အင်္ဂလန်မှ Thessa ဆိုသည့် ဆယ်ကျော်သက် မိန်းကလေး တစ်ဦးသည် Facebook ဝက်ဘ်ဆိုက် စာမျက်နှာ ထက်မှ သန်းပေါင်းများ စွာသော လူများဆီသို့ မွေးနေ့ပါတီ အမှတ်တမဲ့ ဖိတ်မိခဲ့ရာမှ ၎င်း၏ မွေးနေ့ပွဲသို့ လူပေါင်း ၁၅ဝဝ ကျော် ရောက်လာခဲ့ရာ ရဲ ၁ဝဝ ခန့် ကပင် ဝင်ရှင်းပေးခဲ့ ရကြောင်း သိရသည်။ မွေးနေ့ပါတီသို့ ရောက်လာသူ အချို့မှာ အိမ်လုပ် ကိတ်မုန့်များနှင့် မွေးနေ့ လက်ဆောင်များပင် ယူ လာခဲ့ကြောင်း သိရသည်။ သူမ၏ Facebook မှ ဖိတ်ကြားချက်ကို အင်တာနက်မှ တုံ့ပြန်ခဲ့သူပေါင်း တစ်သောင်းခွဲ ကျော်သွားပြီးနောက် မိဘများကပင် အာဏာပိုင် များကို အသိပေး အကြောင်းကြားရသည် အထိ ဖြစ်သွားခဲ့သည်။ Thessa ၏ ၁၆ နှစ်ပြည့် မွေးနေ့ ပါတီကို ဖျက်လိုက်ကြောင်း လူသိရှင်ကြား ကြေညာခဲ့သော် လည်း ဆယ်ကျော်သက် ၁၅ဝဝ ခန့်နှင့် လူလတ်ပိုင်းများသည် သူမအိမ် အပြင်ဘက်လမ်း ပေါ်တွင် ပြည့်လျှံနေခဲ့သည်။ လူများသော ကြောင့် လူစုခွဲရင်း ဒဏ်ရာရသူများ၊ ကင်းလှည့်ကားကို ဖျက်ဆီးသဖြင့် အဖမ်းခံရသူများရှိပြီး ရဲတစ်ဦးပင် ဒဏ်ရာရခဲ့ ကြောင်း၊Thessa ၏ မိဘများမှာ ကိုယ်ပိုင် လုံခြုံရေးများပင် ငှားရမ်းထား ခဲ့ရကြောင်း သိရသည်။
ZMO, Ref:mirror.co.uk
ZMO, Ref:mirror.co.uk
ရုတ်ရုတ်သဲသဲ မဖြစ်စေရေးအတွက် တာဝန်ယူ ထိမ်းသိမ်းနေရသော ရဲတပ်ဖွဲ့ ဝင်များ |
THESSA အတွက်မွေးနေ့  အမှတ်တရ ပိုစတာများ ယူလာသူတွေလည်းမရှား |
THESSA ဆီသို့ ရဲများမှတစ်ဆင့် မွေးနေ့ လက်ဆောင်ပေးကြရသည်။ |
Popular News
No comments:
Post a Comment