ဒေါ်အောင်ဆန်းစုကြည်အား စောက်ရှောက်ကာကွယ်ကြပါရန် နှိုးဆော် တိုက်တွန်းပါသည်

ဗမာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နယ်များသို့ စတင်စည်းရုံးရေး ခရီးစဉ်ကို စတင်နေ ပြီ ဖြစ်ပါသည်။ ထိုကြောင့် နယ်များသို့ စည်းရုံးရေးဆင်းနေသည့် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအတွက် အထူးအလေးထားဆောင်ရွက်ကြရပေမည်။ ဒီပဲယင်း အရေးအခင်းကို သင်္ခန်းစား ယူကြဖို့လိုသည်။

ဗမာပြည်တွင်းသို့ လက်ကိုင်ဖုန်းသဏ္ဌာန် သေနတ်တမျိုး တိတ်တဆိတ် ဝင်ရောက်နေကြောင်း သိရပါသည်။ ထိုဟန်းဖုန်း သဏ္ဌာန် သေနတ်သည် အနီးကပ် လုပ်ကြံဖန်တီးနိုင်ရန် ရည်ရွယ်၍ ထုတ်လုပ်ထားခြင်းဖြစ်သည်။ ထိုကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ နယ်လှည့်ခရီးစဉ်သည် စိုးရိမ်ဖွယ် ရာ ကောင်းသည်။

သို့ဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ် တာဝန်ထမ်းဆောင်နေသူများ အနေဖြင့် သတိကြီးစွား ထားဖို့ရန် လိုအပ်ပါသည်။ ပြည်သူလူထုများ အနေဖြင့်လည်း မိမိတို့၏ ခေါင်းဆောင် (လူထုခေါင်းဆောင်) အား ကာ ကွယ်စောက်ရှောက်ကြဖို့ အထူး အသိပေး တိုက်တွန်းအပ်ပါသည်။
 အောက်တွင် ဆက်လက်ကြည့်ရှုပါ။




No comments: