အောက်တိုဘာလ ၁ ရက်နေ့တွင် ဒီမိုကရက်တစ်မြန်မာ့အသံ၏ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် အင် တာနက် စာမျက်နှာတွင် ဒီဗွီဘီဖြင့် ဆက်စပ်လုပ်ကိုင်နေသော ပြည်တွင်းလှုပ်ရှားမှုလုပ်ငန်းများ၏ ဦးဆောင် မှုမှ ၂၀၁၀ ခုနှစ်အတွင်း အမေရိကန် ဒေါ်လာ ၃ သိန်းခန့် အလွဲသုံးစားမှု လုပ်ထားနိုင်ကြောင်း သတင်း ထုတ်ပြန်ခြဲ့ပီး၊ တီဗီအွစီအစဉ်တွင်လည်း ထိုအကြောင်းကို ယာယီဒါရိုက်တာအဖြစ် တာဝန်ယူထားသည်ဟု ဆိုသည့် ဦးဟန်ညောင်ရွှေနှင့် မေးမြန်းသူ သန်းဝင်းထွဋ်တို့က လိုသလို တဖက်သတ် မေးမြန်း စွပ်စွဲပြော ကြားခဲ့သည်ကို တွေ့ရှိခဲ့ရပါသည်။ ထိုကိစ္စအတွက် ဒီဗွီဘီ ဦးဆောင် တာဝန်ရှိသူနှစ်ဦးဖြစ်သည့် ဦးအေးချမ်း နိုင်နှင့် ဦးခင်မောင် ၀င်းတို့မှ ၎င်းတို့ရဲ့ လက်ရှိရာထူးများမှ ယာယီ နှုတ်ထွက် ပေးထားကြောင်းကို အသား ပေးဖော်ပြထားပြီး ပြည်တွင်းနက်ဝက် အကြီးအကဲကိုတော့ ဘုတ်အဖွဲ့ ညွန်ကြားချက်ဖြင့် စက်တင်ဘာ ၃၀ ရက်နေ့တွင် ရာထူးမှ တရားဝင်ဖယ်ရှားလိုက်ပြီဖြစ်ကြောင်းကို လုံးဝဖော်ပြခြဲ့ခင်းမရှိပါ။
ဖြစ်စဉ်မှာ_ ၂၀၁၁ သြဂုတ်လအတွင်း ဒီဗွီဘီမှ ပြည်တွင်းနက်ဝက်သို့ ပုံမှန်ချပေးနေသော ဘတ်ဂျတ်၏ သုံးပုံ တစ်ပုံခန့်အား ကြိုတင် အကြောင်းကြားမှု မရှိဘဲ လျှော့ချခဲ့သည့်အတွက် ပြည်တွင်းနက်ဝက် တာ ၀န်ယူ ဆောင်ရွက်နေရသူများမှ ထိုအတိုင်းအတာဖြင့် ပုံမှန်လုပ်နေကျ လုပ်ငန်းများအား လုပ်ဆောင်နိုင် လိမ့်မည် မဟုတ်ဘဲ လုပ်ငန်းများအား ရပ်တန့်ရရန် အလားအလာရှိသည်ဟု အော်စလိုသို့ အသိပေးအကြောင်း ကြားခဲ့သဖြင့် ဒီဗွီဘီအမှုဆောင်ဒါရိုက်တာ ဦးအေးချမ်းနိုင်ကိုယ်တိုင် ထိုင်းနိုင်ငံသို့လာရောက်ပြီး မြန်မာပြည် တွင်းမှ သတင်း ထောက်များကိစ္စ တိုက်ရိုက် ကိုင်တွယ်ဆောင်ရွက်နေရသည့် ပြည်တွင်းမှ မန်နေ ဂျာများနှင့် စက်တင်ဘာလ အတွင်း တပတ်ခန့် ဆွေးနွေးခြဲ့ကပါသည်။ အော်စလိုမှ စာရင်းကိုင်များမှ ငွေ ကြေးကွာ ဟမှုရှိကြောင်း သတင်းပို့ သဖြင့် ထိုကိစ္စကို ရှာဖွေဖော်ထုတ်နေစဉ်ကာလတွင် ယခင် နက်ဝက် ငွေကြေး စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှု နေရာတို့တွင် ၎င်းကိုယ်တိုင် တိုက်ရိုက် လုပ်ကိုင်ရမည်ဖြစ်ကြောင်း ပြောကြားခြဲ့ပီး နိုဝင်ဘာလတွင် ပြုလုပ်မည် ဖြစ်သော ဒိုနာအစည်းအဝေး မတိုင်မီအထိ ယာယီ နှစ်လတာ အလုပ်အတူ ဆက်လုပ်နိုင်ရန် ဖြစ်နိုင်ခြေများကိုရှာဖွေရန် ဖြစ်ကြောင်း ပြောခဲ့ပါသည်။
တပတ်ခန့် ဆွေးနွေးမှုများအတွင်း ပြည်တွင်းမန်နေဂျာများအား ပြည်တွင်းသတင်းထောက်များ အတွက် ပေးနေ ရသော လစာများ၊ အထောက်အပံ့များ၊ အခြား သတင်းရင်းမြစ်များအတွက် သုံးနေရသော ကုန်ကျစရိတ်များ စသည့် အသေးစိတ် အချက်များကို ဦးအေးချမ်းနိုင်မှ မေးမြန်းခြဲ့ပီး ဒိုနာများအား တင်ပြရန် ၎င်းဘာသာ တဖက်သတ် ဘတ်ဂျက်အစီအစဉ်သစ်တခုကို ရေးဆွဲခဲ့ပါသည်။
နောက်ဆုံးတွင် မန်နေဂျာများ အနေဖြင့် ဒီဗွီဘီအနေဖြင့် ဆက်လက် တောင်းဆိုနေသော ငွေကြေး အသုံးပြုမှု မှတ်တမ်း အပြည့်အစုံကို ပြည်တွင်းလုံခြုံရေး အကန့်အသတ်များအရ လုပ်ပေးနိုင်မည် မဟုတ်ကြောင်း၊ ရသမျှ မှတ်တမ်းများကိုလည်း နှုတ်ကတိများဖြင့်သာ ဆက်လုပ်နေပါကလည်း ယခုလို အော်စလိုမှ တဖက်သတ် စွပ်စွဲ နေသကဲ့သို့ အလားတူ ပြဿနာများ ထပ်မံ ပေါ်ပေါက်လာနိုင်ခြင်း၊ ယခင်ကလည်း ထိုကဲ့သို့ အော်စလိုမှ နှုတ်ဖြင့်စေခိုင်းခြင်း၊ နှုတ်ဖြင့် နားလည်အသိပေးခြင်း စသည့် ကိစ္စများမှာ ယခုအချိန်တွင် တာဝန်ခံမှု မရှိတော့ သဖြင့် အမှုကိစ္စကြီးမားလာခြင်း၊ ၂၀၀၆ ခုနှစ်ကတည်းက လုပ်ကိုင်လာခဲ့သော ပြည်တွင်းနက်ဝက် ခေါင်း ဆောင်များ၏ ဦးဆောင်မှုအား ဖယ်ထုတ်ပြီး ခါးလည်မှ ဖြတ်ယူ အုပ်ချုပ်မည့်အစီအစဉ်အား လက်မခံနိုင်ခြင်း၊ သတင်းကိစ္စတခုတည်းသာ မဟုတ်ဘဲ အခြား များမြှောင် ရှုပ်ထွေးလှသည့် ပြည်တွင်း လှုပ်ရှားမှု ကိစ္စရပ် များအား အော်စလိုမှ ဘေးကင်းလုံခြုံစွာဖြင့် ကိုင်တွယ်အုပ်ချုပ်နိုင်မည်ဟု ယုံကြည်မှုမရှိခြင်း၊ ပြည်တွင်း လှုပ်ရှားမှုများ ဘေးကင်း အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် ယခင်ကပင်ရှိခဲ့သည့် နက်ဝက် အတွင်း လစာငွေမျှဝေသုံးစွဲမှုစနစ်နှင့် စီမံကွပ်ကဲမှုအပေါ်တွင် သဘောထားမတိုက်ဆိုင်ခြင်း စသည့်အချက်များ ကြောင့် ဒီဗွီဘီမှ တဖက်သတ် ယူဆတောင်းဆိုနေသည့် လခစားဝန်ထမ်းစနစ်ဖြင့် ဆက်မလုပ်နိုင်ဘဲ အခြား အတူ လက်တွဲ လုပ်သွားနိုင်မည့်နည်းလမ်းများ ရှိနိုင်ပါက တတ်နိုင်သမျှ လုပ်ပေးသွားမည်ဖြစ်ကြောင်း ပြော ကြားခြဲ့ကပါသည်။
သို့သော်လည်း ဒီဗွီဘီအမှုဆောင်ဒါရိုက်တာ ဦးအေးချမ်းနိုင်မှ သူချပေးမည့်လမ်းကြောင်းမှလွဲပြီး ရွေးချယ်စရာ မရှိကြောင်း ပြောကြားလာသဖြင့် အခြား ရွေးချယ်ခွင့် မရှိသည့် ပြည်တွင်းမန်နေဂျာများနှင့် ပြည်တွင်းအုပ်ချုပ်မှု အခြေစိုက်ရာ မဲဆောက်ရုံး၊ သတင်းအချော ထုတ်လုပ်မှု ရုံးများမှ လုပ်ကိုင်နေသူအားလုံးနီးပါး မိမိတို့ သဘော ဆန္ဒဖြင့် ဒီဗွီဘီအမှုဆောင်ဒါရိုက်တာ ဦးအေးချမ်းနိုင် ရှေ့မှောက်တွင်ပင် ၁၉-၉-၂၀၁၁ နေ့တွင် သဘောတူ နှုတ်ထွက်ခြဲ့ကခြင်း ဖြစ်ပါသည်။ ရုံးသူ ရုံးသားများ နေထိုင်လုပ်ကိုင်နေသည့် ရုံးနှင့် လုပ်ငန်းခွင်ဆိုင်ရာ ပစ္စည်း များကိုလည်း ဦးတိုးဇော်လတ်အား ပြန်လည်ပေးအပ်ခြဲ့ပီးဖြစ်ပါသည်။ ဒီဗွီဘီမှ မိမိတို့အား ထုတ်ပယ်ခြင်း၊ အလုပ်ဖြုတ်ခြဲ့ခင်း မဟုတ်ဘဲ သဘောထားဆန္ဒများ တိုက်ဆိုင်မှု မရှိသည့်အတွက်သာ ဒီဗွီဖြင့် လမ်းခွဲခဲ့ ကြခြင်းဖြစ်ပါသည်။ ရုံးများကိုလည်း ဒီဗွီဘီအား ပြန်လည်အပ်နှံခြဲ့ပီး အော်စလိုမှ ၎င်းတို့ဘာသာ ပိတ်သိမ်းခဲ့ ခြင်း ဖြစ်ပါသည်။
ကွန်ယက်နက်ဝက်အနေဖြင့် စုပေါင်းလုပ်အား (Team Work) ပုံစံဖြင့် အလုပ်လုပ်ကိုင်ခြင်းဖြစ်ပြီး တာဝန်ခံမှု မှာလည်း တဦးတယောက်တည်း အပေါ်တွင် ပုံချထားခြင်း မဟုတ်ဘဲ ပါဝင်ပတ်သက်သူ စီမံအုပ်ချုပ်နေသူ အားလုံးတွင် တာဝန်ရှိသည်ဟု ယူဆသည့်အတွက် ဖြေရှင်းနိုင်ရန်အတွက် ပြည်တွင်းမန်နေဂျာများမှ ထိုကွာဟ နေသည်ဆိုသည့် ငွေမှာ မည်ရွေ့မည်မျှဖြစ်ကြောင်း၊ မည်ကဲ့သို့ တွေ့ရှိတွက်ချက်ခြင်း ဖြစ်ကြောင်း၊ ငွေကြေး အထောက်အပံ့ အလုံအလောက် မရသဖြင့် စတင် သတင်းပို့သည် ဆိုသော သတင်းထောက်နှင့်လည်း အားလုံး တွေ့ဆုံ ရှင်းလင်းနိုင်ပါကြောင်း စသည့် စွပ်စွဲချက်ထဲတွင် ပါဝင်သည့် အသေးစိတ် အချက်များကို မေးမြန်းခဲ့ သော်လည်း ဦးအေးချမ်းနိုင်မှ ၎င်းမှ သေချာ သိရှိခြင်းမရှိကြောင်းနှင့် စာရင်းကိုင်များမှသာ သိရှိမည်ဖြစ်ကြောင်း ပြောကြားခြဲ့ပီး အောက်တိုဘာ ၁ ရက်နေ့တွင် မီဒီယာမှ ကြေညာချက် ထုတ်ပြန်သော အခါမှသာ ထိုစွတ်စွဲချက် များထဲမှ အချို့ကို ထုတ်ပြောလာပါသည်။ ပြည်တွင်းမှ တိုက်ရိုက်လာတွေ့သော မန်နေဂျာများ၊ နက်ဝက်တခု လုံးကို တိုက်ရိုက်စီစဉ်အုပ်ချုပ်နေသူများနှင့် တွေ့ကြုံဆုံချိန်တွင် ယင်းအကြောင်းအရာများကို အတိအကျ မပြောကြားခဲ့ဘဲ၊ သိရှိ ဖြေရှင်းရန်လည်း မကြိုးစားခဲ့ဘဲ တရားမျှတမှုမရှိစွာဖြင့် ယခုကဲ့သို့ တဖက်သတ် လုပ် ဆောင်ချက်များမှာ လက်ခံနိုင်စရာမရှိပါ။
ယခင်က တရားဝင် ဒီဗွီဘီဝန်ထမ်းအများစုပင် သေချာမသိခဲ့ဘဲ လျှို့ဝှက်သိပ်သည်းစွာဖြင့် တည်ရှိလုပ်ကိုင်ခဲ့ သော ပြည်တွင်းနက်ဝက်မှာလည်း ဘုတ်အဖွဲ့တာဝန်ရှိသူများနှင့် ဦးဆောင်နေသူများ၏ အဆင်ခြင်အားနည်း စွာဖြင့် မီဒီယာများသို့ နည်းပေါင်းစုံဖြင့် ဖော်ပြပြောကြားခဲ့မှုကြောင့် လွန်စွာ အန္တရာယ်ရှိနိုင်သည့် အနေအထား တွင် ရောက်ရှိနေပါသည်။ ဒီဗွီဘီဖြင့် လက်တွဲလုပ်ကိုင်လိုခြင်းမရှိသည့် ပြည်တွင်းနက်ဝက်ရှိ ပါဝင်လုပ်ကိုင် နေသူအားလုံး၏ လုံခြုံရေးကို ထိခိုက်မှုမှာ ဒီဗွီဘီထိပ်တန်းတာဝန်ရှိသူများနှင့် ၎င်းတို့စကားကို ယုံကြည်ပြီး ပြောဆိုသည့် ဘုတ်အဖွဲ့ဝင်များ၏ တာဝန်သာဖြစ်ပါသည်။
ယခုအကြပ်အတည်းမှာလည်း ငွေကြေးအလွဲသုံးစားလုပ်မှု၊ ငွေစာရင်းကွာဟမှုဟု အမည်တပ်ထားသော်လည်း အမှန်မှာ ဒီဗွီဘီထိပ်တန်းတာဝန်ရှိသူနှစ်ဦး၏ ပြည်တွင်းနက်ဝက်အား ဒီဗွီဘီတိုက်ရိုက်ထိန်းချုပ်မှုအောက်သို့ အပြည့်အ၀ ရောက်လိုသည့်အတွက် လွဲမှားစွာကြိုးပမ်းရင်း ဖြစ်လာရသည့်ကိစ္စ ဖြစ်ပါသည်။ ကိုယ်တိုင်ပင် မူလ အဖွဲ့အစည်းနာမည် သုံးပြီး ထိုင်းနိုင်ငံတွင် တရားဝင် မှတ်ပုံတင် လှုပ်ရှားနိုင်မှုမရှိဘဲ သိုဝှက်စွာ လုပ်ကိုင် နေရသည့် ဒီဗွီဘီအနေဖြင့် သတင်းလွတ်လပ်ခွင့် မရှိသည့် မြန်မာပြည်တွင်းမှနေပြီး သက်စွန့်ဆံဖျား လုပ်နေရ သည့် လူများထံမှ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု စသည်တို့ကို တောင်းဆိုနေသည်မှာလည်း လွန်စွာလက်တွေ့ မကျသော ကိစ္စဖြစ်ပါသည်။ ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံအချို့ပင် မြန်မာပြည်တွင်း တရားဝင်လုပ်နေသည့် ၎င်းတို့ ထောက်ပံ့ထားသည့် NGO များ အကြောင်းကို သတင်းလွတ်လပ်ခွင့်ဥပဒေဖြင့် မေးမြန်းရာတွင်ပင် ထုတ်ဖော်ပြောကြားနိုင်ခြင်း မရှိသည်ကို ကြည့်ပါက မြေအောက်လှုပ်ရှားမှုအဖြစ် လုပ်နေရသည့် မိမိတို့ အခြေအနေမှာ မည်မျှ ခက်ခဲနိုင်မည်ဖြစ်ကြောင်းကို မြင်နိုင်ပါသည်။
အရေးအကြီးဆုံးအချက်မှာ ၂၀၀၆ ခုနှစ်မှစပြီး မြေအောက်သတင်းနက်ဝက်အဖြစ် ဒီဗွီဘီတခုတည်း အတွက် သာ စတင် လုပ်ကိုင်ခဲ့ချိန်မှ စပြီး မြန်မာပြည်အတွင်း အရေးကြီးသတင်းဖြစ်ရပ်များနှင့် စစ်အစိုးရ၏ လျှို့ဝှက် ချက်များကို ဖော်ထုတ်နိုင်ခဲ့သော မြေအောက်နက်ဝက်အား ဒီဗွီဘီထိပ်တန်းတာဝန်ရှိသူများနှင့် ဘုတ်အဖွဲ့ဝင် များမှ စာရင်းကွာသည်ဟု ဆိုသော အကြောင်းပြချက်ဖြင့် ပြည်တွင်းနက်ဝက်တခုလုံးကို တိုက်ရိုက်ပြုပြင် ပြောင်းလဲရန် (သို့မဟုတ်) ထွက်ခွာသွားစေရန် ယခု ဖြစ်သည့်ကိစ္စတွင် နိုင်ငံရေးအရ ထိုးနှက်မှုများ ပါဝင်နေ သည်ဟု အခိုင်အမာယုံကြည်ပါသည်။
မိမိတို့ အနေဖြင့် ဒီဗွီဘီဖြင့် လက်တွဲလုပ်ကိုင်ခွင့်မရတော့သော်လည်း နက်ဝက်စတင်စဉ်ကပင် ရှိခဲ့သည့် မူလယုံကြည်ချက်များဖြစ်သည့် အဖိနှိပ်ခံပြည်သူတို့၏ အသံများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် တရား မျှတမှုတို့အတွက် သတင်းမီဒီယာအခန်းအပြင် တတ်နိုင်သမျှ အခြားအဖွဲ့အစည်းများနှင့်လည်း လုပ်ဆောင်နိုင် သမျှ အားလုံးကို လုပ်ဆောင်သွား မည်ဖြစ်ပါသည်။
ပြည်တွင်းမှ လွတ်လပ်စွာဖြင့် ယုံကြည်ချက်အတိုင်း လုပ်ကိုင်လိုသည့် သတင်းထောက်များ၊ ကူညီအားပေးနေ သူများမှာလည်း နက်ဝက်ဖြင့် တစိတ်တ၀မ်းတည်း ရပ်တည်လျှက်ရှိနေကြပါသည်။
လေးစားစွာဖြင့်
BurmaVJ ပြည်တွင်းနက်ဝက်အဖွဲ့ဝင်များ
ဆက်သွယ်ရန်
ကိုအောင်ထွန်း ကိုအောင်ကြီး
Thai Mobile : +66 898 589 982 UK mobile : +44 776 041 1510
နက်ဝက်အဖွဲ့ဝင်များမှ လက်မှတ်ထိုး ထုတ်ပြန်ပါသည်။
No comments:
Post a Comment