည်းပုံအရ အခြေခံ ဥပဒေပြင်ချင်ရင် လွှတ်တော် ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်း က ပြင်ဆင်ခွင့် အဆိုပြုရမယ်။ လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းက ထာက်ခံရမယ်။ လွှတ်တော်က အတည်ပြုပြီးရင် ပြည်လုံးကျွတ် ဆန္ဒခံယူပြီး အတည်ပြုရမယ်။
ဒါတွေအားလုံး သိပြီးသား၊ နားလည်ပြီးသား အခြေအနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်။
ဆိုလိုချင်တာက NLD အနေနဲ့ နိုင်ငံရေး လမ်းစဉ်အရ မှန်ကန်တဲ့ လမ်းစဉ် မဟုတ်တဲ့ လမ်းကို ရွေးပြီးမှ ဒီလမ်းစဉ်က မှန်ပါတယ်လို့ ယူဆနိုင်အောင် ခုလွှတ်တော် မတက်သေးဘူးလို့ တင်းပြစရာ ဘာအကြောင်းမှ မရှိဘူး။ ပြည်သူ အများစုကလည်း ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်လုပ် ခေါင်းညိမ့် လက်ခံ၊ ကျေနပ်၊ နားလည်ပေး နေတာဖြစ်တဲ့အပြင်၊ မှားနေကြောင်း ပြန်လည် မေးခွန်းထုတ် ဝေဖန်ထောက်ပြနေတာကလည်း (ကျနော့်လို) လူနည်းစုသာဖြစ်တယ်။
ဒီလမ်းစဉ်မှားတယ်၊ အကောင်းဆုံးမဟုတ်ဘူးဆိုတာက (ကျနော့်အနေနဲ့) မလွှဲဧကန်မုချလို့ ခံယူ ထားပေမယ့် NLD ရင်ဆိုင်နေရတဲ့ အခြေအနေအရ အလုပ်သင့်ဆုံး အလုပ်၊ လမ်း၊ ရွေးချယ်မှု (Optimum Choice) ဆိုပြီး ယူဆလို့လည်း ရွေးကောက်ပွဲဝင်တဲ့ ဖြစ်စဉ် တလျောက် ဘာဝေဖန်မှုမှ မလုပ်ခဲ့ဘူး။
ခု ဖြစ်စဉ်က အခြေခံဥပဒေ ပြင်ဆင်ရေး ခရီးလမ်းမှာ ရှိနေတဲ့ အတားအဆီး၊ အပိတ်အပင်၊ အခက်အခဲ တွေကို သိလျက်နဲ့ အခြေခံဥပဒေကို၊ တနည်းအားဖြင့် အဲ့ အခြေခံဥပဒေနဲ့ မတရားတက်လာတဲ့ စစ်တပိုင်း အစိုးရကို နိုင်ငံတကာမှာပါ တရားဝင်ပိုဖြစ်စေတဲ့ လွှတ်တော်နိုင်ငံရေး လမ်းကို ရွေးပြီးမှ ရက်ပိုင်းပဲရှိသေးတဲ့ လွှတ်တော်ထဲဝင်မယ်..၊ မဲထည့်ပါ ဆိုတဲ့ စကားကို မထောက် ဒီတခေါက်တော့ မတက်သေးဘူး၊ နောက်တခေါက်မှ လို့ စဉ်းစာနေတဲ့ သဘောနဲ့..၊ ပါတီတစ်ခုက ကိုယ်စားလှယ်တွေက အရွေးခံရပြီးနောက် လွှတ်တော်ကို တက်ချင်တဲ့ အချိန်မှ စတက်လို့ရတယ် ဆိုတဲ့ နိုင်ငံရေးဓလေ့ကို ထောက်ထားပြီး ဝေဖန်ထောက်ပြရခြင်းဖြစ်တယ်။
http://www.facebook.com/nyeinchanaye81/posts/10150732034648704 မှ ကူးယူဖော်ပြသည်။
No comments:
Post a Comment