စစ်အစိုးရမှ ကချင်တိုင်းရင်းသားတို့အား ထိုးစစ်ဆင်နေမှုကို ကန့်ကွက်ရှုတ်ချ

ကချင်ပြည်နယ်အတွင်း စစ်အာဏာရှင်တို့မှ ကချင်တိုင်းရင်းသားတို့အား တရစပ် ထိုးစစ်ဆင်နေခြင်းကို အိန္ဒိယရောက် ကချင် တိုင်းရင်းသားများနှင့် ရခိုင်၊ မြန်မာ၊ ကရင်၊ ကူကီး၊ ချင်းတိုင်းရင်းသားတို့ ပူးပေါင်းကာ သဘောဆန္ဒများကို တင်ပြခဲ့ကြပြီး စစ်အစိုးရ၏ တိုင်းရင်းသားတို့အပေါ် ထိုးစစ်ဆင်နေမှုကိုလည်း ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချလိုက်ပါသည်။ 

ထိုသို့ တိုင်းရင်းသားတို့အား စစ်ရေးအရ ပြုမူနေမှုများ၊ အိန္ဒိယနှင့် အမေရိကန်တို့၏ ဆက်ဆံရေးပေါ်လစီများနှင့် ပတ်သက်၍ နယူးဒေလီမြို့၊ ရွှေဝါရောင်ကျောင်းတိုက် ဆရာတော် ဦးပညာဇောတမှ အောက်ပါအတိုင်း မိန့်ကြားခဲ့သည်။

တိုင်းရင်းသားတွေ အပေါ် နအဖရဲ့ ထိုးစစ်ဆင်နေမှုဟာ စစ်မှန်တဲ့ ဖြေရှင်း နည်းမဟုတ်ဘူး။ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ စေ့စပ်ဆွေးနွေးရေးသာလျှင် စစ်မှန်တဲ့ ဖြေရှင်းနည်းဖြစ်တယ်။ တိုင်းရင်းသားတွေအပေါ် ထိုးစစ်စင်မှုတွေ အမြန်ဆုံးရပ်ပေးဖို့ ကမ္ဘာ တ၀ှန်းလုံးက တောင်းဆိုပေးကြဖို့။ ဒီနေ့ ပြည်တွင်းစစ်ပွဲတွေ ဖြစ်ပေါ်နေချိန်မှာ အိန္ဒယရဲ့ အရှေ့မျှော် ပေါ်လစီနဲ့၊ အမေရိကန်ရဲ့ သံတမန်ရေးအပါဝင် မီဒီယာတွေ၊ အင်ဂျီအိုတွေ စသည်ဖြင့် ပုံစံအမျိုးမျိုးသုံးပြီး ဆက်ဆံရေးပေါ်လစီ လမ်းကြောင်းကို သွားနေဟာ အမတန်မှ စိတ်ပျက်စရာ ကောင်းကြောင်း ပြောခဲ့ပါတယ်။





No comments: