အဟောသိကံ
ဧရာ
ခြတောမှာ
ပေါလောပေါ် နိယာမနဲ့ 
ဒေါ်လာတွေ စီးမျောနေပုံများ
ဆူနာမီ အပျက်အဆီးတွေလို စုပြုံနေတယ်။
ဒိုနာနဲ့ 
လိုတာရပေမယ့်
အလိုရမ္မက်ကြောင့် ဖောက်ပြန်
မရှက်မကြောက် အကောက်ကြံတယ်။
မျောက်တွေ ငှက်ပျော်ခြံစောင့်
ဝံပုလွေ ကြက်ခြံစောင့်တော့
ဖွတ်တကောင်လည်း အတောင်ပေါက်ပြီး ရန်ကုန်ရောက်တယ်။
အဆောင်အယောင်နဲ့
အယောင်ဆောင်တဲ့
ခပ်မွဲမွဲ ဖွတ်တကောင်
အရောင်တင်လည်း မတောက်ပြောင်ပါ
သဲထဲရေသွန်တာမှ အရာထင်မယ်။ ။
ဧရာ
၁၁၊၄၊၂၀၁၁။
No comments:
Post a Comment