မလေးရှားမှာရှိကြတဲ့ ဗုဒ္ဓဘာသာဝင်တိုင်း ချက်ချင်း ဖွင့်ဖတ်ပါရန်

မိုက်လုံးကြီး

ဝိနည်းတော် လေးမပြု
ဆေးကုလို့ ကျောင်းပျော်။
ဗေဒင်နှင့် လက္ခဏာအကျော်လို
ရွှေကိုယ်တော် လေထုတ်။
ဥုံဖွ- ဟဲ့ ဂါထာတွေကို
အခါခါလေ
မန်းလို့သာ မှုတ်။

ကျမ်းစာပေ ထေရ်အလုပ်ကိုဖြင့်
ေ၀၀ုစ်နှင့် ရှောင်ကာဖယ်။
မ အာရုံ သူလိုက်စားလို့
မိုက်မှားလှတယ်။

မြတ်ဗုဒ္ဓ အ၀ါထယ်(ထည်) ကို
အကာအကွယ် ရည်မှန်းလို့
ဆင်မြန်းတဲ့ သောနုတ္ထိုရ်လို
မိုက်ချက်က ပို။

ထန်းလည်ပြတ် သဏ္ဍာန် ပမာဆိုမယ်
သံသရာကိုကွယ် ကြောက်သင့်လှလေး။

ကေတီလင်းလက်
(ဓမ္မရံသီ- ဓမ္မမဂ္ဂဇင်း) 

မလေးရှားနိုင်ငံမှာ လာရောက် ရှာဖွေ လုပ်ကိုင်နေကြသော ဗုဒ္ဓဘာသာဝင်များ သာသနာ တော်၏ အစောင့်အရှောက်နှင့် မဝေးစေရန် ရည်ရွယ်ချက်များဖြင့် မြန်မာပြည်မှ ဆရာတော် သံဃာတော်များကို ပင့်ဆောင်၍ တရားသဘင် ပွဲများအား ကျင်းပခဲ့သူများ ရှိခဲ့သောကြောင့် မြန်မာအလုပ်သမား မိသားစုများအဖို့ အင်မတန်မှပင် ဝမ်းမြောက်ဝမ်းသာနှင့် သွားရောက် နာကြားခွင့်များ ရခဲ့ကြရပါသည်။ သို့ရာတွင် ယခု ၁၃၇၃ ခုနှစ် ကဆုန် လဆန်း ၁၃ ရက် (၁၅ ၊၅ ၊၂၀၁၁) တနင်္ဂနွေနေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ လာရောက်၍ ဟောကြားမည်ဟုဆိုသော ဘုန်းကြီးတပါးနှင့် ပတ်သက်၍ သိထားသင့် သည်များ ရှိနေ ပါသည်။ (မလေးရှားတင်မကပါ တခြားနိုင်ငံများသို့လည်း သွားရောက်ရန် စီစဉ်ထားပုံ ရပါသည်)

မည်သည့် ရည်ရွယ်ချက်မျိုးကို ကိုယ်စားပြု၍ ဗုဒ္ဓဘာသာ သာသနာ့ဘောင်အတွင်းသို့ ဝင်ရောက်လာသည်ကိုမူ မေးစရာတော့ရှိနေပါသည်၊ မလေးရှားမှာ ခန်းမငှါးပြီးဟောမှာက နိုင်ငံရေးလဲ မဟုတ်ဘူး၊ ဘာသာရေးလဲ မဟုတ်ဘူးတဲ့၊ စိတ်ဓါတ်မြင့်တင်ရေးကို ဟောပြောမှာ ပါတဲ့။ အဲတာဘာကိုဆိုလိုနေလဲဆိုတာ နည်းနည်းတော့ သိသင့်ကြပါပြီနော်။

 သင်္ကန်းကို ဝတ်ထားတဲ့ သံဃာတော်ဆိုရင် သံဃာတော်တို့ရဲ့ အလုပ်ဖြစ်တဲ့ ဗုဒ္ဓမြတ်စွာဘုရားဟောကြား ပြသပေးခဲ့တဲ့ တရားဓမ္မစကား တွေကိုသာ ဟောပြောပြသပြီး သတ္တဝါတွေအတွက် သံသရာမှာ ကောင်းကျိုးချမ်းသာရအောင်သာ ဆောင်ရွက်ကြမှာပါ။ တရားဓမ္မ ကိုမသိပဲ စိတ်ဓါတ်မြင့်တင်ရေးကို လုပ်ချင်ပြောချင်ရင်လဲ လူထွက်ပြီး စာရေးဆရာတွေ ဟောသလို လိုက်ဟောသင့်ပါတယ်။

 ခုလို လုပ်နေကြပုံကတော့ တမင်သက်သက် ဘာသာရေး အထိကရုဏ်းဖြစ်အောင် လာလုပ်နေသလိုဖြစ်နေပြီ ဒါတွေကို လူတွေက မသိတာတော့ မဟုတ်ပါဘူးသိကြပါတယ်။ တချို့ကြတော့လဲ တကယ်ကိုမသိကြသူတွေ ရှိနေကြတာကိုလဲ ကိုယ်တိုင် တွေ့မြင်မိလို့ ဒီအကြောင်းကို မဖြစ်မနေ အားလုံးကို သိအောင်ပြောပြမှ ဖြစ်တော့မယ်ဆိုပြီး ဒီစာရေးဖြစ်သွားတာပါပဲ။

 သူ့ကို စပွန်ဇာ ပေးပြီးပင့်ဆောင်လာသူတွေဟာ မလေးရှားမှာ စီးပွားလာရှာနေကြတဲ့ မြန်မာပြည်က မွတ်စလင် ဘာသာဝင်တွေပါပဲ။ ဗုဒ္ဓဘာသာဝင်တွေက ပင့်လာတာ မဟုတ်ပါဘူး။ ဆိုတော့က ဒီဘုန်းကြီးဟာ တရားပွဲ လုပ်မယ်ဆိုတဲ့ ရက်တွေထက် တလ ကျော်လောက်ကို စောပြီးတော့ ကွာလာလမ်ပူမှာ သူ့ဟောပြောပွဲကို လာကြဖို့ စည်းရုံးတဲ့ စာစောင်တွေကို ဖြန့်ချီနေကြတော့ မဖြစ်သင့်တာတွေ မဖြစ်ရအောင် တားတဲ့သဘောနဲ့ ဒီစာကိုရေးရတာပါပဲ၊ သူဟောမှာကို သွားနားမထောင်ကြဘူး ဆိုရင်တော့ အကောင်းဆုံးပါပဲ တချို့ကတော့ မကျေမနပ်တွေ ဖြစ်နေကြပြီး ရန်မူလိုတဲ့ ဆန္ဒတွေရှိနေကြတာကိုလဲ သိရတော့ ဒါဟာကောင်းတဲ့အလုပ်မဟုတ်ပါဘူးလို့တော့ ပြောပါရစေ။

ဘုန်းကြီးအယောင်ဆောင် အတုလို့သတ်မှတ်ကြတယ်၊ သိကြတယ်ဆိုရင် ဆရာတော်တွေနဲ့ တိုင်ပင်ပြီးတော့ လူဝတ်လဲခိုင်း၊ သင်္ကန်းကို ချွတ်ခိုင်းတာမျိုးပဲ တရားဝင်အားဖြင့် ဆောင်ရွက်ကြစေလိုပါတယ်။ ဟောပြောပွဲကို သဘောမတူကြောင်း ဆန္ဒပြကြမယ့် အဖွဲ့တွေ ရှိနေပါပြီ။ အားလုံးပဲ ဟောပြောပွဲကို မသွားသင့်ဘူးဆိုတာတော့ သိလောက်ပါပြီနော်။ ဒေါသတွေကိုရှေ့ထားပြီး လက်လွန်ခြေလွန် တွေလုပ်ပြီး မမှားသင့်တာတွေ မမှားရအောင် စဉ်းစားပြီး လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ သာသနာတော်ကြီးကို စောင့်ရှောက်ကြတဲ့ အခါမှာလဲ အကုသိုလ်စိတ်ဖြစ်တဲ့ ဒေါသစိတ်များကို အရင်ချိုးနှိမ်ပြီး ကောင်းစွာ စောင့်ရှောက်နိုင်ကြပါစေ။ ဒီဘုန်းကြီးအကြောင်းကို ရေးထားတဲ့ ပို့စ်ကို ဒီမှာပါတဲ့လင့်ကို ဖွင့်ပြီး ကြည့်လိုက်ကြပါဦး။ 

ထိုအတုအယောင် ဘုန်းကြီးနှင့် ပတ်သက်၍ သိလိုလျှင်
စာဖိုင် click
ဗွီဒီယိုဖိုင် click


Email မှ ရရှိသည်။


No comments: