မွတ်ဆလင် အကြမ်းဖက်အဖွဲ့အစည်းမှ ၈ နှစ်သမီးအရွယ်အား အသေခံ မိုင်းခွဲကိရိယာအဖြစ် အဓမ္မအသုံးချ

ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့များက မွတ်ဆလင် ကြမ်းဖက်အဖွဲ့အစည်းတခုမှ အဓမ္မ ပြန်ပေးဆွဲကာ အသေခံဗုံးခွဲ ကိရိယာအဖြစ် အဓမ္မအသုံးချခံခဲ့ရသည့် ၈ နှစ်သမီးအရွယ် သုံးတန်းကျောင်းသူကလေး တဦးအား သတင်းစာ ရှင်းလင်းပွဲတွင် ဖော်ထုတ်တင်ပြခဲ့သည်။ ၎င်း ၈ နှစ်အရွယ် သမီးငယ်လေး ကိုယ်တိုင်က ၎င်းအား တိုက်ခိုက်ရန် ညွှန်ကြားခဲ့သည့် ရဲစခန်း အရာရှိများထံ လာရောက် လက်နက်ချ ဖော်ထုတ် ဝန်ခံခဲ့ခြင်း ဖြစ်သည်။ ၎င်း အဖြစ်အပျက်မှာ ပါကစ္စတန်နိုင်ငံ၏ အမြဲတမ်းထကြွ သောင်းကျန်းနေသော ပွရှ်တွန်းခါဝါ (Pukhtoonkhwa) (ယခင် နောက်မြောက် နယ်ခြားဒေသ) အောက်ပိုင်းဒီးယား ဒေသတွင် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာကျော် ခိုင်ဘာ (Khyber) တောင်ကြားလမ်း တည်ရှိရာ ဒေသဖြစ်သည်။ ၈ နှစ်သမီးအရွယ်လေးက သတင်းစာသမား များအား ဖော်ထုတ်ဝန်ခံရာ၌ သူ့အမည်မှာ ဆူဟာနာ (Suhana) ဖြစ်ကြောင်း သုံးတန်းတွင် ပညာသင်ကြား နေသည့် ကျောင်းသူတဦးဖြစ်ကြောင်းနှင့် ၎င်းအား ပြီးခဲ့သည့် တနင်္ဂနွေနေ့က အမျိုးသမီးနှစ်ဦးနှင့် အမျိုးသား တဦးတို့က မေ့ဆေးဆွတ်ထားသည့် လက်ကိုင်ပုဝါနှင့် မျက်နှာကို စည်းနှောင်ကာ အဓမ္မဖမ်းဆီး ခေါ်ဆောင်သွားခဲ့ သည်ဟု ပြောပြခဲ့သည်။ သူပြန်လည် သတိရလာချိန်၌ ၎င်းအား ပြန်ပေးဆွဲခဲ့သူများက ခြိမ်းခြောက်ကာ ဗုံးများ တပ်ဆင်ထားသည့် ခါးပတ်အား အဓမ္မတပ်ဆင်ကာ သတ်မှတ်ထားသည့် ရဲစစ်ဆေးရေး ဂိတ်တခုအား တိုက်ခိုက်ရန် ညွှန်ကြားခဲ့သည်ဟု ဆိုသည်။

၎င်းအား အဆိုပါ ပစ်မှတ် ရဲစခန်းနှင့် မနီးမဝေးတွင် ချထားခဲ့ပြီး ၎င်းအကြမ်းဖက်သမားများက ဆူဟာနာအား ရဲစခန်းသို့ သွားရန်နှင့် ရောက်ရှိပါက ဗုံးခွဲတိုက်ခိုက်ရန် ညွှန်ကြားကာ တိမ်းရှောင်သွားခဲ့သည်။ ၎င်းကို အခွင့်ကောင်းယူကာ  ဆူဟာနာက ရဲများအား သတိပေး အကူအညီတောင်းကာ ဗုံးခါးပတ်ကို ဖြုတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို အသက်အရွယ်မျှ ငယ်ရွယ်သည့် ကလေးငယ်များအား အသေခံဗုံးခွဲ ကိရိယာများအဖြစ် မွတ်ဆလင် အကြမ်းဖက် အဖွဲ့အစည်းများက အဓမ္မအသုံးပြုသည်မှာ ယခုအကြိမ်မှာ ပထမဆုံး ဖော်ထုတ်သိရှိရခြင်းဖြစ်သည်။ ထိုသို့ ကလေးငယ်များအား အသေခံ ဗုံးခွဲ ကိရိယာအဖြစ် အသုံးချခဲ့သည်မှာ ၎င်းဒေသတွင် ရိုးစဉ်းနေသည့် အဖြစ်အပျက်များသာ ဖြစ်သည်။ ယခင်က မွတ်ဆလင် အကြမ်းဖက်အဖွဲ့အစည်းများက အသက် ဆယ့်လေးငါးနှစ်အရွယ်များကိုသာ အဓိကထား အသုံးပြုခဲ့ကြသည်။ ပြီးခဲ့သည့် လအနည်းငယ်အတွင်း ဆယ်ကျော်သက်ရွယ် လူငယ်အမြောက်အများ အဓမ္မအသေခံဗုံးခွဲကိရိယာအဖြစ် အဓမ္မအသုံးချ ခံခဲ့ကြရသည်။

၎င်းဆယ်ကျော်သက်ရွယ်များမှာ တခါတရံ၌ ၎င်းတို့ တိုက်ခိုက်ခဲ့သည့် ပစ်မှတ်သည် မည်သူမည်ဝါ ဖြစ်သည်ဟုပင် သိရှိခြင်း မရှိကြပေ။ ပြီးခဲ့သည့် ဧပြီလက ထိုသို့ အဓမ္မအသုံးချခံရသည့် ၁၄ နှစ်အရွယ် လူငယ်တဦးအား လုံခြုံရေး တပ်ဖွဲ့များက အချိန်မီ ဖမ်းဆီးဟန့်တားနိုင်ခဲ့သည်။ ၎င်း၏ ဖော်ထုတ် ဝန်ခံချက်အရ ၎င်းနှင့် သူငယ်ချင်း အချို့တို့အား အကြမ်းဖက် အဖွဲ့အစည်းများက အမေရိကန်တို့အား တိုက်ခိုက်ရမည်ဟု ဖျားယောင်းကာ အာဖဂန်နစ္စတန်သို့ ခေါ်ယူသွားခဲ့ကြောင်း ၎င်းတို့တွင် တပ်ပေးလိုက်သည့် ဗုံးအား ခလုတ်ဖြုတ်နည်း စသည်တို့ကို အနည်းငယ်သင်ကြား ပြသကာ ပါကစ္စတန်သို့ ပြန်ခေါ်လာပြီး ၎င်းတို့နှင့် ဘာသာရေး ပြိုင်ဘက်များအားလည်းကောင်း၊ ရဲ၊ စစ်တပ်စသည့် တပ်စခန်းများအားလည်းကောင်း လိမ်ညာတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဘာသာရေး အငြင်းပွားကာ အပြန်အလှန်တိုက်ခိုက်လျက်ရှိသည့် ပစ်မှတ်များအား တိုက်ခိုက်လေ့ရှိသည်။ လွန်ခဲ့သည့် ဧပြီလ ၃ ရက်နေ့ကလည်း ပန်ဂျပ်ပြည်နယ် ဆာခီဆာဝါ (Sakhi Sarwar) ဒေသရှိ ဆူဖီ (Sufi) ဘုရားကျောင်းအား ထိုသို့ အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ဝတ်ပြုဆုတောင်းသူ ၄၀ ကျော် သေဆုံးခဲ့ရသည်။

No comments: