၂၀၁၁ ခုနှစ်၊ဇူလိုင်လ ၁၂ ရက်၊ရန်ကုန်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ် ကိုထိန်လင်း (ခ) Kim Aris တို့သည် ဇူလိုင်လ ၁၂ ရက်နေ့နံနက် ၇ နာရီ အချိန် ရန်ကုန်တိုင်း ၊ဒဂုံမြို့နယ်ရှိ လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးအား သွားရောက်ရှိခိုး ပူဇော်ဖူးမြှော်ခဲ့ကြပါသည်။ ပထမဦးစွာ ဒေါ်အောင်ဆန်းစုကြည်မှ သူမ၏ မွေးနံထောင့်ဖြစ်သော အင်္ဂါထောင့်တွင် လည်းကောင်း၊ သူမ၏ သားငယ်ဖြစ်သူကို ထိန်လင်း (ခ) Kim Aris ၏မွေးနံထောင့်ဖြစ်သော စနေထောင့်တွင် ပန်း၊ ရေချမ်းတို့ဖြင့် စေတီေ တ်ာမြတ်ကြီးအား ကပ်လှုပူဇော်ခြဲ့ ကပါသည်။ မြန်မာ့ဒီမိုကရေစီခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ် ကိုထိန်လင်း (ခ) Kim Aris တို့သည် ရွှေတိဂုံစေတီတော်မြတ်ကြီးကို ဒုတိယအကြိမ်မြောက် လာရောက် ပူဇော်ခြင်းဖြစ်ပြီး၊ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ြ ပီးနောက် သားငယ် ကိုထိန်လင်းနဲ့အတူ ပထမဆုံး အကြိမ်ဖြစ် သွားရောက်ဖူးမြှော်ခဲ့ ဖူးသည်။ အဲ့ဒီနောက် ဒေါ်အောင်ဆန်းစုကြည်သည် ဖခင်ဖြစ်သူ ဗမာ့လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူကျ ဆုံးသွားခဲ့ကြသော အာဇာနည်ကြီးများ၏ ဂူဗိမာန်တည်ရှိရာ သားငယ်နှင့်အတူ အာဇာနည်ကုန်းသို့ သွားရောက်၍ ဂါ ရ၀ပြုကန်တော့ခဲ့ပါသည်။ ထို့နောက် ရွှေတိဂုံစေတီတော်တောင်ဘက်မုဒ်၊ ရွှေတိဂုံ ဘုရားပေါ်ရှိ မိခင်ကြီးေ ဒ်ါခင်ကြည်၏ ဂူသချုင်္ီင်းသို့ သွားရောက်ဂါရ၀ပြု ကန်တော့ခဲ့ပါ သည်။
နေ့နံနက်တွင် ရွှေတိဂုံစေတီေ တာ်၌ ထူးခြားစွာ လုံခြုံရေး အထူးတင်းတင်းကျပ်ကျပ် ချထားခဲ့ပြီး၊ သတင်း လာရောက်ယူကြေ သာ သတင်းမီဒီယာများကိုလဲ နာမည်များမေး မြန်းခြင်း၊ မှတ်ပုံတင်ကဒ်ပြားတောင်းကြည့် မှတ်သားပြီး၊ သယ်ဆောင်လာသည့်  ဓါတ်ပုံကင်မရာ၊ ဗီဒီယို ကင်မရာနှ င့် လက်ကိုင်တယ်လီဖုန်းများကိုလဲ လုံခြုံရေးများမှ မွှေနှောက်ရှာဖွေစစ် ဆေးခဲ့ပါသည်။ အာဇာနည်ကုန်းရှိ အာဇာနည်ခေါင်းေ ဆာင်ကြီးများ၏ ဂူဗိမာန်အတွင်းသို့ လဲ ဒေါ်အောင်ဆန်းစုကြည်၊ သားငယ် ကိုထိ န်လင်းနှင့် သူမ၏ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှ လုံခြုံရေးလူငယ် အနည်းကို သာ ၀င်ခွင့်ပြုခဲ့ပြီး၊ သတင်းမှတ် တမ်း လာရောက်ယူကြသောပြည်တွင်း၊ ပြည်ပသတင်းဌာနမှသတင်း သမားကိုမူ သတင်းဝင်ရောက်ယူခွင့် လုံးဝမပေးပဲ တင်ြး ကပ်စွာ တားမြစ်ထားကြောင်းသိရှိ ရပါသည်။ စစ်အစိုးရအုပ်ချုပ်မှု ကုန်ဆုံးပြီးနောက်၊ ယခုလက်ရှိ အရပ်သားအစိုး ရ အုပ်ချုပ်နေစဉ်တွင်လဲ လွတ်လပ် စစ်မှန်သော ဒီမိုကရေစီလူ့အခွင့်အရေးကို မရရှိသေးကြောင်း၊ နိုင်ငံတကာနှင့် အညီ စာပေ၊ အနုပညာ၊ သတင်းမီဒီယာ လွတ်လပ် ခွင့်လဲ မရရှိသေးကြောင်းကို ထင်ထင်ရှားရှား တွေ့မြင် နေရပါသည် ဟု သတင်းရရှိပါသည်။
No comments:
Post a Comment