အီးဂရက်- NLD ဘယ်လဲ ဘာလဲ

အီးဂရက်က နေ၀င်းမောင်ရဲ့ ဆရာ ဟောင်ကောင်တက္ကသိုလ်က ပါမောက္ခကျော်ရင်လှိုင် ဆိုသူဟာ ဒိချုပ်ရုံးမှာ လူငယ် တွေကို PS နဲ့ ပါတ်သက်ပြီး သင်တန်းပြုလုပ်ရန် စီစဉ်နေပါပြီ။ သူ သင်တန်း ပြုလုပ်နိုင်ရန် နေ၀င်းမောင် က ဒေါ်အောင်ဆန်းစုကြည်ကို အကြိမ်ကြိမ် မေတ္တာရပ်ခံထားပါတယ်လို့ သိရပါတယ်၊ အခု ဒေါ်အောင်ဆန်းစု ကြည်က ခွင့်ပြုလိုက်ပါတယ်။ ဇွန်လ ၂၀/၂၁ ရက်တွေမှာပြုလုပ်ဖို့ စီစဉ်နေပါတယ်လို့ သိရပါတယ်။

ပြဿနာက ကျော်ရင်လှိုင်ဟာ အစိုးရလူ နေ၀င်းမောင်ဆရာဖြစ်နေပြီး အီးဂရက်ဟာ ၂၀၀၈ နဲ့ ၂၀၁၀ တွေမှာ လော်ဘီ လုပ်ခဲ့တာတွေကြောင့် အတိုက်ခံအင်အားစုတွေနဲ့ တက်ကြွလှုပ်ရှားဆောင်ရွက်နေတဲ့ ကျောင်းသား လူငယ်တွေက သူတို့ကို လက်မခံပါ။ ဒေါ်အောင်ဆန်းစုကြည် ခွင့်ပြုချက်နဲ့ လုပ်တာဆိုပြီး သူတို့က အသံလွင့်နေပါတယ်။ အဲဒီအပေါ် လူငယ် အင်အားစုတွေက မကျေမနပ် ဖြစ်နေကြပြီး ဒီချုပ်လူကြီးတွေကတော့ ရေငုံနှုတ်ပိတ်ထားပါတယ်။ ပြဿနာဟာ ပိုမိုကြီးမားလာနိုင်ပြီး အကွဲအပြဲ တွေ ဖြစ်လာနိုင်ပါတယ်။ ဒါဟာ နေ၀င်းမောင် အီဂရက်နဲ့ အစိုးရရဲ့ မဟာဗျူဟာဆိုတာကတော့ မြေကြီးလက်ခတ်မလွဲပါ။ ဒီပြသနာကို အချိန်မီ တားနိုင်ရန်အတွက် အရေးတကြီးလိုအပ်နေပါတယ်။

အရင်းမြစ်ကို မသိသူ လူငယ်၊ လူးကြီးများ ပါဝင် ပါတ်သက်နေပါတယ်။ နေ၀င်းမောင်၊ ဖုန်းဝင်း၊ တင်မောင်သန်း၊ ညောင်ဟန်ရွှေတို့ဟာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက်ပိုင်း ဟန်ချက်ညီညီ လှုပ်ရှားလာ နေပါတယ်။ သူတို့ဟာ ဒီချုပ်ကို ထိုးဖေါက်ဝင်ရောက် ဖြိုခွဲမယ့်သူများ ဖြစ်ပြီး လကိရှိအစိုးရရဲ့ ကျောထောက် နောက်ခံပြုမှုကို အခိုင်အမာ ရရှိထားသူတွေဖြစ်ကြောင်း အသိပေးလိုက်ရပါတယ်။ အတိုက်ခံ အင်အားစုများအနေနဲ့ လက်ရှိလုပ်ရပ်နှင့် ပါတ်သက်ပြီး NLD အပေါ် နားမလည်နိုင်သလို ထောက်ခံယုံကြည်မှု အားနည်းလာနေကြပါတယ်။ မကြာမီကမှ ပြန်လွတ် လာသော ဗကသအဖွဲ. ချုပ်ဝင် ကျောင်းသားလူငယ်တစ်ဦး အနေဖြင့် ပြောကြားရာတွင် (ကျနော် ထောင်တည်းမှာ ဒီလောက် နှစ်အကြာကြီး နေလာတာ စိတ်ဓါတ်မကျဘူးဗျာ၊ အခုလိုမျိုးတွေ ကြားရ သိရတော့ စိတ်ဓါတ်ကျတယ်။ နောက် အမေလုပ်နေတာတွေကို ကျနော်တို့ နားမလည်နိုင်တော့ဘူး။

အီဂရစ်က လူတွေကိုမှ သင်တန်းပို့ချ ခိုင်းရလားဗျာ။ ဒီလောက်တောင်သင်တန်းဆရာ ရှားနေလား၊ ကျနော်တို့မှာက အစိုးရ ဒလန်တွေကိုတိုက်၊ အာဏာရှင်ကိုလဲတိုက်ရ ဒီခြားအဲဒီလူတွေကို အမေက သုံးတယ်ဆိုတော့ ခတ်တယ်၊ မဟာမိတ် လုပ်ချင်နေမှတော့ လက်ရှိစစ် အစိုးရနဲ့ဘဲ လုပ်လိုက်တာ ပိုကောင်းမယ်ထင်တယ်။ စိတ် တော်တော် ပျက်နေပြီဗျာ) ဟု ပြေားကြားပါတယ်။ အထက်ပါကိစ္စနှင့် ပါတ်သက်ပြီး ပြည်တွင်း အတိုက်ခံလူငယ်များအကြား သဘောထား တင်းမာမှုများ ပေါ်ပေါက် နေကြောင်း တင်ပြလိုက်ရပါတယ်။

သင့်ပါးစပ်ထဲသို့ ၀င်သောအဆိပ်သည် သင့်ကိုသာ သေစေနိုင်ပြီး နားထဲသို့ ၀င်သော အဆိပ်သည် လူပေါင်းများစွာကို သေစေနိုင်သည်။

ဖော်ဝပ်မေးတခုမှ ရရှိပါသည်။

No comments: